Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မနောမြေသို့ အမောဖြေစို့ (၃)”

$
0
0

၂၇-၂-၂ဝ၁၅ ရက်နေ့ မနက်ဆွမ်းစားပြီးသည်နှင့် မိုင်းနောင်ရွာမှ ထွက်ခွာခဲ့ပါသည်။ စာရေးသူက မိုညှင်းခရီးစဉ်မျှသာ  ထင်မိခဲ့သော်လည်း ဖားကန့်ခရီးစဉ်ပါနေကြောင်းတွေ့ရပါသည်။ မည်သူကပင့်သည်။ မည်သူနှင့်ချိတ်ဆက်၍ ပင့်သည်ကိုမသိရပါ။ ထို့ကြောင့် နမ့်မွန်းရွာမှ ဦးသုန်အား ပြောမိပါသည်။ လူရင်းမရှိလျှင် မကြွချင်၊ အရှင်ဘုရားလိုက်ခဲ့ပါဟု လျှောက်သောအခါ ဦးသုန်ပါလိုက်ခဲ့ပါသည်။
    မိုင်းနောင်ရွာမှအလွန် လုံးတုံရွာရောက်သည့်အခါ ဖားကန့်မှလာပင့်သောကားက စက်ရပ်သွားပါသည်။ လုံးတုံရွာကျောင်းမှာ ခဏနားပါသည်။ ကားအားလုံးအဆင်ပြေသည့်အခါ ခရီးဆက်ကြပါသည်။ မြေသား လမ်းများဖြစ်ပါသည်။ ဖုန်နှင့်ကျင်းချိုင့်များ ပေါများပါသည်။ ကားအလွန်ခုန်ပါသည်။ လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံး ကြီးများ တစ်လိမ့်လိမ့်တက်နေခြင်းမဟုတ်တော့ဘဲ ကားလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးများတစ်လိမ့်လိမ့်တက်ကာ နေကြသည်ကို တအံ့တသြတွေ့မြင်နေရပါသည်။ စကားပြောစက်များပါ၍သာ ရှေ့ကားနှင့်နောက်ကား အဆက်အသွယ်ရခြင်း  ဖြစ်ပါသည်။ ဖုန်းလိုင်းလည်းမမိတော့ပါ။  ကားတစ်စင်းနှင့်တစ်စင်းလည်း မမြင်ရတော့ပါ။ အဏုမြူဗုံးပေါက်ကွဲကာစ ဟီရိုရှီးမားနှယ် တစ်လမ်းလုံးဖုန်လှိုင်းတွေသာ ဖုံးလွှမ်းနေပါတော့၏။ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်  များ၊ ကားများမြင်သာအောင် မီးထိုး၍မောင်းနေရပါသည်။ မီးလုံးလေးနှစ်လုံးသာ ပေါ်လွင်ပါသည်။  ကားတစ်စင်းလုံး မမြင်ရတော့ပါ။ ဟွန်းသံလည်း ပေးရပါသည်။ နေ့ခင်းကြောင်တောင် မီးထွန်းမောင်းရသောခရီးအဖြစ် မှတ်မှတ်ရရ ရှိနေပါတော့၏။
    ကျင်းတွေချိုင့်တွေလည်း ပေါပါသည်။ ကားခုန်လွန်း၍ လက်ကိုအအားမထားရဲပါ။  ကားအလယ်ခန်းမှာထိုင်ကာ ခြေနှစ်ဖက်ကို ဘေးကား၍ ရှေ့ထိုင်ခုံများကို အားပြုခြေကုပ် ယူထားကာ လက်နှစ်ဘက်က ဝဲယာလက် ကိုင်ကွင်းများကို ဆုပ်ကိုင်ထားရပါသည်။  ထို့ကြောင့် ခေါင်းနှင့်ခေါင်မိုးဆောင့်မှု မရှိတော့ပါ။ အနည်းငယ်ထိရုံပွတ်ရုံမျှသာရှိ၍  သက်သာရာရခဲ့ပါသည်။ ကားစီးနည်းမှန်သည်ဟုဆိုရပါမည်။ သို့သော် လက်တွေ ပူထူနေပါသည်။ သွေးခြေဥနေပါသည်။ ရင်ဘက်တွေအောင့်နေပါသည်။ လက်ပေါက်အောင် ကားစီးရသောခရီး၊ ရင်ဘက်အောင့်အောင် ကားစီးရသောခရီးအဖြစ် မှတ်တမ်းဝင်သွားပါသည်။
    မနက် ၁ဝးဝဝနာရီတွင် ညောင်ပင်က ရွာမှာ ခဏနားပါသည်။ သက်စမ်းရေဆိုင်မှာ  ဆွမ်းစားပါသည်။ လာကြိုသည့် အဖွဲ့ကိုစောင့်ရင်း ထမင်းဆိုင်မှာစာရေးပါသည်။ အတုမရှိဂျာနယ်ပင်တိုင်ဆောင်းပါး အပြီးသတ်ရေးသားခြင်းဖြစ်ပါသည်။ မိုင်းနောင်ရွာမှာရေးလက်စကို ညောင်ပင်ကရောက်မှ အပြီးသတ်နိုင်ခြင်းဖြစ်သည်။
    မကြာမီရဟန်းပျိုတစ်ပါး ဝင်လာပါသည်။   ဒကာ၊ ဒကာမများက ဆွမ်းကပ်နေကြပါသည်။ သူလည်းဆွမ်းစားပြီး စာရေး သူလည်းစာရေးပြီးသည့်အခါ စကားလက်ဆုံကျသွားပါသည်။Ph D ဘွဲ့ရ ရဟန်းပျိုတစ်ပါးဖြစ်ပါသည်။ စာရေးသူဟောမည့် ဆယ်ဇင်းရွာမှ တရားဟောပြန်လာခြင်း ဖြစ်ပါသည်။ ဘုရားထီးတင်ပွဲ အထိမ်းအမှတ်တရားပွဲဖြစ်ပါသည်။
    ထိုဦးဇင်းလေးက လွန်ခဲ့သည့်ဆယ်နှစ်ကျော်ကာလတုန်းက စာရေးသူ၏တရားများ နာကြားခဲ့ဖူးကြောင်း၊ မိခင်ရွာက သာသနာနှင့် လက်ဖဝါးပေါ်က ကံကြမ္မာတရားတွေ နာကြားခဲ့ရကျိုးနပ်ခဲ့ကြောင်း၊ နိုင်ငံခြားမှာ ဒေါက်တာဘွဲ့ရအောင်ယူနိုင် သည်အထိ ခွန်အားများဖြစ်စေခဲ့ကြောင်း လျှောက်ထားနေပါသည်။ ၂ဝဝ၂ ခုနှစ် ကြည့်မြင်တိုင် သာဓုပရိယတ္တိစာသင်တိုက်   အဘိဓမ္မာရွှေညဝါသင်တန်းလာ သင်တန်းသားသံဃာငယ်လေးများကို ဟောကြားခဲ့သောတရားတော်ဖြစ်ပါသည်။ ထိုတရားနှစ်ပုဒ်က သာသနာ့မျိုးဆက်သစ်လေးများအတွက် အကျိုးကျေးဇူးများစေပါသည်။ B.A, M.A မှစ၍ ခေတ်ပညာတတ်ရဟန်းတော်လေးများ သာသနာကို ချစ်မြတ်နိုးစိတ်၊ သာသနာတော်အကျိုးသယ်ပိုးလိုစိတ်များ တဖွားဖွားဖြစ်ပေါ်စေပါသည်။ စာရေးသူနှင့်တွေ့သည့်အခါဖြစ်စေ၊ ဖေ့ဘွတ်ခ်မှဖြစ်စေ ကွန့်မန့်များ၊ မက်ဆေ့ခ်ျများဖြင့် ကျေးဇူးတင်ကြောင်း လျှောက်ထားကြသည်ကိုတွေ့ရပါသည်။ ထိုရဟန်းပျိုဓမ္မကထိကလေးနှင့် ရဟန်းဒကာ၊ ဒကာမများကို နှုတ်ဆက်၍ ညောင်ပင်ကရွာ သက်စမ်းရေထမင်းဆိုင်မှ ထွက်ခွာခဲ့ပါသည်။
     တစ်နှစ်လုံး အညောင်းမိလာသော အကြောများကို တစ်ရက်တည်းနှင့်ကိုင်ပစ်သလို ကားစီးရသည်မှာအကြောအခြင်များ ပြေသွားပါသည်။ ဆန်ကောအတွင်း ဇီးဖြူသီးလှိမ့်သည့်နှယ် ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်၊ ရှေ့ငိုက်လိုက်၊ နောက်လန် လိုက်နှင့် ကာယလေ့ကျင့်ခန်းလုပ်မိပြီးသား ဖြစ်နေပါသည်။ ကားနောက်ခန်းတွင် လိုက်ပါလာသော တပည့်ကျောင်းသားများကား တစ်ချက်တစ်ချက် ကားအမိုးနှင့်ဆောင့်မိတိုင်း အားခနဲအသံထွက်၍ အော်ဟစ်မိကြသည်ကို တွေ့ရပါသည်။ မနောမြေခရီးစဉ် အမှတ်တရပင်ဖြစ်ပါသည်။
    သက်စမ်းရေမှထွက်ခွာလာပြီး မကြာမီ မွန်းလွဲပိုင်းတွင် ကြိုဆိုရေးအဖွဲ့များနှင့် တွေ့ဆုံကြပါသည်။ ဆယ်ဇင်းရွာ သာသနာ့ ပါလကျောင်းဆရာတော် ဦးသုနန္ဒနှင့်အဖွဲ့များဖြစ်ကြပါသည်။ လမ်းဘေးရွာလေးတစ်ရွာတွင် ခဏနားကြပါသည်။ အအေးဆိုင်ပိုင်ရှင်က ရွာသူကြီးဖြစ်ပါသည်။ ကျေးရွာအခြေအနေကို မေးမြန်းကြည့်သည့်အခါ ဆက်ကြေးတောင်းတာလည်းခံရ။ မိုက်ကြေးခွဲတာလည်းခံရ။ နှစ်ဘက်လုံးကို ကြောက်နေရသည်ဟုဆိုပါသည်။
   ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဆယ်ဇင်းရွာမရောက်ခင် လမ်းခုလတ်ရွာများမှ ရွာသူ၊ ရွာသားများထွက်ကြိုကြပါသည်။ သာသနာ့ အလံကိုင်ထားသူကကိုင်၊ ပန်းစည်းလေးများ၊ ပန်းအိုးလေးများကိုင်သူကကိုင်၊ လက်အုပ်ချီသူ လက်ဝှေ့ရမ်းသူများ စုံလင်လှပါသည်။ ရုတ်တရက်ကြည့်လျှင် ဆန့်ကျင်ကန့်ကွက်သည်ဟုပင်ထင်ရပါသည်။ စာတန်းဖတ်ကြည့်မှသာ ကြိုဆိုနေကြောင်းသိရပါသည်။ ဖုန်းလိုင်းလည်းမမိ၊ အင်တာနက်လိုင်းလည်းမရှိ၊ သတင်းစာလည်းမရောက်သော မနောသူ၊ မနောသားများက စာရေးသူအား အကြောင်းသိထားကြသည်မှာ အံ့သြစရာပင်ကောင်း လှပါသည်။   တောကြိုတောင်ကြားမှာနေကြသော်လည်း  စကားလုံးများက ပြောင်မြောက်လှပါသည်။
    ဆယ်ဇင်းရွာရောက်ပါပြီ။ လမ်းဘေး ဝဲယာကြိုဆိုကြသည့်ပရိသတ်များကို တွေ့ရပါသည်။ ဆယ်ဇင်းရွာသည် ရွှေမှော် တောရွာဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးပါသည်။     မြန်မာပြည်နေရာအနှံ့အပြားမှ စီးပွားလာရှာ သူများက အရေအတွက်ပိုများပါသည်။  အင်တာနက်လိုင်းလည်းမရှိ။ ဖုန်းလိုင်းလည်း မမိ။ ရွှေထွက်၍သာ စည်ကားနေခြင်းဖြစ်ပါ သည်။
    သာသနပါလကျောင်းမှာတည်းပါသည်။ ဆယ်ဇင်းရွာမှာတရားပွဲများ ပင်တိုင်ကျင်းပရာကျောင်းဖြစ်ပါသည်။ ဆယ်ဇင်းရွာ မ.ဘ.သ  ရုံးစိုက်ရာကျောင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် ဦးသုနန္ဒက စာရေးသူထက် အသက်ကြီးသော်လည်း သိက္ခာဝါငယ်ရွယ်သူဖြစ်ပါသည်။ ဆယ်ဇင်းရွာ မ.ဘ.သ အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သူဖြစ်ပြီး ရုံး လုပ်ထုံးလုပ်နည်းမှန်ကန်စွာ စနစ်တကျ စီမံထားသည်ကိုတွေ့ရပါသည်။
    ကြိုဆိုရေးအဖွဲ့နှင့် လာရောက်ဖူးမြော်သူများကို မိတ်ဆက်စကားပြောပြီး တရားပွဲကိုသာ ဦးစေားပေးဖို့ သက်သက်သာသာနားနေဖို့ တိုက်တွန်းကာ ပြန်လွှတ်လိုက်ပါသည်။ နေ့လည်နေ့ခင်းခဏနားပါသည်။
    အိပ်ယာနိုးသည့်အခါ ထေရဝါဒဓမ္မကွန်ရက်အဖွဲ့နှင့် တွေ့ဆုံပါသည်။ ထေရဝါဒကွန်ရက်အဖွဲ့က တရားပွဲများဦးစီးကျင်းပခြင်း၊ စာအုပ်စာစောင်များအခမဲ့ငှားရမ်းခြင်း၊ ယဉ်ကျေးလိမ္မာဓမ္မစကူးလ်များဖွင့်လှစ်သင်ကြားခြင်း၊ ဓမ္မစာပေဟောပြောပွဲများ ဆင်ယင်ကျင်းပခြင်းတို့ ဆောင်ရွက်သည့်ပရဟိတအဖွဲ့ ဖြစ်ပါသည်။ ထိုအဖွဲ့၏ဆောင်ရွက်ချက် များကို နားထောင်ပြီးသည့်အခါ စာရေးသူက သြဝါဒပေးပါသည်။ ယနေ့ စာနယ်ဇင်းများ၏   ရပ်တည်ချက်နှင့် အမျိုးသားရေးဂျာနယ် များအကြောင်း ရှင်းပြပြီး အတုမရှိဂျာနယ် မိတ်ဆက်ပေးပါသည်။
    ဆယ်ဇင်းရွာ၌ အောင်ဇေယျတုဂျာနယ် မရောက်သေးပါ။ အတုမရှိဂျာနယ်ထွက်မှန်းပင် မသိသေးပါ။ သာကီသွေးဂျာနယ်ကိုကား အပတ်စဉ်စောင်ရေ(၃၅ဝ) ဝယ်ယူဖြန့်ချိသည်ကိုတွေ့ရပါသည်။ သာကီသွေးဂျာနယ် ဖြန့်ချိပုံကလည်း စနစ်ကျပါသည်။ တစ်လ တစ်ထောင်ကျပ်နှုန်း လှူဒါန်းနိုင်သူများကို  စာရင်းကောက်လိုက်ပါသည်။ တစ်နှစ်စာ၊ တစ်သောင်းနှစ်ထောင်ကျပ် ကြိုတင်လှူဒါန်းကြပါသည်။ သာကီသွေးဂျာနယ်စောင်ရေ (၃၅ဝ) မှာယူပါသည်။ တစ်အိမ်တက်ဆင်း အခမဲ့ငှားရမ်းပါသည်။ စာဖတ်လိုသူများက စာရင်းပေးထားရပါသည်။ အသစ်ရောက်သည့်အခါ အဟောင်းများပြန်သိမ်းပါသည်။ စာကြည့်သင်းမှာ စုထားပါသည်။ ကြိုက်နှစ်သက်ရာဂျာနယ်များ ရွေးချယ်ဖတ်ရှုခွင့်ပြု ထားပါသည်။
    မ.ဘ.သ အဖွဲ့အစည်းတိုင်း ဆယ်ဇင်း မ.ဘ.သလို စာပေဖြင့် အမျိုးဘာသာ သာသနာပြုလုပ်ငန်း ဆောင်ရွက်နိုင်လျှင် လွန်စွာကောင်းပေမည်။ ကျေးရွာတိုင်းသို့ အမျိုးသားရေးဂျာနယ်များ ဆယ်စောင်စီ အရောက်ပို့နိုင်လျှင်ပင် လုံခြုံစိတ်ချရမည် ဖြစ်ပါသည်။
    ဆယ်ဇင်းရွာ မ.ဘ.သ သည် တောကြို တောင်ကြားမှာတည်ရှိသော်လည်း ဆောင် ရွက်ချက်များ ပီပြင်လှပါသည်။ မ.ဘ.သ  အဖွဲ့ဝင်များအားလုံး ငါးခူဆိုင်မှာ ဈေးမဝယ်ရပါ။ ဝန်ခံလက်မှတ်ထိုးထားကြပါသည်။ အိမ်များ၊ ဆိုင်များကိုလည်း ငါးခူတွေကို မရောင်းကြ၊ မငှားကြရပါ။ ရွာသူရွာသားများကိုလည်း တစ်အိမ်တက်ဆင်း စာများဖြန့်ဝေထားပါသည်။ အမဲသားရှောင်ကြဉ်ရေး တရားဟောကြားထားပါသည်။ ထမင်းဆိုင်များမှာ အမဲသားမရောင်းရန်နှင့် အမဲသားမေးလာသူရှိပါက စည်သွတ်ဘူးများကိုသာရောင်းချရန် ညွှန်ကြားထားပါသည်။ ထမင်းဆိုင်များ အမဲသားရောင်းသည် မရောင်းသည် သိသာနိုင်ရန် လူစိမ်းများလွှတ်၍ စားခိုင်းခြင်း၊ ဝယ်ခိုင်းခြင်းများပြုလုပ်ပါသည်။  ထို့ကြောင့် ထမင်းဆိုင်များမှာ အမဲသားဝယ်၍ မရကြတော့ပါ။
    ဆယ်ဇင်းရွာသူရွာသားများ အမဲသားစားသည်၊ မစားသည်ကို စုံစမ်းခြင်းကလည်း  ထူးဆန်းပါသည်။ မနက် ၆းဝဝနာရီခန့်တွင်  ဦးဇင်းတစ်ပါး အမဲရုံနားရောက်လာပါသည်။  ဗီဒီယိုကင်မရာကို ဒေါက်တိုင်ထောင်၍ အသေချိန်ထားပါသည်။ အမဲသားလာဝယ်သူများကို မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ တစ်နာရီခွဲခန့် ချိန်ထားသည့်အခါ ကင်မရာဆရာကိုသာ တိုးဝှေ့ကြည့်ရှုသူများ ဝိုင်းအုံလာပြီး အမဲသားဝယ်သူများ လုံးဝမရှိတော့ပါ။ အမဲသားလုံးဝ မဝယ်ရဲကြတော့ပါ။
နောက်တစ်နေ့မနက် ထပ်မံသွားသည့်အခါ အမဲရုံမှာ အမဲရောင်းသူများလုံးဝမရှိတောပါ။ အမဲဆိုင်ပိတ်သိမ်းသွားသည်ကို တွေ့ရပါသည်။ ကင်မရာဆရာ ရိုက်ကူးစရာမလိုဘဲ ပြန်လာခဲ့ရပါသည်။ ထိုအချိန်မှစ၍ အမဲဆိုင်များလုံးဝမရှိတော့သည်မှာ ယနေ့အထိပင် ဖြစ်ပါသည်။ ဆယ်ဇင်းအောင်ပွဲပင်ဖြစ်ပါသည်။
    အမဲသတ်ကုလားများကလည်း အလွယ်တကူနောက်ဆုတ်သွားသည်ကား မဟုတ်ပါ။  တစ်အိမ်တက်ဆင်း လိုက်လံရောင်းချပါသေးသည်။ ရွာထဲမှာရောင်းမရသည့်အခါ မှော်ထဲမှာရောင်းချပြန်ပါသည်။ မည်သူမျှ မဝယ်ကြတော့သည့်အခါမှသာ အောင်ဖျာလိပ်သွားခြင်းဖြစ်ပါသည်။ နွားသတ်ကုလား များလုံးဝမရှိတော့ပေ။
    ဆယ်ဇင်းရွာ၌ မွတ်ဆလင်စီးပွားရေးသမားများတွင် တင်းမာသူနှင့် ပျော့ပြောင်းသူဟူ၍ရှိပါသည်။ တင်းမာသူများက နေရပ်စွန့်ခွာကြရပါသည်။ အိမ်ငှားမည့်သူ မရှိတော့သောကြောင့် ဖြစ်ပါသည်။ ပျော့ပြောင်းသူများက ဇနီးနှင့်သားသမီးများကို   လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုကြပါသည်။ အချို့ဆိုလျှင် ဗုဒ္ဓဘာသာခံယူလာကြပါသည်။ အသေအချာလေ့လာခိုင်းပြီး လက်တွေ့ကျစွာ  ကျင့်သုံးခိုင်းပြီးမှသာ ဘာသာကူးပြောင်းခွင့်ပေးပါသည်။ ဘာသာကူးပြောင်းလိုသူက ဝက်သားစားပြရပါသည်။ ဘုရားဆိုသည်မှာ အယောင်ဆောင်ရှိခိုး၍ရကောင်းသောအရာ ဖြစ်သည်။ ဝက်သားဆိုသည်မှာ အယောင်ဆောင်စား၍ မရတော့ပေ။ ဝက်သားဟင်းဗိုက်ထဲဝင်သွားလျှင် ယုံကြည်စိတ်ချရသည်ဟုဆိုကာ ပရိသတ်များကို ဝက်သားဟင်းဖြင့် ဧည့်ခံခြင်း၊ မိမိကိုယ်တိုင်ဝက်သားဟင်းနှင့် ထမင်းစားခြင်းများ လက်တွေ့လုပ်ဆောင်ကြရပါသည်။
    ဆယ်ဇင်းရွာမှာ ဖုန်းလိုင်းမမိပါ။ ကျောင်းခေါင်မိုးပေါ်တိုင်ထောင်၍ ဝါယာကြိုးများချိတ်ဆက်ကာ အထိုင်ဖုန်းတည်ထားရ ပါသည်။ ထိုဖုန်းဖြင့်သာ ပြောဆိုရပါသည်။ မနောမြေခရီးစဉ်လေးရက်ရှိပါပြီ။ တစ်ပုဒ်မျှ သတင်းမတက်သေးပါ။ ဖုန်းဖြင့်စာဖတ်ပြပြီး ကျောင်းသို့သတင်းဟောင်းများ လှမ်းပို့ရပါသည်။ သတင်းဟောင်းများနှင့် အခြားဆောင်းပါးများသာ တင်နေရပါသည်။
    ဖုန်းလိုင်းမမိသော်လည်း သတင်းစာ၊ ဂျာနယ်များရောက်ပါသည်။ အလွန်နောက်ကျလျှင် နှစ်ရက်သာဖြစ်သည်ဟုဆိုပါ သည်။ ရွာသူရွာသားများ၊ ရွှေတူးလုပ်သားများ၊ မျက်စိပိတ်၊ နားပိတ်မဖြစ်သည်ကိုပင် ကျေးဇူးတင်နေရပါသည်။ ဆယ်ဇင်းရွာ၌  စာပေရေချမ်းစင်တစ်ခုရှိပါသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ အစုံထားပါသည်။ အခမဲ့ဖတ်ရှုကြပါသည်။ ဝန်ထမ်းများကပင် စာအုပ်စာစောင်များ လာလှူသည်ဟုဆိုပါသည်။ အောင်မြင်သည်ဟု ပြောရပါမည်။  ဆယ်ဇင်းရွာ NLD အဖွဲ့ဝင်တစ်ဦးတည်း  ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ ကျေးဇူးအထူးတင်စွာ သာဓုအကြိမ်ကြိမ်ခေါ်ဆိုမိပါသည်။   နိုင်ငံရေးထက် ပရဟိတက ပိုခက်ပါသည်။ နိုင်ငံရေးရော ပရဟိတကိုပါ ဆောင်ရွက်သော စာပေရေချမ်းစင် NLDကို ကျေးဇူး တင်မိခြင်းဖြစ်ပါသည်။
    ညနေဆည်းဆာတွင် ဝံသာနုအဖွဲ့များနှင့် တွေ့ဆုံပါသည်။ ကုလားအရေး လာရောက်ရင်ဖွင့်သူများလည်း ရောက်လာပါသည်။ နားထောင်ပေးရပါသည်။ ဆယ်ဇင်းရွာ မ.ဘ.သရှိလျှင် ဆယ်ဇင်းအမျိုးဘာသာ လုံခြုံပြီဖြစ်သဖြင့် သာရဏီယတရားခြောက်ပါး တရားဟောကြားခဲ့ပါသည်။ လွန်စွာစည်ကားပါသည်။
  
   ဘုရားတည်မည့် ဆိုင်နှင့်
   ဘုရားဖျက်မည့် ဆိုင်၊
   ကျောင်းဆောက်မည့် ဆိုင်နှင့်
   ကျောင်းဖျက်မည့် ဆိုင်
   သာသနာပြုမည့် ဆိုင်နှင့်
   သာသနာဖျက်မည့် ဆိုင်
   အမျိုးစောင့်မည့် ဆိုင်နှင့်
   အမျိုးဖျက်မည့် ဆိုင်
   ကြိုက်ရာကိုရွေးချယ်မှုသည်
   အမျိုးဘာသာသာသနာ၏ အနာဂတ်ပင် ဖြစ်လေသတည်း။


Viewing all articles
Browse latest Browse all 2129

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား