Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပန်းတနော် တရားပွဲ”

$
0
0
1.4.2015 ည 8:00 ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းအုပ်စု၊ လက်ပံတန်းတွင် ပန်းပျိုလက် ယဉ်ကျေးလိမ္မာမင်္ဂလာသင်တန်းနှင့် ကျောင်းရေစက်ချ အထူးတရားပွဲ။
ပွဲစီစဉ်သူနှင့် ကျောင်းသူ ကျောင်းသား ယောဂီများက စိတ်အားတက်ကြွကြပေမယ့် မြို့နယ်သံဃနာယကနှင့် မပြေမှုများရှိနေတာ တွေ့ရပါတယ်။
မြို့နယ် သံဃာ့နာယကအဖွဲ့က စာရေးသူနှင့် အရှင်ကဉ္စနော(MRTV-4)ကို ဟောခွင့်မပြုပါဘူး။ လုံခြုံရေး အကြောင်းပြပြီး တားမြစ်တာပါ။
ပန်းပျိုးလက် ရွှေကျင်ဂိုဏ်း သံဃနာယကကို သွားလျှောက်မှ ခွင့်ပြုမိန့်ရခဲ့တာပါ။
ဒီပြဿနာတွေ ကြိုသိခဲ့ရင် လာဖြစ်မှာမဟုတ်ပါဘူး။ အမေ့ရက်လည်ဆွမ်းပြီးအောင်တောင် မနေခဲ့ဘဲ တန်းလာခဲ့တာ ပြဿနာနှင့် တိုးမိတော့တာပါပဲ။
မြတောင်ဆရာတော်ကြီး အ၇ှင်ကုမာရ(ပန်းတနော်)ကို ရှိခိုးခဲ့တာ ဘယ်ပျောက်သွားမှန်းတောင် မသိတော့ပါဘူး။
မြတောင်အရှင်ကုမာရ(ပန်းတနော်)ကျောင်းမှာ မ.ဘ.သ(ဗဟို)မှ ဒေါက်တာသောပါက ရောက်နေပါတယ်။ ဆရာတော်ကြီးရှိခိုးဦးချပြီး ဦးသန့်ရုပ်ထုရှေ့မှာ ဓာတ်ပုံရိုက်ကြပါတယ်။ သံဃာတွေရော လူတွေရော ပျော်ခဲ့ ကြပါတယ်။ အဲဒီအပျော်တွေဟာ တရားပွဲရောက်မှ ပျောက်သွားခဲ့တာပါ။
စာရေးသူက ရပ်ကွက် သံဃနာယက၊ မြို့နယ်သံဃနာယက အဖွဲ့တွေ ခွင့်ပြုမှဟောပါတယ်။ သံဃနာယက ခွင့်ပြုရင် အာဏာပိုင်ခွင့်မပြုလဲ ဂရုမစိုက်ပါဘူး။ သံဃနာယကဆရာတော်များနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ထားပါတယ်။ အခုဟာက ပွဲဆီရောက်မှ သိရတာရယ်၊ ရွှေကျင်ခွင့်ပြုထားတာရယ်၊ သုဓမ္မာက ရွှေကျင်ခွင့်ပြုထားတာကို မကန့်ကွက်တာရယ်ကြောင့် ဟောဖြစ်သွားတာပါ။
တရားဟောအပြီးမှာ ပြည်ထောင်စုဆရာတော်ဘဒ္ဒန္တဝိစိတ္တကြွရောက်အားပေးပါတယ်။
ပန်းပျိုးလက်ဆရာတော်လေး အရှင်စိန္တိတနှင့် ဒကာရင်းကိုဇော်ဝင်းကို အားပေးစကားပြောခဲ့ပါတယ်။
ထောင်ထဲမှာ ၈ နှစ်နှင့် ၃ လနေခဲ့တယ်။
ဆွမ်းမစားရတဲ့နေ့တွေ ရှိခဲ့ဖူးတယ်။
ရေမသောက်ရတဲ့နေ့တွေ ရှိခဲ့ဖူးတယ်။
စိတ်ဓာတ်မကျနဲ့။


Viewing all articles
Browse latest Browse all 2129

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း