မန္တလေး၊ ဧပြီ ၁
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၁.၄.၂၀၁၄)ရက်နေ့၊ ညနေ(၅း၀၀)နာရီအချိန်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ အောင်သုခဓမ္မာရုံ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စုဘူးအသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန(နာယက)၊ အရှင်ဝိစိတ္တ(ဟောပြောတာဝန်ခံ)၊ ဒေါ်ကြည်ကြည်မာ(ဒု ဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေမှူး)၊ ဒေါ်တင်တင်ဆန်း(စာရင်းစစ်)တို့တက်ရောက်ကြပြီး နာယက အရှင်ဇဝနမှ နဂါးနီအသင်းစည်းကမ်းပိုင်းဆိုင်ရာများ အသိပညာများ ဟောပြောခဲ့ကြာင်း သိရသည်။
၎င်းနောက် အသင်းဝင်များအား စုဘူးငွေထုတ်ပေးရာ အသင်းဝင်(၄၆)ဦးတို့အား (၁)သိန်းကျပ်စီနှင့် (၁၆)ဦးတို့အား (၅)သောင်းကျပ်စီ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဇ-ဇ ၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် (၄)ခုမြောက်စုဘူးဖြစ်ပြီး ဆရာတော်မှ (၂၆.၇.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ရာ ယခု အသင်းဝင်ဦးရေ (၆၂)ရှိပြီး (၁)သိန်းတန်း (၄၂)ဦးနှင့် (၅)သောင်းတန်း (၁၆)ဦးဖြစ်သည်ဟု သိရသည်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)
“နဂါးနီစိတ်ဓာတ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)