30.3.2015 ညနေ 6:30 နာရီ ပဲခူးတိုင်း၊ သာယာဝတီမြို့၊ သတ္တဋ္ဌာနမြို့ဦးကျောင်း၊ ဒုတိယအကြိမ် ဓမ္မစကူးလ် မြှင့်တင်ရေး အထူးတရားပွဲ။
သာယာဝတီကို ညနေ 5:00 ခန့်မှာရောက်ပါတယ်။ တရားပွဲနှစ်ပွဲက ကားလမ်းတစ်ခုပဲခြားနေလို့ ညတရားပွဲ ကနေ ဆည်းဆာတရားပွဲဖြစ်သွားတာပါ။
ဓမ္မစကူးလ်သင်တန်းသား ကိုရင်လေးတွေ သီလရှင်လေးတွေလည်း ပေါများပါတယ်။
သံဃနာယကအဖွဲ့ ဥက္ကဋ္ဌတာဝန်နှင့် မဘသဥက္ကဋ္ဌတာဝန်ကို ဆရာတော်တစ်ပါးတည်းက ထမ်းဆောင်နေတာ ပါ။ ဥက္ကဋ္ဌဆရာတော်ကြီးကိုယ်တိုင် ကြွရောက်အားပေးတော်မူပါတယ်။
သီလရှင်နှင့် ကိုရင်လေးတွေအပြင် ကျောင်းသား/သူတွေများတာမို့ ကလေးတရားပဲ ဟောကြားခဲ့ပါတယ်။
“ချစ်စရာလေးတွေမို့ မေတ္တာတေးတွေ ဆိုကြစို့”
အမေရယ်၊ အဖေရယ်၊
သားတို့ သမီးတို့ရယ်။
ချစ်ချစ်ခင်ခင်နေကြမယ်။
ကြီးသူကိုလည်း ရိုသေမယ်။
ရွယ်တူကိုလည်း လေးစားမယ်။
ငယ်သူကိုလည်း ကြင်နာမယ်။
ဘုရားတရားမြဲလို့ရယ်၊
ကိုင်းရှိုင်းရိုသေမယ်။
ကာယကံမေတ္တာထားလို့ရယ်၊
ဝိုင်းဝန်းကူညီမယ်။
ဝစီကံမေတ္တာထားလို့ရယ်၊
ယဉ်ကျေးချိုသာမယ်။
မနောကံမေတ္တာထားလို့ရယ်၊
စိတ်ထားဖြူစင်မယ်။
ပညာရေးလည်း ဆည်းပူးမယ်။
စီးပွားရေးလည်း ထူထောင်မယ်။
အများအကျိုးလည်း ဆောင်ရွယ်မယ်။
ဘာသာအကျိုး သာသနာအကျိုး၊
သယ်ပိုးကြပါမယ်။
ကမ္ဘာသူ ကမ္ဘာသား အားလုံးရယ်၊
ငြိမ်းချမ်းစေဖို့ရွယ်။
ချစ်စရာလေးတွေ ဖြစ်အောင်ကွယ်၊
မေတ္တာတေးတွေ ဆိုကြမယ်။