Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မ.ဟ.နနှင့် မ.ဘ.သ အမျိုးဘာသာကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ”

$
0
0
မင်းဟိန်းကျော်
နေပြည်တော်-မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဦးစီးဆောင်ရွက်နေသော အင်းစိန်ရွာမဆရာတော်ကြီး ဦးဆောင်သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)အား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မ.ဟ.န) မှ အသိအမှတ်ပြုလက်ခံ၍ အမျိုးဘာသာ ကိစ္စရပ်များကို လက်တွဲဆောင်ရွက်ရန် သဘောတူညီ မှု ရခဲ့ကြောင်း သတင်းရရျိသည်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) အနေဖြင့် နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများထံမှ အသိအမှတ်ပြုသြဝါဒခံယူခြင်းအခမ်းအနားကို ယခုလ ၈ ရက်ည ၇ နာရီတွင် ကမ္ဘာအေးကုန်းမြေမဟာဝိဇယ ဓမ္မသဘင်တွင် ကျင်းပခဲ့ပြီး မ.ဟ.န အနေဖြင့် မ.ဘ.သ အား ပထမဆုံးအကြိမ်တွေ့ဆုံသြဝါဒပေးခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန် အတည်ပြုထားသော သံဃာစည်းမျဉ်းများအရ သံဃာ့အဖွဲ့အစည်းမှာတစ်ခုတည်းရှိရမည်ဆိုသည့် သဘောရှိသဖြင့် သံဃာ့နာယကအဖွဲ့အနေဖြင့် သံဃာ့အဖွဲ့အစည်းများအား ယခင်က လုံးဝအသိအမှတ် ပြုခဲ့ခြင်းမရှိသော်လည်း အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ကိုမူ သံဃာများဆောင်ရွက်သည့် သီးခြားလွတ်လပ်သော ဘာသာရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုကာ လက်တွဲဆောင်ရွက်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ကူညီဆောင် ရွက်ဖို့သာရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မဟာနာယက အဖွဲ့ကို အတိုက်အခံလုပ်ဖို့၊ ဖျက်ဆီးဖို့ မဟုတ်ပါဘူး။ သံဃမဟာနာယကအဖွဲ့အနေနဲ့ ဆောင်ရွက်လို့ မသင့်တဲ့ကိစ္စတွေမှာ ဝင်ရောက်ဆောင်ရွက်ပေး ဖို့သာဖြစ်ပါတယ်” ဟု မ.ဘ.သ (ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသက မဟန ဆရာတော်များသို့ လျှောက်ထားသည်။
မိမိတို့အနေဖြင့် အမျိုးဘာသာ သာသနာကာကွယ်ရေးအတွက် လိုအပ်ချက်ကြောင့် ယခုအသင်းကြီးကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး မည်သည့်ဘာသာ၊ ပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းကိုမျှ တိုက်ခိုက်လိုစိတ် မရှိကြောင်း၊ ဘာသာရေးလူမျိုးရေးပဋိပက္ခများ မဖြစ်ပေါ်စေရန်အတွက် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း အင်းစိန်ရွာမ ဆရာတော်ကြီးက မိန့်သည်။
“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲကအနေနဲ့ အခုလို သံဃမဟာနာယကအဖွဲ့နဲ့ လက်တွဲ ဆောင်ရွက်မယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ နှစ်ဖက်က အတိုက်အခံတွေမှမဟုတ်ဘဲ။ ဒါကြောင့် သံဃမဟာနာယကအနေနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ တွဲပြီးလုပ်ဖို့ အဆင် သင့်ပါပဲ” ဟု သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးက သြဝါဒပေးရာတွင် ထည့်သွင်းမိန့်ကြား သည်။
ဥက္ကဋ္ဌဆရာတော်ကြီးက မိမိအနေဖြင့် အချက်သုံးချက်ကိုသာ သြဝါဒပေးလိုကြောင်း၊ ညီညီညွတ်ညွတ်လုပ်ကြ ရန်၊ တိုင်တိုင်ပင်ပင်လုပ်ရန်၊ နိုင်ငံနှင့် ချီသောကိစ္စရပ်များကို လုပ်ဆောင်မည်ဆိုပါက မဟနနှင့် တိုင်ပင်ဆောင် ရွက်ကြရန် စသည့် အချက်သုံးချက်ကို မိန့်ကြားခဲ့ပြီး အင်းစိန်ဆရာတော်ကြီးက လိုက်နာဆောင်ရွက်မည်ဖြစ် ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။
သာသနာတော်ကြီး အရှည်တည်တံ့ပြန့်ပွားရေးကို ရည်သန်၍ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့ ညီညွတ်မှသာ အမျိုးဘာသာ၊ သာသနာ အကျိုးအတွက် ရေရှည်ရပ်တည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဗန်းမော်ဆရာတော်ကြီးက မိန့်ကြားသည်။

ပြင်ပတွင် ကောလဟလထွက်ပေါ်နေသော မဟနအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြမည့်ကိစ္စရပ်များပြုလုပ်မည် ဆိုခြင်း နှင့် မကြာမီ ကျင်းပမည့် ဂိုဏ်းပေါင်းစုံအစည်းအဝေးအား ဖျက်ဆီးမည်ဆိုသည့် ကိစ္စရပ်များကို လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း မ.ဘ.သ (ဗဟို) မှ ယခုလ ၈ ရက်တွင် သဘောထား ကြေညာချက်ထုတ်ပြန်သည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...