Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

ဧရာဝတီတိုင်းဒေသကြိး ကျွဲ/နွား ဇီဝိတဒါန အသက်ကယ် ကုသိုလ်တော်အဖွဲ့၏ “သဘောထား ထုတ်ပြန်ချက်” (၁/၂၀၁၅)

$
0
0
 ၁။ (၁.၅.၂၀၁၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကျွဲ/နွား ဇီဝိတဒါန အသက်ကယ် ကုသိုလ်တော်အဖွဲ့ ဆပ်ကော်မတီမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကိုထေရ ပါ (၇)ဦးတို့အား မတရားဖမ်းဆီးချုပ်နှောင်ခြင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမည်။

၂။ ထိုသို့ ဆွေးနွေးညှိနှိုင်းမှုတွင် အမှန်တရားအတိုင်းဆောင်ရွက်ခြင်းမရှိပါက ဧရာဝတီတိုင်းဒေသကြီး တစ်တိုင်းလုံးအနေဖြင့် ပုသိမ်မြို့၌ ဆန္ဒထုတ်ဖော်သွားမည်။

၃။ ဧရာဝတီတိုင်းဒေသကြီး တစ်တိုင်းလုံးအနေဖြင့် ဆန္ဒထုတ်ဖော်မှုဖြင့် သက်ဆိုင်ရာများက အမှန်တရားအတိုင်း ဆောင်ရွက်ခြင်းမရှိပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်သွားမည်။

၎။ ကိုထေရ ပါ (၇)ဦးတို့အား မတရားဖမ်းဆီးချုပ်နှောင်သော သက်ဆိုင်ရာ ရဲတပ်ဖွဲ့များကို ဧရာဝတီတိုင်းဒေသကြီး ကျွဲ/နွား ဇီဝိတဒါန အသက်ကယ်ကုသိုလ်တော်အဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။

၅။ ဧရာဝတီတိုင်းဒေသကြီး ကျွဲ/နွား ဇီဝိတဒါန အသက်ကယ် ကုသိုလ်တော်အဖွဲ့က (၂၉.၄.၂၀၁၅)ဗုဒ္ဓဟူးနေ့ နေ့လည်(၁)နာရီအချိန် ကျုံပျော်မြို့၊ ပြည်လုံးပေါ်ဘုရားကြီးကျောင်းတိုက်တွင် သံဃာတော်(၁၀၈)ပါး၊ လုပုဂ္ဂိုလ်(၁၀၉)ယောက် စုစုပေါင်း (၂၁၇)ယောက် တက်ရောက်သော အရေးပေါ် အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ အထက်ပါအတိုင်း ထုတ်ပြန်ကြေငြာလိုက်သည်။

ဘဒ္ဒန္တစန္ဒာသီရိ
ဧရာဝတီတိုင်းဒေသကြီး ကျွဲ/နွားများ အသက်ကယ်ဆယ်ရေး ဇီဝိတဒါနအဖွဲ့၊ ပုသိမ်မြို့

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...