Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဧရာဝတီခရီးစဉ် (၂)”

$
0
0


 ၂၈.၄.၂၀၁၅ ရက်နေ့၊ ကြံခင်းမြို့ နဝင်းဂုဏ်ကျောင်းမှာ မနက်ဆွမ်းစာပြီး ကျောင်းဒကာ ဒကာမအသိုင်းအဝိုင်းနှင့် နှုတ်ဆက်စကားပြောကြားကြပါတယ်။
စာရေးသူရောက်သည့်သတင်းကြားရလို့ ချစ်ကြည်ရေးယူထားတဲ့ ကြံခင်းမွတ်ဆလင်များထဲက ဦးအိသူတို့ လာရောက်နှုတ်ဆက်ပါတယ်။ စောင့်လေမျိုးနွယ် ဇာတ်လမ်းနှင့် စာအုပ်စာစောင်များ လက်ဆောင်ပေးလိုက်ပါတယ်။
အတုမရှိဂျာနယ်အတွက် စာတစ်ပုဒ်ရေးပြီး မနေ့ညက တရားဟောရာ ရေနံတောင်ရွာကို ရောက်ပါတယ်။ နေ့ဆွမ်းစားပြီးခဏနားချိန် စောင့်လေမျိုးနွယ်ဇာတ်လမ်းခွေနှင့် ဧည့်ခံထားပါတယ်။ ရွာသူ ရွာသားများ သင်တန်းသူ သင်တန်းသားလေးများ စောင့်လေမျိုးနွယ်ကြည့်လို့မဝကြပါ။
မွန်းလွဲ ၁း၀၀ နာရီမှာ သြဝါဒပေးပါတယ်။
ဘုရားကျောင်းကန်နှင့်ဝေးရင် အကျဉ်းထောင်နှင့်နီးတတ်တယ်။
ဘုရားကျောင်းကန်နှင့် ဝေးကွာရင် အပါယ်ငရဲနှင့် နီးတတ်တယ်။
အစချီပြီး ဘုရားရှိခိုးရခြင်း၊ တရားကျင့်ရခြင်း၊ သံဃာပူဇော်ရခြင်း အကျိုးကျေးဇူးများ ဟောကြားခဲ့ပါတယ်။
ညနေ ၄း၀၀ နာရီမှာ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ကို ရောက်ရှိပါတယ်။ ဓမ္မဒူတနိဗ္ဗိန္ဒတောရကျောင်းမှာ တည်းပါတယ်။ ကွင်းကောက် မ.ဘ.သနှစ်ပတ်လည်အကြိုတရားပွဲပါ။ မ.ဘ.သ ပေါ်ပေါက်လာရခြင်းအကြောင်းနှင့် မ.ဘ.သ ပေါ်ပေါက်လာရခြင်းအကျိုးတရားများ ဟောကြားခဲ့ပါတယ်။


Viewing all articles
Browse latest Browse all 2129

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး