Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဘင်္ဂါလီတစ်ဦးက ငွေတစ်သောင်းကျပ်တန်အတုဖြင့် ဘဏ်ကို လိမ်လည်ငွေသွင်းမှု မောင်တောတွင် ဖြစ်ပွား”

$
0
0
မောင်တော၊ မတ် ၂၄
ဘင်္ဂါလီတစ်ဦးက ငွေတစ်သောင်းကျပ်တန်အတုဖြင့် ဘဏ်ကို လိမ်လည်ငွေသွင်းမှုတစ်ခု မောင်တောမြို့ရှိ ကမ္ဘာ့ရတနာဘဏ် မတ် ၂၃ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် မြို့မအနောက်ရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်လီမိတက် မောင်တောဘဏ်ခွဲသို့ မောင်တောမြို့ မြို့မအနောက်ရပ်ကွက်နေ မောင်လှမြိုင်(ခ)နုရ်မိုဟာမတ် (၅၂နှစ်) သည် ၄င်းဘဏ်မှ ချေးယူထားသော ငွေကျပ်သိန်း ၂၀၀ အား ပြန်လည်ပေးသွင်းရာတွင် ငွေစက္ကူအမျိုးအစား အလိုက် ခွဲခြား၍ အတုအစစ်ခွဲခြားသောစက်ဖြင့် စစ်ဆေးရာ ပေးသွင်းသောငွေများအနက်မှ ငွေစက္ကူ တစ်သောင်းတန်းကျပ် ၅၀ ရွက်စီပါ နှစ်အုပ် ၁၀ သိန်းကျပ်မှာ အတုဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဘဏ်တာဝန်ခံဦးလေးမြင့်က မောင်လှမြိုင်အား ၄င်းငွေစက္ကူ အရွက် ၁၀၀ အား တစ်ရွက်ချင်းစီ လက်မှတ်ရေးထိုးစေပြီး ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ညနေ ၇ နာရီအချိန်တွင် ဘဏ်ခွဲတာဝန်ခံဦးလေးမြင့်က ငွေစက္ကူအတုမှန်းသိလျက် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် လာရောက်ပေးသွင်းခဲ့သူ မောင်လှမြိုင်အား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းချက်အရ မောင်တောရဲစခန်း (ပ) ၁၅/၂၀၁၅ ပြစ်မှုပုဒ်မ ၂၄၀ အရ အမှုဖွင့်ကာ ဒုရဲမှူးသိန်းကျော်က စစ်ဆေးပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခင်နှစ်များက တာကာငွေ အတုဂိုဏ်းများအား ဖမ်းဆီးရရှိမှုများရှိခဲ့ပြီး မြန်မာကျပ်ငွေ အတုများသည်လည်း ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ် လျက်ရှိသည်။

သားရွှေဦး(ကစ္ဆပ)

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...