Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လမ်းစကို မှန်းဆကြည့်နိုင်ပါစေ”

$
0
0
“အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍ တာလီဘန်များ သဘောထားပျော့ပျောင်းလာ”

 “အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍ တာလီဘန်များ သဘောထားပျော့ပျောင်းလာ”
ကဘူးလ်- မိန်းမမုန်းတီးသည့်အတွေးအခေါ်များရှိသဖြင့် ရှုတ်ချခံထားရသော အာဖဂန်နစ္စတန် တာလီဘန်အဖွဲ့က ကာတာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်များနှင့်အတူ အံ့သြစရာကောင်းလောက်အောင် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ပြီး အမျိုးသားများကြီးစိုးထားသည့် သက်မွေးဝမ်းကျောင်းအလုပ်များတွင် အမျိုးသမီးများ အလုပ်လုပ်ပိုင်ခွင့်နှင့် ပညာသင်ယူမှုတို့ကို ထောက်ခံအားပေးသွားမည်ဟု ကတိပြုလိုက်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။
အာဖဂန်နစ္စတန်တွင် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ တာလီဘန်အဖွဲ့အုပ်ချုပ်ခဲ့စဉ်ကာလအတွင်း အမျိုးသမီးများမှာ အခြေခံလူ့အခွင့်အရေးများ ငြင်းပယ်ခံရခြင်း၊ အမျိုးသားအစောင့်အရှောက်မပါဘဲ နေအိမ်အပြင်သို့ ထွက်ခွင့်မပြုခြင်းတို့အပါအဝင် ရက်ရက်စက်စက်ပြုမူခံခဲ့ရသည်။
သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များက ကာတာနိုင်ငံတွင် သူပုန်ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည့် အဖွဲ့ဝင် ၂၀ ဦးပါဝင်သော အာဖဂန်နစ္စတန်ကိုယ်စားလှယ်အဖွဲ့၌ အမျိုးသမီးသုံးဦး ပါဝင်ခဲ့ပြီး တာလီဘန်များက ၎င်းတို့၏သဘောထားအမြင်ကို မမျှော်လင့်ဘဲ လက်သင့်ခံခဲ့ကြသည်ဟု ပြောသည်။
တာလီဘန်ကိုယ်စားလှယ်များက အမျိုးသမီးများပညာသင်ယူမှုကို တက္ကသိုလ်အဆင့်ထိ ထောက်ခံအားပေးရန်နှင့် အင်ဂျင်နီယာအလုပ်ကဲ့သို့ အမျိုးသားများသာကြီးစိုးထားသည့် ပညာသည်အလုပ်များတွင် အလုပ်လုပ်ရန် အမျိုးသမီးများ အိမ်အပြင်ထွက်၍ အလုပ်လုပ်ခွင့်ပြုမည်ဟု ကတိပေးကြောင်း အာရှတိုက်ရှိ အမျိုးသမီးများအခွင့်အရေးကို သုတေသနပြုနေသည့် လူ့အခွင့်အရေး အကြီးတန်းသုတေသီ ဟီသာဘားက ပြောသည်။
အမျိုးသမီးများ ၎င်းတို့လင်ယောက်ျားကို ကိုယ်တိုင်ရွေးချယ်ခွင့်နှင့် အမျိုးသမီးရှေ့နေအလုပ်တို့အတွက်လည်း ထောက်ခံအားပေးသည်ဟု တာလီဘန်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
11.5.2015- 7Day Daily

Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း