Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်နဂါးနီအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် ဟောပြောပွဲကျင်းပ”

$
0
0
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၈.၆.၂၀၁၅)ရက်နေ့၊ မနက် (၉း၀၀)နာရီအချိန်၊ ဆ ရပ်ကွက်၊ ဂျပန်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန(နာယက)၊ အရှင်ဉာဏိသရ(ဟောပြောတာဝန်ခံ)၊ အရှင်နာဂိန္ဒာလင်္ကာရ (ဟောပြောတာဝန်ခံ)၊ ဒေါ်ကြည်ကြည်မာ(ဒုဥက္ကဋ္ဌ) ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေးမှူး) တို့တက်ရောက်ကြပြီး နာယက အရှင်ဇဝန က စည်းကမ်းပိုင်း ချို့ယွင်းအားနည်းသည်များကို ထောက်ပြဝေဘန်၍ စည်းကမ်းလိုက်နာကြရန် ဟောပြောဆုံးမကာ အရှင်ဉာဏိဿရ၊ အရှင်နာဂိန္ဒာလင်္ကာရနှင့် အတွင်းရေးမှူးဒေါ်ကြင်ကြင်မြိုင်တို့မှ ကြီးပွားရေးဆိုင်ရာ  စိတ်ဓာတ်မြှင့်တင်ရေး အသိပညာများကို အသီးသီး ဟောပြောခဲ့ကြပါသည်။
ဟောပြောပွဲပြီးနောက် အသင်းဝင်များအား စုဘူးငွေထုတ်ပေးခဲ့ရာ အသင်းဝင် (၄၀)ဦးတို့အား (၁၅၀၀၀၀ိ)ကျပ်စီ၊  (၁၂၉)ဦးတို့အား  (၁၀၀၀၀၀ိ)ကျပ်စီနှင့် (၁၀)ဦးတို့အား (၅၀၀၀၀ိ)ကျပ်စီ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဆ ရပ်ကွက်နဂါးနီစုဘူးသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် ပထမဦးဆုံးစုဘူးဖြစ်ပြီး ဆရာတော်မှ (၁.၉.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)အတွက် (၅)သောင်းကျပ်စီ (၂၅)သိန်းမတည်၍ တည်ထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့တွင် အသင်းဝင်ပေါင်း (၂၀၀)ဦးထိ တိုးပွားလာပြီဖြစ်ကြောင်း သိရသည်။
နဂါးနီစုဘူး၏ ငွေချေးစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို စုဘူးအသင်းဝင်များအတွက် ကျန်းမာရေးရန်ပုံငွေ၊ (၃)ကျပ်ကို စုဘူးငွေတိုးချဲ့ထုတ်ပေးရန်နှင့် အသင်းဝင်သစ်များ တိုးချဲ့လက်ခံရန် စီးပွားရေးရန်ပုံငွေအဖြစ် စုဆောင်းပေးသည်ဟု ဆိုပါသည်။
ဆရာတော်ဦးဝီရသူအနေဖြင့် ရပ်ကွက်တိုင်းရပ်ကွက်တိုင်းမှာ သိန်း(၁၀၀)အထိ မတည်လှူဒါန်းသွားရန် ရည်ရွယ်ထား ကြောင်းလည်း သိရပါသည်။

ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)







Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...