မန္တလေး၊ ဧပြီ ၎
အဝါရောင်မျိုးဆက်သစ်(Y.G.W)မစိုးရိမ်ဌာနမှ ဦးစီး၍ မန္တလေးမြို့၊ မဟာအောမြေမြို့နယ်၊ သာသနာပိုင်ရပ်ကွက်၊ သာသနာပိုင်ဓမ္မဗိမာန်၌ ဖွင့်လှစ်သင်ကြားသော ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းမှ သင်တန်းသား/သူ ကလေးငယ်များအတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းစာမေးပွဲကို (4-4-2015)ရက်နေ့၊ မွန်းတည့်(12:00)နာရီမှ မွန်းလွဲ(3:00)နာရီအထိ သာသနာပိုင်ဓမ္မဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသက်တန်းကို အဝါရောင်မျိုးဆက်သစ်(Y.G.W)မစိုးရိမ်ဌာနမှ သင်တန်းနည်းပြဆရာများဖြစ်ကြသည့် အရှင်နာဂိန္ဒာလင်္ကာရနှင့် အရှင်ဇောတိပါလတို့မှ ဦးစီးဖွင့်လှစ်သင်ကြားကာ အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး အခြေပြုအဆင့်နှင့် ပထမအဆင့် ကျောင်းသူ/သားစုစုပေါင်း (၄၈)ဦးရှိကြောင်း သိရသည်။
သင်တန်းသား/သူ ကလေးငယ်များအား လာမည့်(၆.၄.၂၀၁၅)ရက်နေ့တွင် မင်းကွန်းနှင့် စစ်ကိုင်းတောင် ဘုရားဖူးပို့ပေးမည်ဖြစ်ပြီး အခြေပြုနှင့် ပထမအဆင့် ပ ဒု တ ရရှိမည့် ကလေးငယ်များကိုလည်း ဆုများချီမြှင့်သွားမည်ဖြစ်ကြောင်း အရှင်နာဂိန္ဒာလင်္ကာရမှ မိန့်ကြားပါသည်။
"ကမ္ဘာမြေ လူသား တို့စွမ်းအားဖြင့် ငြိမ်းချမ်းပါစေ"ဟူသော (Y.G.W)ဆောင်ပုဒ်အတိုင်း လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျ ပြုစုပျိုးထောင်ပေးခြင်းဖြင့် ငြိမ်းချမ်းသော မြန်မာပြည်၏အနာဂတ်ကို ဖော်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း သင်တန်းဆရာများနှင့် သင်တန်းသား ကလေးများအား လေးစားဂုဏ်ယူလျက်...။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)