စံပြသာသနာပြုကျောင်း (မြေပုံ)ဆရာတော်ကြီး ဦးကောသလ္လ၊ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ၊ လာရှိုးဆရာတော် ဦးအင်္ကုရ၊ သာကေတဆရာတာ် ဦးပညာဓဇတို့နှင့်အတူ အနေကဇာတင်ပွဲ တက်ရောက်ပါတယ်။
အနေကဇာတင်ပွဲက ထူးခြားပါတယ်။ တစ်အိမ်တည်းမှာ ဘုရားနှစ်ဆူသီသင်းသုံးတဲ့ အိမ်ပါ။ ဂေါတမဗုဒ္ဓဘုရားစင်ရော သခင်ယေရှုဘုရားစင်ပါ တည်ထားကိုးကွယ်ကြတဲ့ အိမ်ပါ။
ဘာသာမတူပေမယ့် ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ကြတဲ့ မိသားစုလေးတစ်စုရဲ့ အနေကဇာတင်ပွဲ ဖြစ်ပါတယ်။
ပိုပြီးထူးခြားတာက မွတ်ဆလင်ဘဝမှ သာသနာ့ဘောင်ရောက်လာသူ လာရှိုးဆရာတော် ဦးအင်္ကုရလည်း ပါလာလို့ပါ။
ဂေါတမဗုဒ္ဓဘုရားစင်ရယ်၊ သခင်ယေရှုဘုရားစင်ရယ်၊ မူဆလင်ဟောင်း ဦးအင်္ကုရရယ် အနာဂတ်မြန်မာပြည်တော့ တကယ်ငြိမ်းချမ်းဦးမှာပါဗျာ။
မွတ်စလင်တွေအားလုံး ခရဇ်ယာန်ဘာသာဝင်တွေလို အပြန်အလှန် လေးစားတတ်တဲ့ အမူအကျင့်ကောင်းလေးတွေ ကိုယ်စီကျင့်သုံးလာတတ်ကြပြီဆိုရင်ပေါ့ဗျာ။