၂၉.၄.၂၀၁၅ ရက်နေ့ မနက် ၉း၀၀ နာရီမှာ အခမ်းအနားစပါတယ်။ ကွင်းကောက်မြို့၊ ဓမ္မဒူတနိဗ္ဗိန္ဒကျောင်းတိုက်၊ ကွင်းကောက် မ.ဘ.သ နှစ်ပတ်လည်စုံညီပွဲတော် တက်ရောက်ပါတယ်။
ဟင်္သာတမြို့ မိုးကောင်းဆရာတော်ဘုရားကြီး၊ မစိုးရိမ်ဆရာတော် ဘဒ္ဒန္တပညာနန္ဒတို့နှင့်အတူ အမျိုးဘာသာအရေး သြဝါဒပေးရပါတယ်။
စာရေးသူက ဥပဒေရယ်၊ သမိုင်းရယ်၊ အွန်လိုင်းရယ် ဒီသုံးခုကို ပိုင်ပိုင်နိုင်နိုင်ကိုင်ထားကြဖို့ ဖြစ်ရပ်မှန်သာဓကပေါင်းများစွာနှင့် မိနစ်လေးဆယ်ကြာ သြဝါဒပေးပါတယ်။
ကွင်းကောက်မြို့နယ် မ.ဘ.သ အဖွဲ့ကို ၂၁ အုပ်စုရှိ ကျောင်းပေါင်း ၁၀၀ ကျော်နှင့် ဖွဲ့စည်းထားပြီး ဝံသာနုရိက္ခိတ လူငယ်မောင်မယ်အဖွဲ့ပါ ဖွဲ့စည်းထားပါတယ်။ ပါတီစုံမှ အမျိုးဘာသာ ချစ်မြတ်နိုးသူများ ပရဟိတအားသန်သူများ ပါဝင်ကြပါတယ်။
“ကွင်းကောက် မ.ဘ.သ ဆောင်ပုဒ်”
မ.ဘ.သ သည် ရယူပိုင်ဆိုင်ဖို့ မဟုတ်၊
ပေးဆပ်ဖို့သက်သက်သာ ဖြစ်သည်။
မ.ဘ.သ သည် ပါတီနိုင်ငံရေး မဖက်၊
ပရဟိတသက်သက်သာ ဖြစ်သည်။
မ.ဘ.သ သည် လဲနေသူကို ထူပေးမည်။
အားငယ်သူကို အားပေးမည်။
အရှင်ဝိသုဒ္ဓ (အုဋ်တွင်းကုန်း)
ညနေ ၄း၀၀ နာရီမှာ ထူးကြီးမြို့ကိုရောက်ပါတယ်။ မြို့တော်ခန်းမမှာ တရားဟောပါတယ်။ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတရားပါ။