၂၇.၄.၂၀၁၅ ရက်နေ့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ရွာသို့ ရောက်ပါတယ်။
ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ထူးကြီး မ.ဘ.သ ဆရာတော်လေးများ လာရောက်ကြိုဆိုကြပါတယ်။
ရေနံတောင်ဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး စာအုပ်စာစောင်များလှူဒါန်းကာ အမျိုးဘာသာ သာသနာရေးရာများ လျှောက်ထားပါတယ်။
ဆရာတော်ကြီးက အမျိုးသားရေးတရားပဲဟောဖို့ ကြိုတင်မိန့်တာကြောင့် မျက်မှောက်အခြေအနေကို လျှောက်ထားမိသွားတာ ဖြစ်ပါတယ်။ ဆရာတော်ကြီးနှင့် ဆွေးနွေးနေစဉ် စောင့်လေမျိုးနွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနှင့် ဧည့်ခံဖျော်ဖြေထားပါတယ်။ ပရိသတ်အကြိုက်တွေ့တာကြောင့် ၈း၃၀ နာရီမှ ပလ္လင်တက်ရပါတယ်။
ထူးခြားမှုတစ်ခုက ခါတိုင်းပွဲတွေလို အမျိုသမီးပရိသတ်များနှင့် လူငယ်အချို့လောက်သာ နာကြတာမဟုတ်ဘဲ အမျိုးသား လူငယ် လူကြီး စုံစုံလင်လင် များများစားစား နာကြတာပါပဲ။။
ယဉ်ကျေးလိမ္မာအထူးတရားပွဲပါ။ ယဉ်ကျေးလိမ္မာ ရင်သွေးငယ်လေးများ မေတ္တာပို့ဆုတောင်းရင်း ကြိုဆိုကြတာ ကြည်နူးစရာကောင်းလှပါတယ်။
တရားပွဲအပြီးမှာတော့ ကြံခင်းမြို့ နဝင်းဂုဏ်ကျောင်းမှာ တည်းခိုကြပါတယ်။
နဝင်းဂုဏ်ကျောင်းဆိုတာ စာရေးသူရဲ့ အဖိုးကျောင်းပါ။ သူငယ်ချင်းတစ်ပါးကို အပြီးအပိုင် အပ်နှံထားပါတယ်။
စာရေးသူက အမျိုးသားရေး စဟောတာလည်း နဝင်းဂုဏ်ကျောင်းပါပဲ။
စာရေးသူ ငြိမ်းချမ်းရေး စလုပ်တာလည်း နဝင်းဂုဏ်ကျောင်းပါပဲ။