ခရဇ်နှစ် ၂၀၁၅ ခု၊ မေလ ၂၃ ရက်နေ့၌ကျင်းပမည့် သန်လျင်မြို့ မွတ်ဆလင်ညီလာခံနှင့်ပတ်သက်၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေငြာအပ်ပါသည်။
အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇတ်ကို ပြည်ထောင်စုတစ်ဝှမ်းလုံးက ယခုထက်တိုင် လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ထပ်တူလေးစား ကြည်ညိုနေကြဆဲ ဖြစ်သည်။
မည်သူမဆို မိမိကံကြမ္မာကို မိမိကသာ ပြည့်ဝစွာဖန်တီးနိုင်သည်အားလျှော်စွာ မွတ်ဆလင်တို့၏ကံကြမ္မာကို မွတ်ဆလင်တို့ကိုယ်တိုင် ဖန်တီးခြင်းကို တားမြစ်ကန့်ကွက်ဖွယ် မရှိပေ။
တိုင်းပြည်အတွက်အားထားလောက်သော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေရေးကို ရှေးရှုသော ညီလာခံခြင်းဖြစ်ကြောင်း သိရ၍လည်း ကျေးဇူးတင်မဆုံး ဂုဏ်ယူမိသည်။
၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅၊ ၂၆၊ ၂၇ ရက်တို့၌ ကျင်းပခဲ့သော ပြည်လုံးကျွတ်ညီလာခံကြီးကိုဦးဆောင်ခဲ့သော အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ကဲ့သို့ ပြည်သူလူထုယုံကြည်ကိုးစားလောက်သော ခေါင်းဆောင်မရှိဘဲ ညီလာခံကျင်းပလျှင်မူ အကျိုးထက် အပြစ်၊ အမြတ်ထက် အရှုံးက ပိုများမည်သာ ဖြစ်သည်။
ထို့ကြောင့် ပြည်လုံးကျွတ်ညီလာခံကျင်းပရေးကော်မတီအနေဖြင့်
(၁) ဆရာကြီးဦးရာဇတ်ကဲ့သို့သော မွတ်ဆလင်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းရေး
နိုင်ငံသား မွတ်ဆလင်တိုင်း ဆရာကြီးဦးရာဇတ်ခေတ်က မွတ်ဆလင်များကဲ့သို့ နိုင်ငံချစ်စိတ်၊ ပြည်သူအကျိုးလိုလားစိတ်၊ ကျောသား ရင်သားမခွဲခြားဘဲ အစွဲကင်းစွာ သဟဇာတဖြစ်ရေး၊ ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်နိုင်ရေးတို့ကို အလေးအနက်ထားသော လိမ္မာယဉ်ကျေးသည့် လူ့အဖွဲ့အစည်းကို ထူထောင်လိုသောစိတ်မျိုး မွေးမြူနိုင်ရေးတို့ကိုသာ မဖြစ်မနေ အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်သည်။
၂။ နိုင်ငံသားမွတ်ဆလင်အားလုံးသည် တိုင်းရင်းသားမဟုတ်သော အခြားနိုင်ငံသားများနည်းတူ တိုင်းရင်းသားများနှင့် အပြန်အလှန်လေးစားနိုင်လောက်သည့် ယုံကြည်မှုမျိုးကို တည်ဆောက်ဖို့အတွက် အိုင်စစ်၊ ဘိုကိုဟာရမ်၊ အယ်လ်ရှာဘတ် စသော နိုင်ငံတကာအကြမ်းဖက်သမား သောင်းကျန်းသူများ၏ လူသားမဆန်သောလုပ်ရပ်ကို အပြစ်တင် ရှုတ်ချခြင်းများကို စတင်ပြုလုပ်ဖို့ အလေးအနက်ထား၍ တိုက်တွန်းလိုက်သည်။
ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့
12.5.2015, PM-11:00