16.1.2015 ရက် သောကြာနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ကုလားသမဂ္ဂ တောထုတ်ပွဲမှာ ဆရာတော် ဦးဝီရသူမိန့်ကြားခဲ့တဲ့ မိန့်ခွန်းကြောင့် ဒေါ်လာစားမီဒီယာအပေါင်းက ဦးဝီရသူကို သူကောင်းပြုလိုက်ကြပါတယ်။ ပြည်ပသြဇာခံ သူလျှို ဒလန်တွေကလည်း ဝမ်းသာအားရ ကောင်းချီးထောမနာပေးကြပါတယ်။ တချို့ ဦးဝီရသူရဲ့ ပရိတ်သတ်တွေတောင် ဒီမိန့်ခွန်းစကားကို အမှားလို့ယူဆမိပြီး ဒီအမှားကြောင့်ပဲ နောင်တစ်သက် လုံး ဘယ်လိုမှ သုံးစားမရတော့တဲ့ အနေထားမျိုးနဲ့ ဘုမသိ ဘမသိ ငိုချင်းချနေမိကြတာလည်း ရှိပါသေးတယ်။
တကယ်တော့ ဦးဝီရသူရဲ့မိန့်ခွန်းထဲက “ခင်ဗျားဟာ ကျုပ်တို့နိုင်ငံအတွက်တော့ ဖာသည်မပဲ” ဆိုတဲ့ စကားက မမှားပါဘူး။ နည်းတောင်နည်းပါသေးတယ်။(ခုခေတ်မှာတော့ ဖာသည်မလို့ အရပ်သုံး သုံးပြီး ဘုရားရှင်လက် ထက်ကတော့ ပြည့်တန်ဆာလို့ခေါ်ကြပါတယ်။)
ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာဆိုတာ ငတ်လို့သာ လုပ်နေကြရတာပါ။ သူတို့မှာ အခြားသိက္ခာ၊ မာနနဲ့ အရှက်လေးတော့ ရှိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုသာ တန်ရာတန်ကြေးနဲ့ ရောင်းစား ကြတယ်။ သူတပါးကို ကလိမ်မကျဘူး။ ဆိုးတယ်၊ မိုက်တယ် ပြောချင်ပြော။ သူတပါးအပေါ် မယုတ်မာဘူး။
ဒီအကြောင်းတွေကို အမျိုးသမီးအခွင့်အရေး စွမ်းဆောင်ရှင်ကြီးများ ဖြစ်တဲ့ ဒေါ်စန္ဒာမင်းတို့ အသိုက်က ပိုသိမှာပါ။
ယန်ဟီးလီကတော့ မငတ်ဘဲနဲ့ အရှက်မရှိလို့ သူတပါးတိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတာပါ။ ဒါဟာ ကြီးမားတဲ့ ယုတ်မာကောက်ကျစ်မှုပါ။ တစ်တိုင်းပြည်လုံးက သန်း(၅၀)ကျော် ဘဝတွေကို ရောင်းစားနေတာပါ။ အသက်၊ သွေး၊ ချွေး များစွာရင်းပြီး ထိန်းသိမ်းခဲ့ရတဲ့ မျိုး ဘာ သာ ကို ရောင်းစားနေတာပါ။ တကယ်သတ္တိရှိ စိတ်ဝင်စားလွန်းရင်လည်း ဦးဝီရသူပြောသလို ကိုယ့်ခန္ဓာကိုသာ တန်ရာတန်ကြေးယူပြီး ရောင်းစားပေါ့ဗျာ။ ပေါင်စားပေါ့ဗျာ။ ဒီတော့ ယန်ဟီးလီရဲ့ ကိုယ်ကျင့်တရားက ပြည့်တန်ဆာမတွေရဲ့အောက်ကိုလုံးဝရောက်နေပါ ပြီ။ ဒါကြောင့် ဦးဝီရသူရဲ့ မိန့်ခွန်းမမှားဘူးလို့ ပြောတာပါ။ ဒါကိုပဲ လျှော့လျှော့ ပေါ့ပေါ့ခိုင်းနှိုင်းဟောပြောသွားတဲ့ ဦးဝီရသူကြောင့် ကြားထဲက ပြည့်တန်ဆာမလေးတွေခမျာ သိက္ခာကျသွားရရှာပါသေးတယ်။
အမှားတစ်ခုတော့ ရှိပါတယ်။ အဲဒါက နေရာ(ပုဂ္ဂိုလ်)လွဲမှားမှုပါ။ “ခင်ဗျားဟာ ကျုပ်တို့နိုင်ငံအတွက်တော့ ဖာသည်မပဲ” ဆိုတဲ့စကားကို တကယ်ပြောရမဲ့သူက ဘာရာထူး၊ ဘာအာဏာမှမရှိတဲ့ ဦးဝီရသူမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ ဘဏ္ဍာ၊ တိုင်းပြည်ရဲ့အာဏာကို မျှဝေ ရယူထားကြတဲ့ သမ္မတအပါအဝင် လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ နိုင်ငံရေးပါတီတွေပြောရမယ့် စကားသာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူတွေက ကိုယ့်နိုင်ငံကို ပိုက်ဆံဗုံးပစ်ပြီး အာဏာသိမ်းနေတာကို သိသိကြီးနဲ့ ထိထိရောက်ရောက် မတားဆီး မကာကွယ်ကြပါဘူး။ ဘယ်ပါတီ ဘယ်ဌာနကမှ ဆန္ဒထုတ်ဖော်ခြင်း ကြေငြာချက်ထုတ်ပြန်ခြင်း မရှိသလို အောက်ထစ်ဆုံး တကယ်လုပ်ပေးတဲ့လူကို လက်ခုပ်ကလေးတီးပေးဖော်တောင် မရပါဘူး။
ကိုယ့်တိုင်းပြည်အတွက် ကိုယ့်လူမျိုးက တရားနည်းလမ်းတကျ တောင်းဆိုနေတဲ့ အမျိုးစောင့်ဥပဒေကိုတော့ အမျိုးသမီးအခွင့်အရေးဆုံးရှုံးရပါတယ် အော်လို့အော်၊ အမျိုးသမီးအခွင့်အရေးထိန်းချုပ်ခံရပါတယ် ဟစ်လိုဟစ်၊ အခွင့်အရေးချစ်သူကြီးတွေလုပ်နေကြပြီးတော့ ခုလို တိုင်းတပါးသားက တိုင်းခြားပြည်တွေအုပ်စိုးဖို့ စည်းလွတ် ဝါးလွတ် ဖိအားပေးတောင်းဆိုလာတာကျတော့ ရူးချင်ယောင်ဆောင်နေကြတယ်။ စာရေးသူကတော့ အဲဒီပါတီ ဌာနတွေဟာ ရေငုံမိလို့ နှုတ်ပိတ်ကြည့်နေကြတာလို့ပဲ မြင်ပါတယ်။ ဒီလို တလွဲဆံပင် အကောင်းထင်ပြီး သူရဲကောင်းလုပ်နေကြလို့လည်း ဦးဝီရသူက “စွာကျယ်မ”တွေလို့ ဝိသေသန မ-ပေးလိုက်တာ ဖြစ်မှာပါ။
ဒီတော့ အမျိုးသားရေး သွေးမအေးသူတွေက မနေနိုင် မထိုင်နိုင် လူမိုက်ကြီးဝင်လုပ်ရပြီပေါ့။ လူမိုက်ဆိုလို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးရာဇရဲ့သြဝါဒ စကားလေးကို အမှတ်ရမိပါတယ်။ မင်းတို့လိမ္မာဖို့ ငါမိုက်ပေးရ တယ်တဲ့။ ဒါက အလှအတွေးစကားမဟုတ်တဲ့ ဘဝပေးစကားပါ။ ဆရာတော်က သူတပည့်တွေ အတွက် အရှည်မျှော် ပြီး ဆရာတပည့်ပူးပေါင်းသင့်ရင် ပူးပေါင်းဆောင်ရွက်တယ်။ လက်တွဲဖြုတ်ဆန့်ကျင်သင့် ရင်လည်း တပည့်တွေ ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ချစ်လူမိုက်ကြီး လုပ်တတ်ပါတယ်။ အရှည်မြင် သူမို့ မိတ်ဆွေ၊ ရန်သူ ဘယ်လူမုန်းမုန်း ဆရာတော်က အပြုံးမပျက်ပါဘူး။
ရွှေဝါရောင်ကာလမှာ ဆန္ဒထုတ်ဖော်ဖို့ စိတ်စောနေကြတဲ့တိုက်သံဃာ(၃၀၀၀)ကျော်ကို “မင်းတို့ထွက်ချင်ရင် ငါ့ကိုသတ်ပြီးမှ ထွက်ကြ”လို့ စကားတစ်လုံးတည်းနဲ့ ဆန့်ကျင်တားဆီးခဲ့သူပါ။ (၈၈)ကာလကလည်း မစိုးရိမ် တိုက်ကြီးထဲမှာ တိုင်းကောင်စီဥက္ကဋ္ဌ ဦးညိုဝင်း အဝိုင်းခံရတာကို ရှင်လူ ပရိသတ်မနစ်နာစေရေး တပည့်တွေနဲ့ အတိုက်အခံလုပ်ပြီး ဦးညိုဝင်းကိုလည်းလွှတ်၊ ဖမ်းဆီးထားတဲ့သံဃာတွေကိုလည်း နှစ်ပတ်အတွင်း ပြန်လွှတ်ပေးဖို့ သူ့အသက်နဲ့အာမခံပြီးကြားဝင် ထိန်းညှိပေးခဲ့ပါတယ်။ ဒါကို တပည့်သံဃာတွေက သံသယဖြစ်နေသေးလို့ “နှစ်ပတ်အတွင်း မလွှတ်ရင် ငါကိုယ်တိုင် ခေါင်းဆောင်ပြီး ထွက်တိုက်မယ်ကွ၊ လူညီဖို့အရေးကြီးတယ်။ လူညီရင် မြန်မာစစ်တပ်မပြောနဲ့ ကုလသမဂ္ဂစစ်တပ်တောင် ပြိုကွဲတယ်ကွ”လို့ လူမိုက်ကြီးလုပ်ပြခဲ့ရပါတယ်။ ၈၈၊ ၂၀၀၇ အရေးအခင်းကာလ မန္တလေးမှာ အကျအဆုံးနည်းတာဟာ ဆရာတော် လူမိုက်အလုပ်ကောင်းလို့ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီလို ချစ်လူမိုက်လုပ်ရပ်တွေရဲ့ ရလဒ်က တပည့်တွေရဲ့ ငြိုငြင်မှု အနည်းနဲ့အများခံခဲ့ရပြီး အစိုးရကလည်း မော်စကိုအရောက် ချီးမြှောက်လိုက်ကြတာပါပဲ။ လက်အောက် ငယ်သားတွေအတွက်ဆိုရင် သေနတ်နဲ့ခြောက်လည်းမကြောက်၊ လာဘ်နဲ့မြှောက်လည်း မမြောက်ခဲ့တဲ့ ဆရာတော်ပါ။
ထိုသို့သော ခေါင်းဆောင်ကောင်းကို စံပြပုဂ္ဂိုလ်အဖြစ် လေးစားအားကျခဲ့တဲ့ ဦးဝီရသူလည်း မော်စကိုကို မရောက်မီကာလမှာ အမျိုးသားရေးအသိ မနိုးကြားသေးတဲ့ ပြည်သူနဲ့ အားမကိုးရတဲ့ အစိုးရကြားမှာ အမျိုးဘာသာအတွက် ဗျာများခဲ့ရပါတယ်။ ဘောင်ထဲက လုပ်တာကို အရေးတယူ အလေးမမူကြတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ခပ်ကြမ်းကြမ်းလေး လှုပ်ရှားခဲ့ရပါတယ်။ ဒါကြောင့်လည်း ကုလားကာ အစိုးရရဲ့ အချစ်တော်ဖြစ်လာပြီး မော်စကို ပို့ပစ်ခြင်းခံခဲ့ရတာပါ။
ခု မော်စကိုက အပြန်မှာတော့ ဒီမိုကရေစီ အစိုးရကို အားကိုးရနိုးနိုးနဲ့ ဥပဒေမဲ့တွေကို ဥပဒေနဲ့ တုန့်ပြန်အရေး ယူဖို့ ကြိုးစားနေပါတယ်။ ဒီလို နည်းလမ်းအရ စည်းကမ်းတကျ သွားပြန်တော့လည်း ပြည်ပအစေခံသူလျှို ဒလန်တွေက ရန်သူလို့သတ်မှတ်ပြီး ပုတ်ခတ်ကြပြန်ပါတယ်။ အစွန်းရောက်စာရင်းသွင်းပြီး အပြီးရှင်းဖို့ ကြိုးစားကာ၊ နေရာပေါင်းစုံက တိုက်ခိုက်နေကြပါတယ်။ ဒီအထဲမှာ တိုင်းပြည်ကို ဦးဆောင်ပြောင်းလဲ ပါမယ်ဆိုတဲ့ လွှတ်တော်အမတ်မင်းများတောင် ပါပါတယ်။ ဦးဝီရသူကတော့ ဆရာကောင်းတပည့်ပီပီ အမုန်းတော်ခံဘဝမှာပဲ အပြုံးမပျက် ခရီးဆက်လျက်ပါ။
ရခိုင်အရေးအခင်းကစလို့ ကမ္ဘာကြီးဟာ အမှောင်မီဒီယာ လွှမ်းမိုးခြင်းကို ခံရပြီး မြန်မာပြည်အပေါ် အထင်လွဲ လာပါတယ်။ နိုင်ငံတော်သမ္မတကိုယ်တိုင် ကုလသမဂ္ဂ စင်မြင့်ပေါ်ထိတက်ပြီး ဖြေရှင်းတင်ပြခဲ့ပေမယ့်လည်း မြေနိမ့်ရာ လှံစိုက်တတ်တဲ့ ကမ္ဘာကြီးက ဒီစကားတွေကို လစ်လျူရှု ပစ်လိုက်ကြပါတယ်။ ဘင်္ဂလီ ရိုဟင်ဂျာ လူအနည်းစု အများစု နိုင်ငံသားဖြစ်ခွင့် ဥပဒေကိစ္စတွေသာ တစ်ဆင့်တဆင့် အရှိန်မြင့် ရှုပ်ထွေးလာပြီး မြန်မာနိုင်ငံအပေါ် ကြေငြာချက်အမျိုးမျိုးထုတ်ပြန်ပြီး ကျွန်ခံခိုင်းနေကြပါတယ်။ မရှိတဲ့အပြစ်ကို အရှိဖြစ်အောင် လုပ်တယ်။ သေးတဲ့အပြစ် ကြီးအောင်လုပ်တယ်။ ကြီးတဲ့အပြစ် ပေါက်ကွဲအောင်လုပ်တယ်။ ပြီးတော့ နိုင်ငံတကာဆိုတဲ့ စကားလုံးသုံးပြီး လွှတ်တော်ကိုပါ ချုပ်ကိုင်ဖို့ ကြိုးစားလာကြပါပြီ။ ဒီလောက်အရေးကြီးတဲ့ တိုင်းပြည်ရဲ့ သေရေးရှင်ရေးကိစ္စကိုတောင် တာဝန်ရှိသူတွေက အိပ်ချင်ယောင်ဆောင်နေကြတုန်းပါဘဲ။ ဒါကြောင့် မင်းကွန်းဆရာတော်ကြီးရဲ့ သြဝါဒစကားအတိုင်း တာဝန်သိသူတွေမှာ တာဝန်ရှိလာပါတယ်။ ဒီတော့ တာဝန်ရှိသူတွေ လုပ်ရမဲ့အလုပ်။ ပြောရမဲ့စကားတွေကို တာဝန်သိသူတွေက ဝင်လုပ်ဝင်ပြောရပြီပေါ့။ ဒီလိုကြပြန်တော့လည်း တာဝန်ရှိသူက မကြိုက်။ ကြမ်းပါတယ် ရမ်းပါတယ် အရေးယူပေးပါ လုပ်ကုန်ကြပြန်တယ်။ မခက်ဘူးလားဗျာ။ အမုန်းခံသမားကြီးကတော့ အပြုံးဟန်မပျောက်။ နိဗ္ဗာန်ရောက် ကြောင်းတရား ဟောနေတာ မဟုတ်ဘူးလောက်သာ တုန့်ပြန်ပါတယ်။
ဇာတ်လမ်းလေးတစ်ပုဒ် မှတ်သားဖူးပါတယ်။ အိမ်မှာ သူခိုးကပ်တာကို အစားကြီးပြီး အအိပ်မက်တဲ့ အိမ်စောင့်ခွေးငတ်က မသိလိုက်ဘူး။ ဒါကို သတိလျင်တဲ့ စီးတော်မြင်းက မြင်တော့ သခင်သိအောင် ခွါသံပေး လိုက်မိပါတယ်။ ဒါကို အိပ်ရေးပျက်အောင်လုပ်တယ်။ ကိုယ့်နေရာကိုယ်မနေဘူးဆိုပြီး စီးတော်မြင်းကို အရေးယူ သတဲ့လေ။ ဇာတ်လမ်းလေးကတော့ ဒါပါပဲ။
တကယ်တမ်း ဒီဇာတ်လမ်းမှာ အပြစ်ရှိသူက အိမ်စောင့်ခွေးခြံလုံပါ။ ဟုတ်တယ်လေ။ သူခိုးကပ်တာကို တာဝန်ကျ ခွေးငတ်က အအိပ်မက်တော့ မသိဘူး။ သူမသိလို့ မဟောင်တော့ အိမ်ရှင်က မနိုး။ မနိုးတော့ သူခိုးက အဖိုးတန်ပစ္စည်းတွေကို လစ်တော့မှာပေါ့။ ဒီလို အဖြစ်မခံနိုင်တဲ့ တာဝန်သိစီးတော်မြင်းက ခွါခေါက် သတိပေးမိတာပေါ့။ အိမ်စောင့်ခွေးသာ တာဝန်ကျေရင် ဒီနေရာလွဲမှုပြဿနာက ပေါ်လာစရာမရှိပါဘူး။
အဲဒီမှာ ဒုတိယ အပြစ်ရှိသူက တာဝန်ပျက်ကွက်သူကို အရေးမယူ။ တာဝန်သိ တာဝန်ကျေသူကို မချီးမြှောက်ပဲ အပြစ်ပေးတဲ့ အိမ်ရှင်ပါ။ သူခိုးဆိုတဲ့ အမျိုးကတော့ လစ်ရင် ခိုးမှာပါပဲ။ လွယ်ရင်သူကြွယ်တောင် ယူတယ်ဆိုပဲ။ ဒါကို တားစီးရမှာက ကိုယ့်တာဝန်လေ။ ဒါကြောင့် အရေးယူသင့်တာက တာဝန်မကျေတဲ့ အိမ်စောင့်ခွေး ခြံလုံပါပဲ။
စာဖတ်သူကို နောက်ဆုံး သတိပေးချင်ပါတယ်။ မိမိနေရာ၊ ဌာန မှာ ခုလို နေရာလွဲမှားမှုမျိုး မဖြစ်ပေါ်အောင် အစားကြီးတဲ့ခွေး၊ အအိပ်မက်တဲ့ခွေး၊ ရန်သူမိတ်ဆွေ၊ ဧည့်ကောင်း ဧည့်ဆိုး မခွဲခြားတတ်တဲ့ ခွေးတွေကို အိမ်စောင့်တာဝန် မပေးမိကြဖို့ပါ။ မလွှဲသာ မရှောင်သာ ပေးခဲ့ရရင်လည်း အဲဒီခွေးကို အစားမကြီးအောင်၊ အအိပ်မမက်အောင် စနစ်တကျ စည်းကြပ်ပေးကြရမှာပါ။ ဒီလိုသာ မစောင့်ကြပ်နိုင်ခဲ့ရင်တော့ ခုလိုနေရာလွဲမှု တွေ ခဏခဏ ကြုံရပါလိမ့်မယ်။ ဒါကြောင့် ရှေးပေါရာဏ စကား “ဧည့်လာရင် ဆန်မကုန်စေနဲ့” ဆိုတာလို “ခြံလုံအတွက် ဆန်မကုန်ကြစေနဲ့လို့” မှာလိုက်ချင်တာပါ။
မိုးတိမ်(ရွှေကာ)
(အမှတ်(၆၃) ၁၃၇၆ခု၊ တပေါင်းလဆန်း ၁၀ ရက်၊ ၂၀၁၅၊ ဖေဖော်ဝါရီ ၂၇ ရက် သောကြာနေ့ထုတ် တိုင်းပြု ပြည်ပြု သာသနာပြု အောင်ဇေယျတု ဂျာနယ်မှ ကူးယူဖော်ပြသည်။)