Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စည်သူအောင်မြင့်သိစေရန် အော်ရီဒူးသရုပ်မှန် (အပိုင်း-၂)”

$
0
0
“ဒီကြေငြာချက်ကို ဖော်ပြထားတဲ့ မန္တလေးက နာမည်ကြီးအရှင်ဝီရသူ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့ အောက်ကစာကြောင်းကိုပါ ဖြည့်စွက်ဖော်ပြထားပါတယ်။ အမျိုးသား အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်း နှင့် အနာဂတ် အမျိုးဘာသာ သာသနာနှင့် နိုင်ငံတော်အတွက် အန္တရာယ်ကျရောက်နိုင်သောကြောင့် မ.ဘ.သ အားလုံးညီညွတ်စွာဖြင့် ဆန့်ကျင်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်ဆိုပြီး ဖြစ်ပါတယ် လို့” စည်သူအောင်မြင့် ရေးသားထားပြန်ပါတယ်။
စည်သူအောင်မြင့်ရေ သူခိုးကို ခိုးပါတယ်လို့ အပြောမခံချင်ရင် မခိုးနဲ့ သဘောပေါက်လား? စည်သူအောင်မြင့် သဘောမပေါက်ရင် ထပ်ရှင်းပြမယ်။ မင်းအဖေ အော်ရီဒူးက အမှန်တကယ် ရိုးသားတယ်ဆိုရင် နော်ဝေအခြေ စိုက် တယ်လီနော(Telenor) လို ဘာအချက်အလက်မှ မတောင်းဘဲ ရောင်းပါလားကွ။ အခုမင်းအဖေက ဟတ်ကာတွေရဲ့ အန္တရာယ်ကို မကာကွယ်နိုင်သေးဘူး။
အဲဒီအီးမေးလ်(E-mail) ကနေ တဆင့် သတင်းအမှားတွေ ဖြန့်ချီပြီး မင်းအဖေက နိုင်ငံတော်လုံခြုံရေး၊ အမျိုးသားလုံခြုံရေးကို မခြိမ်းခြောက်ဘူးလို့ ပြောနိုင်လား? နောက်ထပ် မင်းအဖေက လက်ကိုင်ဖုန်းအားလုံးနှင့် ကြိုးဖုန်းတွေ၊ လက်ကိုင်ဖုန်းအားလုံးထဲကမှ အဓိကအသုံးပြုတဲ့ IMEI-NO-ဖုန်းကိုလည်း ဖော်ပြခိုင်းတယ်ဆို တာက ဘာသဘောလဲ?
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာ့ဆက်သွယ်ရေးကတောင် အမည်နှင့် မှတ်ပုံတင်မမှတ်ဘဲ တောင်းတယ်။ မင်းအဖေက ကိုယ့်တိုင်းရင်းသားလဲမဟုတ် ကိုယ်နိုင်ငံသားလည်းမဟုတ် အထူးသဖြင့် “သတ်ဆိုသတ် တိုက်ဆိုတိုက် သေဆိုသေ” ဆိုတဲ့ အမိန့်တွေကလာပြီဆိုရင် ဘယ်လိုလုပ်မလဲ? အဲဒီအချိန်ကျ ရင် မင်းချစ်လှပါတယ်ဆိုတဲ့ မင်းအဖေက မင်းကို ချန်ထားမယ်လို့ ထင်လား? နိုင်ငံတော်လုံခြုံရေး အမျိုးသား လုံခြုံရေးအတွက် ကိုယ့်တိုင်းသားလည်းမဟုတ် ကိုယ့်နိုင်ငံသားလည်းမဟုတ်တဲ့ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်း ကိုမှ မင်းအဖေတောင်းတဲ့ အချက်အလက်မျိုး မပေးနိုင်ဘူးကွ။
အမျိုးဘာသာ သာသနာနှင့် နိုင်ငံတော်၊ နိုင်ငံသားအကျိုးစီးပွား၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် ကျရောက် နိုင်သည့် အန္တရာယ်ကို မကာကွယ် မစောင့်ရှောက်သည့်အပြင် သူခိုးကို ဓားရိုးကမ်းနေတဲ့ မင်းလုကောင်ကြောင့် မင်းအဖေလက်ထဲ ထိုးအပ်ရမယ်ဆိုရင် ရာဇဝင်ရိုင်းသွားမယ်ကွ။ မင်းက ဒီနိုင်ငံမှာနေ ဒီနိုင်ငံရေကိုသောက်ပြီး တစ်ခါလာ နိုင်ငံတကာစံတွေ ဘာတွေ ညာတွေ လျှောက်ရေးပြီး အမော်ကျော် ဒွေးတော်လွမ်းနေတဲ့ကောင် မဆိုင်သူကို အဖေခေါ်ချင်တဲ့ကောင်ကွ။ အခုလိုရေးနေတာ မည်သည့်ပါတီ အဖွဲ့အစည်းပုဂ္ဂိုလ်အတွက်မှ ရေးနေတာမဟုတ်ဘူး။ အမျိုးဘာသာ သာသနာတော်နှင့် နိုင်ငံတော်အတွက်(တနည်း) အမှန်တရားနှင့် ငြိမ်းချမ်းရေးအတွက်ရေးနေတာကွ။ ဗမာလူမျိုးနှင့် ဗုဒ္ဓဘာသာဆိုရင် ဘယ်လိုမှ ခွဲလို့မရဘူး။ ဗမာလူမျိုးရှိမှ ဗုဒ္ဓဘာသာဆိုတာရှိမယ် ဗုဒ္ဓဘာသာရှိမှ တစ်ကမ္ဘာလုံးက မည်သည့်ပညာရှင်မှ မှားပါတယ်လို့ မတောက်ပြနိုင် တဲ့ မှန်ကန်ပြီး ငြိမ်းချမ်းသောကျင့်စဉ်ထွန်းကားမယ်။ ဒါကြောင့် ငါကလောင်ကိုင်တယ်ဆိုတာ မင်းလိုကောင်နှင့် တကွ နိုင်ငံရေးစုန်းပြူးတွေ၊ အတ္တသမားတွေ၊ အမျိုးသားရေးသစ္စာဖောက်တွေ၊ အတုအယောင်တိုင်းချစ် ပြည်ချစ်တွေကို ဆုံးမဖို့ကွ။
မင်းရဲ့ ရေးသားမှုမှန်သမျှ သရုပ်ခွဲပြပြီး တိုင်းသိပြည်သိ ဆုံးမမယ့် “အညွန့်(လားရှိုး)” လာပြီဆိုတာ မှတ်ထားလိုက်။ ရှမ်း/မြောက်(မ.ဘ.သ) က OOREDOO ဖုန်းနံပါတ်ဖြင့် ဝင်လာသော မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းများ၏ ဖုန်းနံပါတ်မဆို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်) လာရှိုး၊ ရှမ်း/မြောက်အဖွဲ့နှင့် အဖွဲ့ဝင်အားလုံးက လုံးဝကိုင်မည်မဟုတ်ကြောင်း ကြေညာချက်သည် အမျိုးဘာသာ သာသနာနှင့် နိုင်ငံတော်အတွက် လုပ်သင့်လုပ်ထိုက် လုပ်ရမည့်ကိစ္စဖြစ်သည့်အတွက် တညီတညွတ်တည်း မိမိတို့၏ လုပ်ပိုင်ခွင့်ကို ဥပဒေဘောင်အတွင်းက ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်ခြင်းကို ထပ်မံ အပြည့်အဝထောက်ခံပါတယ်။

အညွန့်(လားရှိုး)။




Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...