မနေ့က (၁၄.၅.၂၀၁၅) ကျုံမငေးမြို့ကိုရောက်ခဲ့ပါတယ်။ တရားဟောပြီးအပြန် စာတစ်စောင်ပါလာပါတယ်။ ရေးသူကတစ်ယောက် ပေးသူက တစ်ပါးပါ။ ဦးပဏ္ဍိစ္စက ပေးလိုက်တာဖြစ်ပြီး ဆရာဝင်းက ရေးတာဖြစ်ပါတယ်။
လက်ရေးလှလှနဲ့ ကျကျနန သေသေသပ်သပ်ရေးထားတာ တွေ့ရပါတယ်။
ဆရာဝင်းပေးစာကို ဖတ်ကြည့်ပြီး အမှတ်တွေဘာလုပ်ပေးသင့်တယ်။ အမတ်တစ်ယောက်ရဲ့ တာဝန်နှင့် ဝတ္တရားက ဘာ ဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
အမတ်အပေါ် ပြည်သူတို့ လိုလားချက်၊ မျှော်လင့်ချက်တွေလည်း တွေ့ရမှာ ဖြစ်ပါတယ်။
..................................................................................................................
“အရှင်ဝီရသူသို့ အိတ်ဖွင့်လျှောက်လွှာ”
=====================
.၅.၂၀၁၅
ဆရာတော်ဘုရား... တပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။
2015 APR- 19 (3d) “UN ကိုယ်စားလှယ်များ အမတ်တွေကို ဖိအားလာပေး” ခေါင်းစဉ်ဖြင့် မတ်လတုန်းက UNFPA မှ ဂျက်နက် E လျက်ဆင်နှင့်အဖွဲ့ Sky Palace ဟိုတယ်မှာ မြန်မာအမျိုးသမီးအမတ်တွေနဲ့ တွေ့ဆုံပွဲ သတင်း ဖတ်ရှုရပါသည်ဘုရား။
ယင်းသတင်းနှင့်ပတ်သက်ပြီး အရှင်ဘုရားအား လုံးဝအပြစ်မမြင် လုံးဝအပြစ်မတင်ပါဘုရား။ အရှင်ဘုရားအား တပည့်တော်၏ ဆရာတစ်ဆူအဖြစ်လည်းကောင်း အရှင်မဟာကဿပမဟာထေရ်အလား သာသနာ့ဆူးညှောင့်ခလုတ်တို့ကို ရှင်းလင်း၍ သာသနာတော် အရှည်တည်တံ့ရေးအတွက် ဆောင်ရွက်နေသည့် သာသနာ့အာဇာနည် သူရဲကောင်း တစ်ပါးအဖြစ်လည်းကောင်း လွန်စွာယုံကြည်အားထား ကိုးကွယ်ပါသည်ဘုရား။
တပည့်တော်လျှောက်ထာလိုသည်မှာ သတင်းတွင် ဝါးခယ်မမှ ဒေါ်မြင့်မြင့်စန်းက အမျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးကို အကြောက်အကန် ကန့်ကွက်နေကြောင်း သိရ၍ ဝါးခယ်မမြို့သားတစ်ဦးအနေနဲ့ လွန်စွာမကြေမနပ် ဖြစ်ခဲ့ရပါသည်ဘုရား။
ဒေါ်မြင့်မြင့်စန်းသည် ဝါးခယ်မမြို့သူမဟုတ်ပါဘုရား။ ပါတီတစ်ခု (NLD)ကို ကိုယ်စားပြု၍ ဝါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူသာ ဖြစ်ပါသည်။
ဒေါ်မြင့်မြင့်စန်း၏ အမျိုးစောင့်ဥပဒေ အပေါ်ကန့်ကွက်ခြင်းသည် တပည့်တော်တို့ ဝါးခယ်မမြို့သား ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ဆန္ဒမဟုတ်ပါဘုရား။ ဝါးခယ်မမြို့နယ်အတွင်း အရှက်အကြောက်ကြီးသော တပည့်တော်တို့အပေါ် အခွင့်ကောင်းယူကာ အရွယ်မရောက်သေးသောမိန်းခလေးများကို လှည့်ဖျားခိုးယူပေါင်းသင်း၍ ဥပဒေကိုလက်တလုံးခြား ရှောင်တိမ်းနေကြသော ဘာသာခြား(မွတ်ဆလင်)များ၏ သဘောဆန္ဒသာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်ဘုရား။
ဒေါ်မြင့်မြင့်စန်းသည် ကျုံမငေးရောက်သည့်အခါ ထိုဘာသာဝင်(မွတ်ဆလင်)များ၏ နေအိမ်တွင် တည်းခိုနေထိုင်ပါသည်။ ကျေးရွာများသို့ဆင်းသည့်အခါ ဘုန်းတော်ကြီးကျောင်းများ၌နားနေကာ ဧည့်ခံကျွေးမွေးသည်များကို စာသောက်ပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်ဘုရား။
ထိုဒေသခံဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာဝင်များ၏ဆန္ဒလည်း မဟုတ်ပါဘုရား။ သူမ ညအိပ်တည်းခိုနေထိုင်သော ဘာသာခြား(မွတ်ဆလင်)များ၏ သဘောဆန္ဒသာ ဖြစ်ပါမည်ဘုရား။ (သို့မဟုတ်) သူမ၏ သဘောဆန္ဒသာ ဖြစ်ပါမည်ဘုရား။ (သို့မဟုတ်) သူမပါတီ(NLD)၏ သဘောထား လမ်းညွှန်ချက်ပင် ဖြစ်ပါမည်ဘုရား။
စင်စစ်မူ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးသည် ပြည်သူ့ဘဏ္ဍာ လစာငွေကျပ် ဆယ်သိန်းရယူခံစားနေပါသဖြင့် ပြည်သူ့ဆန္ဒမဟုတ်သော မိမိသဘောထား အယူအဆများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် လုံးဝ မထုတ်ဖော်သင့်ပါ။ (ကိုယ်ရေးကိုယ်တာကိစ္စမှအမ) မိမိပြောခဲ့ ပြုခဲ့သည်များကိုလည်း ရိုးသားပွင့်လင်းစွာ ပြည်သူကို ပြန်လည်တင်ပြရပါမည်။ ပြည်သူ၏ အမှားအမှန်ဆုံးဖြတ်ခြင်းကို ခံယူရဲရပါမည်ဘုရား။
တပည့်တော်တို့ ဝါးခယ်မသည် အစဉ်အလာကြီးမားပါသည်ဘုရား။ သူ့ကျွန်ဘဝမှ လွတ်လပ်ရေးအတွက် နယ်ချဲ့ကိုတော်လှန်ရန် ရဲဘောသုံးကျိပ် စုစည်းစဉ်က ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့မှ ဗိုလ်ဗလလည်း ပါဝင်ခဲ့ပါသည်ဘုရား။
ဖ.ဆ.ပ.လ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရစဉ်ကလည်း နိုင်ငံလွတ်လပ်ရေးအတွက် ဆက်လက်ဦးဆောင်ချီတက်ရန် ဝါးချယ်မမြို့သား ဦးနုကို ဖ.ဆ.ပ.လ ဥက္ကဋ္ဌ တင်မြှောက်၍ ‘နု အက်တလီ’စာချုပ်ဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့ပါသည်ဘုရား။
ထို့အတူပင် ဘာသာ သာသနာ၌လည်း ရဟန္တာအရှင်မြတ်များအဖြစ် တပည့်တော်တို့ယုံကြည်ကိုးကွယ်ခဲ့သော မဒေါ့ဆရာတော်၊ တရုတ်စုဆရာတော်၊ ကဝဲဆရာတော်နှင့် သက်ရှိထင်ရှား စက်ရုံဆရာတော် စသော အရိယာသူတော်ကောင်းများ ပေါ်ထွန်းရာ ဒေသလည်း ဖြစ်ပါသည်ဘုရား။
အရှင်ရားတို့ အမျိုးဘာသာ သာသနာ အတွက် အဖွဲ့အစည်းများပေါ်ပေါက်လာသောအခါ၌လည်း တပည့်တော်တို့ တက်ကြွစွာပါဝင်၍ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ခဲ့ကြပါသည်ဘုရား။ သာဓကအားဖြင့် ကျုံမငေးဒေသတွင် ကျွဲနွားဇီဝိတဒါနလုပ်ငန်းအဖြစ် သားသတ်သမားများလက်ဝယ်မှ သားသတ်ခွင့်လိုင်စင်ကို ရယူကာ နေ့စဉ်သတ္တဝါများအသက်ကိုကယ်တင်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်နေကြပါသည်ဘုရား။
သို့ဖြစ်ပါ၍ ဝါးခယ်မဒေါ်မြင့်မြင့်စန်း၏ အမျိုးစောင့်ဥပဒေအပေါ် အကြောက်အကန် ကန့်ကွက်မှုသည် သူမ၏ပုဂ္ဂလိကဆန္ဒ၊ သူမပါတီ၏လမ်းညွှန်ချက်၊ သူမတည်းခိုအိမ်ရှင်၏ ဆန္ဒသာဖြစ်ပြီး ဝါးခယ်မဒေသခံ တပည့်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ဆန္ဒမဟုတ်ပါကြောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်သူ့ဆန္ဒမဟုတ်သည်များကို နိုင်ငံတကာသို့ မထုတ်ဖော်သင့်ပါကြောင်း အလေးအနက် ကန့်ကွက်လျက် အရှင်ဘုရားအား ရိုသေစွာ တင်ပြလျှောက်ထားအပ်ပါသည်ဘုရား။
ဆရာဝင်း (ဝါးခယ်မ)
ဦးပဏ္ဍိစ္စ(ဝါးခယ်မ)
စက်ရုံဓမ္မရိပ်သာ၊ ကျုံမငေးမြို့။