တောင်ကြီးမြို့ LAO အဖွဲ့ဥက္ကဋ္ဌ ဦးသန်းရွှေနှင့် တွေ့ဖြစ်ပါတယ်။
LAO အဖွဲ့ဆောင်ရွက်ချက်တွေလည်း သိခဲ့ရပါတယ်။
LAO အဖွဲ့ကို တောင်ကြီးသံဃာထုနှင့် လူထုက ထောက်ခံကြပါတယ်။ အားကိုးရလို့ပါ။
တောင်ကြီး NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးကတော့ အဖွဲ့ကို မကြိုက်တဲ့အပြင် အဖွဲ့ပျက်အောင် တိုင်ကြားဖို့ ပေါ်ပေါ်တင်တင် လုပ်လာပါတယ်။
သူထောက်ပြတာတွေက ဝတ်စုံတွေဝတ်လို့၊ မကားပြောစက်တွေကိုင်လို့၊ ဘတ်တံဆိပ်နံပါတ်တွေတပ်လို့၊ စွမ်းအားရှင်ပုံစံပေါက်နေလို့ပါပဲ။
ဒီအဖွဲ့အစည်းက NLDကို ဘာထိခိုက်စေပါသလဲ?
ပြည်သူတွေကို ဘာနစ်နာစေပါသလဲ? စဉ်စားကြဖို့ပါ။
ဒီအဖွဲ့ပေါ်လာတော့ ဟာဂျီမြင့်သိန်း လက်လုံးဗုံးအမှု ထိရောက်အောင် ကိုင်တွယ်နိုင်ခဲ့တယ်။
ဂျီဟဒ်ဝါဒီ ၂၀ ဦးကို အရေးယူနိုင်ခဲ့တယ်။
တောင်ကြီးမြို့ ကလောသံဆိုင်ပိုင်ရှင် မွတ်ကုလား ဟာဆန်(ခ)ကိုကိုကြီးကို ဖမ်းဆီးနိုင်ခဲ့တယ်။
ဒါကြောင့် မွတ်ကုလားတွေ အထိနာခဲ့တယ်။
ဒီတော့ ဒီအဖွဲ့မရှိမှ ဖြစ်မယ်။
ဒီအဖွဲ့မရှိအောင် တိုင်ကြားနိုင်တာလည်း NLD ပဲ ရှိတယ်။
ပြည်သူတွေထိခိုက်လို့၊ ပါတီကိုထိခိုက်လို့ဆိုရင်တော့ တိုင်ကြပါ။
အကြမ်းဖက်သမားတွေအတွက် တိုင်ပေးတာမျိုးဆိုရင်တော့ စဉ်းစားရပါတယ်။
ဒီအဖွဲ့ပျက်သွားလို့ မွတ်ကုလားတွေ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ခွင့်ရသွားရင်တော့ ဦးတင်မောင်တို့ တရားခံဖြစ်သွားမှာပါ။ ဒါကို ဦးတင်မောင်တိုး တာဝန်ယူရပါမယ်။
မ.ဘ.သ ကြေငြာချက်ထုတ်တာက ဒီအဖွဲ့နှင့် မသက်ဆိုင်ကြောင်းသာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဖျက်ခိုင်းတာ မပါပါဘူး။ ဒါကိုလည်း ထည့်တွေးဖို့လိုပါမယ်။
ဦးသန်းရွှေထံလည်း ဖုန်းဆက်နိုင်ပါတယ်။
ဦးသန်းရွှေ 09.428314264
ဝီရသူ (မစိုးရိမ်)
27.4.2015
AM-11:52
=================================================================================
26.4.2015 ရက်န့ထုတ် 7DAY DAILY သတင်းစာ
“တောင်ကြီးမြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးအဖွဲ့ကို ကန့်ကွက်မည်”
===============================================
စိုင်းမိုင်းလုံ
တောင်ကြီး
တောင်ကြီးမြို့တွင် ပြောက်ကျားအင်္ကျီများဝတ်ဆင်၍ နံပါတ်တုတ်များကိုင်ဆောင်ပြီး စကားပြောစက်(ဝေါ်ကီတော်ကီ)များ အသုံးပြုကာ လုံခြုံရေးဆောင်ရွက်သည် ဆိုသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး (Law And Order) အဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနအထိ စာတင်၍ ကန့်ကွက်သွားမည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောသည်။
“တရားမဝင်အဖွဲ့အစည်းဖြစ်တယ်။ ဒီအဖွဲ့အစည်းကို ဘယ်သူကတာဝန်ခံမလဲ။ ဘယ်သူကတာဝန်ယူမလဲဆိုတာ သိချင်တယ်။ ဒီလိုအဖွဲ့အစည်းတွေ တရားဝင်အဖွဲ့အစည်းဖြစ်လာရင် ပြည်သူလူထုလုံခြုံရေးကိုလည်း ခြိမ်းခြောက်လာ၊ အန္တရာယ်ပေးလာနိုင်တယ်။”ဟု ဥက္ကဋ္ဌဦးတင်မောင်တိုးက ပြောသည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး (Law And Order) အဖွဲ့သည် တောင်ကြီးမြို့တွင် နံပါတ်တုတ်များကိုင်ဆောင်ကြခြင်း၊ စကားပြောစက်များတပ်ဆင်ထားခြင်း၊ ဘတ်တံဆိပ်နံပါတ်များတပ်ဆင်ခြင်းနှင့် ပြောက်ကျားအင်္ကျီနှင့် စစ်ဘောင်းဘီများ ဆင်တူဝတ်ဆင်ကာ ပွဲလမ်းသဘင်များတွင် လုံခြုံရေးအဖြစ် ရဲတပ်ဖွဲ့ဝင်များနှင့် ကူးပေါင်းလုပ်ဆောင်နေကြောင်း တောင်ကြီးအခြေစိုက် အရပ်ဘက်လူ့အဖွဲ့အစည်းများက ပြောသည်။
တောင်ကြီးမြို့ပေါ်ရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီများ၊ ဒေသခံများထံမှ ကန့်ကွက်သည့်လက်မှတ်များတောင်းဆိုမည်ဖြစ်ပြီး ယင်းလက်မှတ်များပါ ပူးတွဲတင်၍ အဆိုပါအဖွဲ့ကို ကန့်ကွက်မည်ဟု ဦးတင်မောင်တိုးက ပြောသည်။
“ဒီလိုအဖွဲ့အစည်းမျိုး တရာဝင်ဖွဲ့ခွင့်ရှိလား၊ ရှိရင် ဘယ်ဌာနလက်အောက်ကနေ ဖွဲ့စည်းသွားမှာလဲဆိုတာ ကျွန်တော်တို့သိချင်တယ်”ဟု တောင်ကြီးအခြေစိုက် မျိုးဆက်သစ်(ရှမ်းပြည်)အရပ်ဘက်အဖွဲ့အစည်းမှ ကိုမိုးက ဝေဖန်သည်။
တရားဥပဒေစိုးမိုးရေးဟု အမည်ပေးထားသော်လည်း ၎င်းတို့ကိုယ်တိုင် တရားဥပဒေနှင့်မညီညွတ်ဘဲ တရားဝင်အဖွဲ့အစည်းလည်းမဟုတ်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။ ယင်းအဖွဲ့ကို ကန့်ကွက်သည့်အနေဖြင့် တစ်ပတ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရနှင့် ကာလုံဝန်ကြီးထံ လိပ်မူစာတင်ကာ ကန့်ကွက်မည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။
ယင်းတရားဥပဒေစိုးမိုးနှင့် တည်ငြိမ်ရေးအမည်ဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေးအဖွဲ့ကို ၂၀၁၄ စက်တင်ဘာလဆန်းက တောင်ကြီးမြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူလုံခြုံရေးတွက် ဘာသာရေးပဋိပက္ခများ မဖြစ်ပွားရန် ဆရာတော်ကြီးများ၏ သြဝါဒခံ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းရွှေက ဆိုသည်။
သို့သော် ယင်းလုံခြုံရေးအဖွဲ့အစည်းသည် ရှမ်းပြည်တောင်ပိုင်း မ.ဘ.သနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု ရှမ်းတောင် မ.ဘ.သ ဆရာတော်ကြီးများ၏လက်မှတ်ဖြင့် ထုတ်ပြန်ကြေငြာချက်တစ်စောင်ကို ၂၀၁၄ စက်တင်ဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ရှမ်းတောင် မ.ဘ.သ ဆရာတော်ကြီးများ၏ မူလဆန္ဒအမှန်ဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ကြိုတင်ဖွဲ့စည်းပြီးမှ တင်ပြလာခဲ့ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ပါရှိသည်။