၂ဝ၁၄ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ မနက်ဆွမ်းကိုဘန်ကောက်လေဆိပ်ဟိုတယ်မှာ သုံးဆောင်ပါသည်။ ထိုင်ဝမ်ဗုဒ္ဓဘာသာဝင်မိသားစုတစ်စုကလည်း မလှမ်းမကမ်းတွင် မနက်စာစားနေကြပါသည်။ စာရေးသူ ဆွမ်းစားပြီးသည့်အခါ အမျိုးသမီးကြီးတစ်ယောက်နှင့် အမျိုးသမီးလေးတစ်ယောက်က အမေရိကန်ဒေါ်လာတစ်ရာ လာလှူပါသည်။ ဂျပ်ဘူးလေးတစ်ဘူးလည်း လက်ဆောင်ပေး(ဆက်ကပ်)သွားပါသည်။ စာရေးသူကိုသိရှိ၍ လှူဒါန်းခြင်းမဟုတ်ပါ။ ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးကို ကြုံတုန်းကြုံခိုက်လှူဒါန်းကြခြင်း ဖြစ်ပါသည်။ ဂျပ်ဘူးပါပစ္စည်းမှာ မျက်စိအေးအောင်ပတ်အိပ်ရသည့် ပစ္စည်းတစ်ခုဖြစ်ပါသည်။ ဆေးလည်းမလို။ အေးလည်းအေး၊ အကြော အခြင်လည်းပြေ၊ မျက်စိအတွက် အထူးစီမံတီထွင်ထားသည့် ကိရိယာဖြစ်ကြောင်း ပြောပြပါသည်။ (ကျောင်းပြန်ရောက်၍ အသုံးပြုသည့်အခါ အလွန်ထိရောက်ကြောင်း တွေ့ရပါသည်။ ကျေးဇူးတင်ဖွယ်ပင်။) သံထည်သတ္ထုလုံးဝမပါ။ မှန်များဖလ်များလုံးဝမပါ။ ချည်စသက်သက်ဖြင့် တီထွင်ထားသော အိပ်ရာဝင်သုံး မျက်လုံးစွပ်အထည်တစ်မျိုးပင် ဖြစ်ပါသည်။
ဦးပညာမရှိတော့၍ တစ်ခန်းထဲမှာပင် ဆရာ ဒကာသုံးဦးသား တည်းခိုကြပါသည်။ ဦးမောင်မောင်နှင့် ကျောင်းသားတို့က လေဆိပ်ထဲလှည့်လည်ကြည့်ရှုကြ၊ လက်ဆောင်ပစ္စည်းဝယ်ကြ ပြုလုပ်နေကြပါသည်။ စာရေးသူက စာရေးလျက် ကျန်ရစ်ခဲ့ပါသည်။ နေ့ဆွမ်းစားပြီးထွက်ခွာလာကြပါသည်။ တည်းခိုခ ဒေါ်လာ ၂ဝဝ ပေးရပါသည်။ မနက် ၁၁း၃ဝ ဂိတ်အရောက်ချိန်းဆိုထားရာ ဆွမ်းစားပြီးမှ သွားရသဖြင့် နောက်ကျနေပါသည်။ နောက်ကျသည့်နေ့မှပင် ဂိတ်ကအလွန်တရာဝေးကွာသည့်နေရာ ရောက်နေပါသည်။ အပြေးအလွှားသွားရပါသည်။ ကျောင်းသားများက နောက်ကျနေပါသည်။ တွေ့သမျှဝန်ထမ်းများကို အကူအညီတောင်း၍ အကြောင်းကြားခိုင်းရပါသည်။ လေယာဉ်က မွန်းလွဲ ၁းဝဝနာရီမှာ ထွက်မည်ဖြစ်၍ စိတ်အေးသွားရပါသည်။ ဂိတ်ရောက်သည့်အခါမှ စိတ်အေးရပါသည်။ ဝန်ထမ်းများကလည်း အေးဆေးတည်ငြိမ်စွာပင် စစ်ဆေး ရေးမှတ်နေပါသည်။
ဘန်ကောက်မှ ရန်ကုန်ခရီးတအောင့်သာ စီးလိုက်ရပါသည်။ ရန်ကုန်မှ ဘန်ကောက်အရောက်တွင် ဘန်ကောက်လေဆိပ်ကိုကြည့်၍ အတွေးဝင်ခဲ့ပါသည်။ စာရေးသူတို့မြနမာနိုင်ငံ၌ တံတားဦးလေဆိပ်ကြီးကို အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးအဖြစ် ဂုဏ်ယူနေကြပါသည်။ ဘန်ကောက်လေဆိပ်နှင့်နှိုင်းယှဉ်လျင် တံတားဦးလေဆိပ်သည် တောရွာအဆင့်မျှသာဖြစ်သွားပါသည်။ ရန်ကုန်မြို့ကြီးသည်လည်း ဘန်ကောက်နှင့်နှိုင်းစာလျှင် တောရွာအဆင့်မျှသာဖြစ်သွားပါသည်။ ရန်ကုန်မြို့ကြီး၏ မီးထိန်ထိန်လင်းမှုသည် ပိုးစုန်းကြူးများပြေးလွှားနေသည့်အဆင့်မျှသာ ရှိပါသည်။ ဘန်ကောက်ကား နေနှင့်ည မှားရလောက်အောင် လင်းထိန်နေပါသည်။ သီရိလင်္ကာသည်ပင် ဆီမီးထိန်ထိန် အဆင့်မှာရှိပါသည်။ မြန်မာပြည်ထက်သာပါသည်။ သူတို့နှင့်ယှဉ်မိလျှင် မြန်မာပြည်သည် ဘာမျှမဟုတ်သေးပါလားဟူသော အတွေးရောက်မိတတ်ရာ စိတ်အားငယ်သလိုပင် ခံစားရပါသည်။
စာရေးသူတို့မြန်မာပြည်သာ တောကျသည်မဟုတ်ပါ။ စာရေးသူကိုယ်တိုင်လည်း တောကျပါသည်။ စာရေးသူကိုဝန်းရံနေကြသူများလည်း တောကျပါသည်။ စာရေးသူမှာ လိပ်စာကဒ်ပါမသွား၍ အရေးအကြောင်းဆို စာရေးပေးနေရပါသည်။ စာရေးသူနှင့် အတူပါလာသော ဦးမောင်မောင်သည် ခရီးဆောင်အိတ်ကိုသယ်ပိုးရင်း လေးသည်၊ မောသည်၊ ပန်းနွမ်းသည်ဟုသာ ငြီးငြူနေပါသည်။ စာရေးသူက ခရီးဆောင်အိတ်တွေမှာ ဘီးသေးသေးလေးတွေပါသည်။ သယ်ပို့စရာမလို လက်ဖြင့်ဆွဲယူသွားရုံရသည်။ အဖြေရှာဟုပြောပါမှ လက်ဆွဲကိုင်းကိုရှာတွေ့ကြပါသည်။ ထိုအခါမှ ရန်ကုန်သားကြီးတောကျနေခဲ့ကြောင်းသိသွားပါသည်။ အားရပါးရသဘောကျကုန်ကြပါသည်။ ထို့အပြင် Laptop ကွန်ပျူတာကို တန်ဆာဆောင်ပစ္စည်းများထဲ ထည့်သွင်းထားပြီး ကွမ်းရွက်ထုတ်ကိုတော့ ကိုယ်နှင့်တစ်ပါးတည်း ယူလာပါသည်။ ဦးပညာပြော၍ မဆုံးဖြစ်နေပါတော့၏။
မွန်းလွဲ ၂းဝဝနာရီကျော်တွင် ရန်ကုန် လေဆိပ်သို့ရောက်ပါသည်။ လေဆိပ်လုံခြုံရေး ဝန်ထမ်းများလာကြိုပါသည်။ သီရိလင်္ကာ အစိုးရစောင့်ရှောက်ပုံကိုကြည့်၍ အားကျပုံရပါသည်။ ဓာတ်လှေကားဖြင့် ဆင်းရပါသည်။ ''ဘုန်းဘုန်းကို လာကြိုနေသူတွေအများကြီးပဲ ကြည့်လဲသွားဦး ထွက်မရဘဲဖြစ်နေဦးမယ်''ဟု လျှောက်မှ မျိုးချစ်အဖွဲ့အင်အားကို သတိရမိသွားပါသည်။ ဆိုင်းဘုတ်ကိုင်သူကကိုင်၊ ပန်းခက် ပန်းစည်းကိုင်ကသူကိုင်နှင့် လေဆိပ်အထွက်တွင် သံဃာတန်းနှင့် လူတန်းကြီးကိုတွေ့လိုက်ရပါသည်။ ရင်ထဲမှာ ပီတိများစွာဖြစ်ပွားလာပါသည်။ နောင်တော်ကြီး ဦးပါမောက္ခ(ဗဟို-မ.ဘ.သ)Hand Speaker (လက်ကိုင်ဟွန်းတို)ဖြင့် ရှေမှတိုင်ပေးပါသည်။ အောင်သပြေနှင့်ကြိုဆိုနေသူများက သံပြိုင်မေတ္တာပို့ကြပါသည်။
''သီရိလင်္ကာနိုင်ငံ သံဃာ့ကောင်စီအစည်းအဝေးမှ ပြန်ကြွလာသော အမျိုးသားရေး ဦးဆောင်ဆရာတော် ဦးဝီရသူ ကျန်းမာပါစေ''ဟူသော ဆုတောင်းမေတ္တာပို့သံများက လေဆိပ် တစ်ခုလုံး ဖုံးလွှမ်းသွားပါသည်။ ကားပေါ်အတက်တွင် ဂျာနယ်တစ်ခုနှစ်ခုက သိလိုရာများမေးမြန်းကြပါသည်။ လမ်းခုလတ်တွင် နောင်တော်ကြီးဦးပါမောက္ခထံမှ ဖုန်းဝင်လာပါသည်။ ''ဘယ်သူချစ်ချစ်၊ မချစ်ချစ် တပည့်တော်ကတော့ ချစ်နေမှာပါပဲ''ဟု ပြောပါသည်။ စာရေးသူက အချစ်မပျယ်အောင် ကြိုးစားသွားမည့်အကြောင်း လျှောက်ထားလိုက်ပါသည်။
မျိုးချစ်ရဟန်းတော်များသမဂ္ဂအဖွဲ့က ဧရာဝတီဝက်ဘ်ဆိုဒ်သတင်းပြလာပါသည်။ စာရေးသူနှင့် ဗောဓုဗလစေနအဖွဲ့ဓာတ်ပုံများကို အစွန်းရောက်ဗုဒ္ဓဘာသာဘုန်းကြီးများဟု စာလုံးမည်းကြီးနှင့် ရေးသားတိုက်ခိုက်ထားသည်ကို တွေ့ရပါသည်။ ကိုယ့်အစီအစဉ်နှင့်ကိုယ်သွားသည်ကိုပင် ရွေးကောက်ပွဲမတိုင်မီ အစိုးရက စာရေးသူကိုလွှတ်ပြီးခိုင်းစေသည်ဟု ရေးထားပါသည်။ မွတ်ဆလင်မီဒီယာ ပို့သည်ကို ဧရာဝတီက ပြန်လည်တင်ပြနေ ခြင်းဖြစ်ပါသည်။
ကမ္ဘာကြီးက မွတ်ဆလင်အထုပ်ဖြည်ပြသည်ကို မကြိုက်ပါ။ ကမ္ဘာကြီးက နိုင်ငံရေးသမားများကို ဝေဖန်ပိုင်းခြားသည်ကို မကြိုက်ပါ။ စာရေးသူက နှစ်ခုလုံးလုပ်ပါသည်။ မွတ်ဆလင်အကြောင်း သိထားကြပါမှ မွတ်ဆလင်အန္တရာယ်ကိုကာကွယ်နိုင်မည်။ နိုင်ငံရေးသမားများကို အပြုသဘောနှင့် ထောက်ပြဝေဖန်မှ အနာဂတ်မြန်မာပြည်ကို မတိမ်းစောင်းအောင် ထိန်းကျောင်းနိုင်မည်ဟု ယုံကြည်ထားပါသည်။ မွတ်ဆလင်ဆိုလျှင် အထိမခံနိုင်သော နိုင်ငံရေးသမားဆိုလျှင် ဘုရားထက်ပင် ပြည့်စုံသလိုယူဆထားသော မွတ်ကုလားနှင့် ဖွတ်ကြားများက စာရေးသူလုပ်သမျှ အကောင်းတစ်စက်မျှမရေးဘဲ လက်တွေ ပါးစပ်တွေ လုံးဝလှုပ်မရအောင်၊ စိတ်ထဲမှာပင် မတွေးရဲအောင် ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်း ဖြစ်ပါသည်။
အစွန်းရောက်ဗုဒ္ဓဘာသာဘုန်းကြီးများ ဟုရေးသားသော ဧရာဝတီဝက်ဘ်ဆိုဒ်မကြာမီ အဟတ်ခံလိုက်ရပါသည်။ BHG (Blind Hacker Group)က ဟက်လိုက်ခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာကိုစော်ကားလွန်း၍ ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း၊ ပြန်တောင်းပန်လျှင် ဖွင့်ပေးမည်ဖြစ်ကြောင်း အတိအလင်းစိန်ခေါ်ပြီးမှ ဟက်လိုက်ခြင်းဖြစ်ပါသည်။ စာရေးသူတို့လို ခေါင်းငုံသည်းခံနေလျှင် ယခုထက်ပင်ပိုဆိုးလာနိုင်ပါသည်။ ယခုမူ BHG ဖွဲ့ဆုံးမလိုက်သောကြောင့် လိမ္မာရေးခြားရှိသွားပါသည်။ စာရေးသူတို့ သာသနာ၌ ရှင်သာရိပုတ္တရာချည်းရှိနေ၍ မရသေးပါ။ ရှင်မောဂ္ဂလာန်များလည်း လိုအပ်ပါသည်။ ဤသည်ကို BHG ဖွဲ့က သက်သေပြလိုက်ခြင်းဖြစ်ပါသည်။
ညဦးပိုင်းတွင် အင်းစိန်ရွာမဆရာတော်ကြီးထံသွားပါသည်။ ဆရာတော်ကြီးက ဝမ်းမြောက်ဝမ်းသာ အားပေးစကားပြောပါသည်။ မြန်မာရဟန်းတော်လေးများအား ပြောကြားသည့် သြဝါဒကို သဘောကျသည်ဟုဆိုကာ ဖေ့ဘွတ်ခ် ပို့စ်တစ်ခုပါ အဆိုပါအကြောင်းအရာများကို ဖတ်ပြနေပါသည်။
စက်တင်ဘာ ၃ဝ ရက်နေ့က ရုပ်သံဌာနတွင်ဖြေကြားခဲ့သော စာရေးသူစကားက အွန်လိုင်းမှာ ပျံ့နေပါပြီ။ နိုင်ငံရေးမျက်စိရှိသူများက ဒေါ်အောင်ဆန်းစုကြည်ကို လိုလားကြကြောင်း၊ နိုင်ငံရေးအမြင်ဖြင့် ကြည့်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ကြောင်း၊ လုံခြုံရေးအမြင်အရ ဦးသိန်းစိန်ကိုရွေးချယ်ရခြင်းဖြစ်ကြောင်း စာရေးသူက လုံခြုံရေးကိုသာ ဦးစားပေး၍ ကြည့်တတ်ကြောင်းဖြေကြားခဲ့သည့်စကားများ ဖြစ်ပါသည်။ နိုင်ငံရေး အမြင်ရှိသူများက မကြိုက်ကြပါ။ အမျိုးသားရေးအမြင်ရှိသူများက ကြိုက်ကြပါသည်။
TV ရုပ်သံစကားကိုအကြောင်းပြု၍ မြန်မာစာနယ်ဇင်းများကပါ စာရေးသူကို ထိုးနှက်ကြပါတော့သည်။ စာရေးသူ သီရိလင်္ကာခရီး မကြိုက်သူ များပြားကြောင်း၊ အကြမ်းဖက်နှစ်ဖွဲ့ပေါင်းစည်းမိသွားလျှင် မွတ် ဆလင်ပြည်သူများ အသက်အိုးအိမ်စည်းစိမ် စိုးရိမ်ရကြောင်း ရေးသားကြပါသည်။ သံဃာ့ကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သောမိန့်ခွန်းမှ ''ယနေ့ကမ္ဘာကြီးမှာ ဗုဒ္ဓဘာသာဟာ အနိုင်ကျင့်ခံနေရပါပြီ''ဆိုသည့်စကားကို ရှင်းပြဖို့ BBC က မေးလာပါသည်။ ရခိုင်အရေး၊ ဘင်္ဂလားဒေ့ရှ်အရေး၊ ထိုင်းတောင်ပိုင်းအရေးစသည်များကို သာဓကထိုးပြခဲ့ပါသည်။ သို့သော် မလွှင့်ဘဲချန်ထားပစ်ခဲ့ပါသည်။ ''မွတ်ဆလင်တွေရဲ့စိုးရိမ်ပူပန်မှုအတွက် ဘယ်လိုပြောချင်လဲ''မေးခွန်းကိုဖြေခဲ့သော ''တွေ့ဆုံဆွေးနွေး အဖြေရှာပါ။ ဒီလိုမှမဟုတ်ဘဲ မီဒီယာအားကိုး၊ OIC အား ကိုး၊ နိုင်ငံရေးသမားအားကိုး၊ ကုလသမဂ္ဂ အားကိုးနဲ့ တောင်အော်၊ မြောက်အော် ရှောက် အော်နေလို့ကတော့ လိုချင်တဲ့အဖြေရမှာ မဟုတ်ဘူး''စကားမျှသာ ထုတ်လွှင့်သွားပါသည်။
အောက်တိုဘာ ၂ ရက်နေ့ရောက်ပါပြီ။ မနက်အစောလေယာဉ်နှင့် မန်းမြေသို့ပြန်လည် ရောက်ရှိခဲ့ပါသည်။ မန်း မ.ဘ.သ ဦးစီးသည့် ကြိုဆိုပွဲရှိပါသည်။ လေဆိပ်ရောက်သည်နှင့် ဆရာတော်သံဃာတော်များ၊ ဒကာ၊ ဒကာမများ၊ ကျောင်းသား၊ ကျောင်းသူများ တန်းစီကြိုဆိုနေသည်ကို တွေ့ရပါသည်။ မန်း မ.ဘ.သ ဦးဆောင်ဆရာတော်ကြီးများဖြစ်ကြသည့် ဘဒ္ဒန္တကုသလ(အတွင်းရေးမှူးချုပ်) ဆရာတော်ကြီး၊ ဘဒ္ဒန္တပညာသာမိ(ဒုတိယ အတွင်းရေးမှူးချုပ်)ဆရာတော်၊ ဗဟို မ.ဘ.သ ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသတို့နှင့် ရဟန်းပျိုများ၊ ပရိသတ်များက လှိုက်လှဲပျူငှာစွာကြိုဆိုကြသည်ကို တွေ့ရသည့်အခါ မြစ်ဆုံပြန်ခရီးကို ပြန်လည်သတိရနေမိပြန်ပါသည်။ မြစ်ဆုံပြန်ခရီးတွင် သံဃာတွေသာများပြီး လူပုဂ္ဂိုလ်ဟူ၍ များများ စားစားမတွေ့ရပါ။ ထိုစဉ်က မကြိုဆိုလိုက်ရသူများ ယခုအခါမှ အတိုးချ၍ ကြိုဆိုနေသကဲ့သို့ စည်းကားများပြားလွန်းလှပါသည်။
အောင်သပြေညောင်ရေဖြင့်ကြိုဆိုနေသောပရိသတ်ကြီးကို ကားပေါ်မှဝမ်းမြောက် စကားပြောကြားပါသည်။ ကမ္ဘာသူ ကမ္ဘာသားများ မေတ္တာတရားငတ်မွတ်နေကြကြောင်း၊ ဗုဒ္ဓဘာသာဝင်တို့၏ရင်ထဲမှာရှိသော မေတ္တာတရားများကို ကမ္ဘာသူ ကမ္ဘာသားများရင်ထဲအရောက် ပို့ဆောင်နိုင်ပါက ကမ္ဘာကြီးငြိမ်းချမ်းပြီဖြစ်ကြောင်းနှင့် အဖျက်အမှောင့် အနှောင့်အယှက်များကြားမှ သီရိလင်္ကာခရီးပြီးဆုံးသွားခဲ့သည်မှာ ဇိတံ မေ ပင်ဟု ကြွေးကြော်စရာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကားတန်းကြီးက ရှည်လျားလှပါသည်။ စာနယ်ဇင်းများ အားမပေးကြသော်လည်း အွန်လိုင်းမှာကား ပျံ့နှံ့နေပါသည်။ အချို့သောNLD များ ပါတီဝတ်စုံမပါဘဲ တိတ်တိတ် ကလေးလာရောက်ကြိုဆိုကြသည်ကိုလည်း တွေ့ရပါသည်။ နဂါးနီစုဘူးအသင်းသူများက မြန်မာ့ဆိုင်းဝိုင်း ရိုးရာအကဖြင့် ဧည့်ခံဖျော်ဖြေကြပါသည်။
ရန်ကုန်ကြိုဆိုပွဲထက် မန္တလေးကြိုဆိုပွဲက ပို၍စည်ကားပါသည်။ အကြံတူနောက်လူ သာစမြဲဆိုရိုးအရလည်း ဖြစ်ပါသည်။ ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုဆိုသူ ညီတော်လေးများက စာရေးသူလက်မောင်းဆွဲကိုင်ကာ ကားပေါ်တန်းပင့်သောကြောင့် နှုတ်ဆက်စကား၊ ဝမ်းမြောက်စကား၊ ကျေးဇူးတင်စကားပင် ပြောခွင့်မရခဲ့ပါ။ ရန်ကုန်ပရိသတ်ကို အားနာမိပါသည်။
နေ့ဆွမ်းစားရာ မဟာနာယကကျောင်းဆောင်သို့ရောက်သည့်အခါ ပထမ မဟာနာယက ဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသ မဟာထေရ်က ''ကျန်းမာရေးဂရုစိုက်၊ လုံခြုံရေးသတိထား၊ တစ်ပါးတည်း ဘယ်မှမသွားနဲ့''ဟု မိန့်တော်မူပါသည်။ စာရေးသူအတွက် မဟာရာမ်တံတိုင်းကြီးတစ်ခုသဖွယ် ခိုလှုံရာသြဝါဒတော်ပင်ဖြစ်ပါသည်။
သီရိလင်္ကာခရီးစဉ်ပြီးဆုံးသွားပါပြီ။ အောင်ပွဲခံ၍ စားမြုံ့ပြန်ချိန်မရပါ။ ဂျီဟတ်ဝါဒီတို့ကြောက်သော ဥပဒေ၊ အွန်လိုင်း၊ သမိုင်း အထောက်အထားများဖြင့် အမျိုးဘာသာ သာသနာကို ဆက်လက်ကာကွယ်ရေးများ အားထုတ်ရပါသည်။
သီရိလင်္ကာBBSနှင့် ယှဉ်လျှင် စာရေးသူတို့ မ.ဘ.သ ကား အမွဲအနွမ်းဖြစ်ပါသည်။ BBS မှာ ထောက်ပံ့သူဒကာ၊ ဒကာမများပေါများပါသည်။ သူဌေးများကလည်း BBS ကို ပြောင်တင်းပွင့်လင်းစွာပင် ထောက်ပံ့ပေးကြပါသည်။ ပြည်တွင်းစာနယ်ဇင်းများကလည်း BBS သတင်းများ ရေးသားအားပေးကြပါသည်။ စာရေးသူတို့ မန်း မ.ဘ.သ မှာ မ.ဘ.သ ရုံးဟူ၍ပင်မရှိသေးပါ။ နိရုတ္တိ ကျောင်းမှာသာ အစည်းအဝေးကျင်းပနေရပါသည်။ လူလတ်တန်းစား အနည်းငယ်မျှသာ အားပေးကြပါသည်။ အထက်တန်းလွှာများ လုံးဝအားမပေးကြပါ။ ခရိုနီ၊ ခရိုဝါ များဆိုလျှင် သာ၍ပင်ဝေးပါသည်။ မန္တလေးစာနယ်ဇင်းများက မ.ဘ.သ သတင်းများကို ဥပေက္ခာပြုကြပြီး၊ ရန်ကုန်စာနယ်ဇင်းများက မ.ဘ.သကို တိုက်ခိုက်ကြပါသည်။ စာရေးသူတို့များစွာ တောင့်ခံနိုင်ရပါဦးမည်။ စာရေးသူတို့များစွာ ကြိုးစားရပါဦးမည်။
* ကမ္ဘာတည်သရွေ့ မြန်မာလူမျိုးတည်ရှိ နေရမည်။
* ကမ္ဘာတည်သရွေ့ ဗုဒ္ဓဘာသာတည်ရှိ နေရမည်။
* ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတည်ရှိ နေရမည်။
ဤသည်မှာ စာရေးသူ၏ ခံယူချက် ဖြစ်ပါသတည်း။
(အခန်းဆက်ဆောင်းပါးများကို စောင့်မျှော်ဖတ်ရှုကြသော ပရိသတ်အားလုံးကို အထူးကျေးဇူးတင်ပါသည်။)
ဝီရသူ (မစိုးရိမ်)