Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပည်ကြီးတံခွန်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းအခမ်းအနားကျင်းပ”

$
0
0

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းအခမ်းအနားကို (၈.၆.၂၀၁၅)ရက်နေ့၊  ညနေ (၄း၀၀)နာရီအချိန်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ အောင်သုခဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန(နာယက)၊ အရှင်ဉာဏိဿရ(ဟောပြောတာဝန်ခံ)၊ အရှင်နာဂိန္ဒာလင်္ကာရ(ဟောပြောတာဝန်ခံ) ဒေါ်ကြည်ကြည်မာ(ဒုဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေးမှူး)တို့ တက်ရောက်ကြပြီး ငွေစုပတ်ပြည့်ပြီးဖြစ်သည့် အသင်းဝင် (၄၇)ဦးတို့အား တစ်သိန်းကျပ်စီနှင့် (၂၇)ဦးတို့အား  (၅)သောင်းကျပ်စီ စုဘူးငွေထုတ်ပေးခဲ့ပါသည်။
ဇ-ဇ ၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် (၄)ခုမြောက်စုဘူးဖြစ်ပြီး ဆရာတော်မှ (၂၆.၇.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခု အသင်းဝင်ဦးရေ (၇၄)ဦးထိတိုးလာပြီဖြစ်ကြောင်း သိရသည်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)

“နဂါးနီစိတ်ဓာတ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...