Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စစ်မှန်သော ရွေးကောက်ပွဲကြီး ဖြစ်စေရေး အထူးကြိုးစားလုပ်ဆောင်ကြရန် အစိုးရအား ဦးဝီရသူတိုက်တွန်း”

$
0
0

စစ်မှန်သော ရွေကောက်ပွဲကြီး ဖြစ်ပေါ်လာစေရန် အထူးကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း အစိုးရအား ဆရာတော်ဦးဝီရသူက တိုက်တွန်းလိုက်သည်။
မန္တလေး၊ ဧပြီ ၂၅
ကျော်ဝေမင်း 

နိုင်ငံရေးအရှုပ်အထွေးများ၊ ကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းဖက်ခံရမှုများနှင့်အတူ နိုင်ငံရေးအခြေအနေများ မတည်မငြိမ်ဖြစ်နေသော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲကြီးအား ပြည်သူများမျှော်လင့်တောင့်တနေသော စစ်မှန်၍ တရားမျှတသော ရွေးကောက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာရန် ကြိုးစားသင့်ကြောင်း ဆရာတော်က တိုက်တွန်းထားသည်။
“၂၀၁၂ တုန်းကထက်စာရင်တော့ ပိုကောင်းမွန်လာမယ်၊ ပိုပြီး တရားမျှတလာမယ်လို့တော့ ထင်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းကထက် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ပိုများလာတယ်။ အရင်တုန်းက သိပ်မှမရှိတာ။ ဦးဇင်းတို့အနေနဲ့ကတော့ နိုင်ငံကို တကယ့်အကျိုးပြုမယ့်ပါတီ၊ အကျိုးပြုနိုင်မယ့်ပါတီနှင့် အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းနိုင်မယ့်ပါတီမျိုးကို ရွေးသင့်တယ်လို့တော့ အကြံပြုချင်ပါတယ်။”ဟု မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူက ဆက်ပြောပါသည်။
၂၀၁၅ ရွှေးကောက်ပွဲတွင် မဲလိမ်မှုများ၊ မဲမသမာမှုများ၊ တရားမဝင်မဲဆွယ်စည်းရုံးမှုများအပြင် ဘာသာရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်ပေါ်လာခြင်း မရှိစေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့များက ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်အတူ စောင့်ကြည့်လေ့လာသွားမည်ဖြစ်သည်။
“လာမယ့်ရွေးကောက်ပွဲကို ယုံကြည်မှုရှိခြင်း မရှိခြင်းဆိုတာထက် တစ်သက်မှာ တစ်ခါ မရဖူးသေးတဲ့ ဒီလိုအခွင့်အရေးမျိုးအတွက် အထူးကျိုးစားပြီး လေ့လာသွားမယ်။ ရွေးကောက်ပွဲကြီးက ဖြူချင်ဖြူမယ်၊ မည်းချင်မည်းမယ်၊ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်ဖို့ ဦးတည်ထားပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ရက်မှ ဦးဆောင်လှုပ်ရှားသူ ဦးညီညီကျော်က ပြောသည်။


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...