22.3.2015 ရက်နေ့ မနက် 10:00 မှာ တောင်ကုတ်မြို့ကို ရောက်ရှိခဲ့ပါတယ်။
ကံပိုင်ဝိဟာရကျောင်းတိုက်မှာ တောင်ကုတ် မ.ဘ.သ အဖွဲ့နှင့် တွေ့ဆုံ သြဝါဒပေးခဲ့ပါတယ်။
အမျိုးဘာသာ သာသနာ လုံခြုံရေးအတွက်
ဝါစာနဲ့လည်း ကာကွယ်ရမယ်။
ပညာနဲ့လည်း ကာကွယ်ရမယ်။
အသပြာနဲ့လည်း ကာကွယ်ရမယ်။
အာဏာနဲ့လည်း ကာကွယ်ရမယ်။
ကာယာနဲ့လည်း ကာကွယ်ရမယ်။
ည 8:00 မှာတော့ ရမ်းဗြဲမြို့နယ်၊ ကံဒိုင်းတိုက်နယ်၊ မီးကျောင်းတက်ကျေးရွာ၊ တိုက်နယ်လုံးဆိုင်ရာ ဆေးခန်း ဖွင့်ပွဲ ဓမ္မသဘင်မှာ တရားဟောပါတယ်။
ပထမအကြိမ် တရားပွဲပါ။
နွေရာသီဆိုပေမယ့် စောင်ခြုံပြီး ဟောခဲ့ရပါတယ်။ တောရိပ်တောင်ရိပ်ကြောင့် နှင်းတွေကျပြီး ချမ်းအေးလို့ပါ။