Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ”

$
0
0


မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေများ ထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၂၅.၃.၂၀၁၅)၊ မွန်းလွဲ (၃း၀၀)နာရီ၊ မာလကာခြံရပ်ကွက်၊ ပြည်လုံးအံ့ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စုဘူးအသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန(နာယက)၊ အရှင်ဝိစိတ္တ(ဟောပြောတာဝန်ခံ)၊ ဒေါ်ကြည်ကြည်မာ(ဒု ဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေမှူး)၊ ဒေါ်တင်တင်ဆန်း(စာရင်းစစ်)တို့တက်ရောက်ကြပြီး အရှင်ဝိစတ္တနှင့် ဒေါ်ကြင်ကြင်မြိုင်တို့မှ နဂါးနီစုဘူး၏ စည်းကမ်းပိုင်းများနှင့် စီးပွားရေး ကြီးပွားရေးဆိုင်ရာ အသိပညာများ ဟောပြောခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲပြီးနောက် အသင်းဝင်များအား စုဘူးငွေထုတ်ပေးရာ အသင်းဝင်(၁၅)ဦးတို့အား (၁၅၀၀၀၀ိ/)စီ၊ (၆၀)ဦးတို့အား (၁၀၀၀၀၀ိ/)ကျပ်စီနှင့် (၃၅)ဦးတို့အား (၅၀၀၀၀ိ/)ကျပ်စီ ထုတ်ပေးခဲ့ပါသည်။
မာလကာခြံနဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများထဲမှ (၂)ခုမြောက်စုဘူးဖြစ်ပြီး (၁၇.၁၀.၂၀၁၃) ရက်နေ့တွင် ဦးရေ(၅၀)ဖြင့် စတင်တည်ထောင်ပေးခဲ့ရာ ယနေ့တွင် အသင်းဝင်ပေါင်း (၁၁၀)ဦးအထိ တိုးချဲ့ချေးပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။
ဆရာတော်အနေဖြင့် စုဘူးတခုစီအတွက် ကျပ် သိန်း(၁၀၀)အထိ အရင်းနှီးစိုက်ထုတ်၍ လှူးဒါန်းသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)

“နဂါးနီစိတ်ဓာတ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)


Viewing all articles
Browse latest Browse all 2129

Trending Articles