ဒိုင်းနက်လူမျိုး ဦးနှောင်းစန်းနေထိုင်ရာ လမားရွာဟာ လမားမြို့နှင့်နီးကပ်နေတာကြောင့် ရွာမဟုတ်ပါဘူး။ ရပ်ကွက်ပါလို့ ပြောနေပါတယ်။
လမားရပ်ကွက်မှာ အိမ်ခြေတစ်ရာကျော်ရှိရာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်ကြပါတယ်။ ဒိုင်းနက်အပါအဝင် ရခိုင်မျိုးနွယ်စုကအများစုဖြစ်ပေမယ့် လမားမြို့မှာရှိတဲ့ ဘင်္ဂလီလူဦးရေကိုတော့ ခန့်မှန်းလို့မရပါဘူး။ ပုရွက်ဆိတ်အုံလို ဖြစ်နေလို့ပါတဲ့။
ဦးနှောင်းစန်း ငယ်စဉ်တုန်းက ဖခင်အသတ်ခံလိုက်ရပါတယ်။ သတ်သူက ဘင်္ဂလီတွေပါ။ မိခင်က နောက်အိမ်ထောင်ပြုပါတယ်။ ဖထွေးလည်း အသတ်ခံလိုက်ရပါတယ်။ ဖထွေးမသေခင် မိခင်ကအရင်သေဆုံးခဲ့တာပါ။ ရောဂါကြောင့်သေတာဖြစ်ပါတယ်။ ဖထွေးကိုသတ်တာကတော့ ရွာထဲကကုလားသူဌေးဖြစ်ပါတယ်။ ကြေးစားတွေကို သတ်ခိုင်းတာဖြစ်ပါတယ်။ သတ်ရခြင်းရဲ့အကြောင်းကတော့ လယ်သိမ်းချင်လို့ပါပဲ။
ဦးနှောင်းစန်းက ဘုန်းကြီးကျောင်းမှာသွားနေရပြီး အစ်မနှစ်ယောက်က အဖေ့ညီမ (ဒေါ်လေး)အိမ်မှာ သွားနေခဲ့ရတာပါ။ ဦးနှောင်းစန်း ၁၀ နှစ်သားအရွယ်မှာ ဖခင်အသတ်ခံရတာဖြစ်ပြီး နောက် ၃ နှစ် အကျော် ၄ နှစ်အကြာမှာ ဖထွေးအသတ်ခံလိုက်ရတာကြောင့် ပိုင်ဆိုင်မှုတွေအားလုံး လက်လွတ်ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။
အဲဒီလို အကြမ်းဖက်ပြီး သိမ်းယူသွားကြတဲ့ လယ်ယာမြေတွေဟာ လမားရွာလယ်မြေတွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကျော်ရှိပါတယ်။ အရင်က လမားရွာလယ်မြေ ရှစ်ဆယ်ရာခိုင်နှုန်းကို ဗုဒ္ဓဘာသာဝင်များကပိုင်ဆိုင်ခဲ့ပေမယ့် အခုတော့ ဆယ်ရာခိုင်နှုန်းကျော်ပဲ ကျန်ပါတော့တယ်။
အဲဒီတောင်ယာတွေမှာ ဦးနှောင်းစန်းတို့က ငှက်ပျောတို့ သရက်တို့ စိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ မြေအသိမ်းခံလိုက်ရလို့ လယ်မဲ့ယာမဲ့ဘဝရောက်ကြရပေမယ့် ကျွန်းပင်စိုက်ခင်းတွေ အသိမ်းမခံရရင် ပြန်လာဖြစ်မှာမဟုတ်ပါဘူး။
ကျွန်းခင်းတွေကို သိမ်းတာလည်း အတော်လွယ်ကူပါတယ်။ လက်နက်အင်အား ရဲတပ်ဖွဲ့အင်အား ဘာဆို ဘာမှမပါဘဲ ကုလားကုမ္ပဏီက စာရွက်စာတမ်းတွေလာပြပြီး သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။ အချို့ဆို ကျွန်းရွှေဝါအပင်ပေါင်း ငါးရာကျော်မှ တစ်ထောင်ကျော်အထိတောင် အသိမ်းခံလိုက်ရတာပါ။ ဦးနှောင်းစန်းကတော့ အသိမ်းမခံခဲ့ရပါဘူး။ ကျွန်းသစ်မစိုက်ပျိုးလို့ပါ။ အသိမ်းခံရသူတွေရဲ့ ကျွန်းသစ်ပင်တွေက ဆယ်နှစ်သား ဆယ့်နှစ်နှစ်သားအရွယ်တောင်ရောက်နေကြပါပြီတဲ့။
ဦးနှောင်းစန်းတို့ လမားရွာမှာ မုဒိမ်း လူသတ်ကျူးလွန်သူတွေမရှိပေမယ့် လမားမြို့နယ်၊ တာရာဆွဲရွာမှာတော့ မိန်းကလေးတစ်ဦး အကျင့်ခံ အသတ်ခံလိုက်ရပါတယ်။ မိန်းကလေးက တစ်ဆယ့်နှစ်နှစ်အရွယ် ဒိုင်းနက်လူမျိုးဖြစ်ပြီး မုဒိမ်းလူသတ်သမားတွေကတော့ ဘင်္ဂလီစစ်သားမွတ်ကုလားတွေပဲ ဖြစ်ပါတယ်။ ဘင်္ဂလီစစ်သား သုံးလေးယောက်က အုပ်စုဖွဲ့ ပြုကျင့်ပြီးမှ လည်ပင်းညစ်သတ်သွားခြင်း ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ဖြစ်ပွားခဲ့တာပါ။ ရဲတိုင်လို့လည်းမရ၊ ရွာတိုင်လို့လည်းမရဘဲ မျက်စိသူငယ် နားသူငယ်နှင့် ခိုကိုးရာမဲ့ဘဝနှင့်ပဲ ရပ်တည်လာခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ပန်းဝါရာမူးခရိုင်မှာ ဂျီဟဒ်အလုပ်ခံရတုန်းက လမားရွာကိုလည်း အကြမ်းဖက်သမားတွေရောက်လာခဲ့ပါသေးတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ လက်ဦးသွားလို့ သက်သာရာရခဲ့တာပါတဲ့။ အဲဒီအချိန်မှာ ဦးနှောင်းစန်းက ဘုန်းကြီးကျောင်းမှာ ရှိနေခဲ့တာပါလို့ ပြောပါတယ်။
အဲဒီတုန်းက အချို့ရွာတွေမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ ကံကောင်းသွားကြတာဟာ ဟိန္ဒူတွေရဲ့ ကျေးဇူးကြောင့်လို့ ဦးနှောင်းစန်းက ဆိုပါတယ်။ ဟိန္ဒူအများစုရှိတဲ့ရွာတွေမှာ ဟိန္ဒူတွေက ခုခံကာကွယ်ဖို့ ဓားလှံလက်နက်တွေနှင့် အသင့်စောင့်နေကြလို့ ဂျီဟဒ်စက်ကွင်းမှ လွတ်ကင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဟိန္ဒူတွေလည်း အိန္ဒိယကိုပြန်ပြေးတာရှိပေမယ့် ရခိုင်တွေလို များများစားစားတော့ မဟုတ်ပါဘူး။ ဟိန္ဒူတွေကိုလည်း ဈေးနှိမ်တာပါပဲ။ ဟိန္ဒူသူဌေးတွေရှိတော့ ဈေးနှိမ်လို့မရ ဖြစ်သွားကြတာပါ။ ရခိုင်တွေက ရခိုင်သူဌေးတွေ ပွဲရုံပိုင်ရှင်တွေမရှိလို့ ခံလိုက်ကြရတာပဲ ဖြစ်ပါတယ်။
သမီးရည်းစားမဟုတ်ဘဲ ခိုးယူပေါင်းသင်းခံရ၊ မူဆလင်ဇာတ်သွင်းခံလိုက်ရတဲ့ ဗုဒ္ဓဘာသာဝင်မိန်းကလေးတွေ ဦးနှောင်းစန်းသိသလောက်နဲ့တင် ဦးရေသုံးထောင်လောက်ရှိတယ်လို့ ဆိုပါတယ်။
သြော်... လူ့အခွင့်အရေး
တရားဥပဒေစိုးမိုးရေး
တန်းတူညီမျှရေး ဆိုတာတွေက မူဆလင်တွေပဲ အောင်ခွင့်ရှိတဲ့ အရေးအရာတွေလားဗျာ။