30.9.2014 ရက်နေ့ မနက်စောစောထပြီး ပြင်ဆင်ကြပါသည်။ ကိုလံဘိုကိုသွားရမည်၊ ကိုလံဘိုမှတစ်ဆင့် ညလေယာဉ်နှင့် ပြန်ရမည်ဖြစ်သောကြောင့် ပစ္စည်းပစ္စယတွေအားလုံး သိမ်းဆည်းကြရပါသည်။ မနက်အာရုံ ဆွမ်းစားနေစဉ် ကျောင်းသားများက ပြင်ဆင်ကြပြီး၊ ကျောင်းသားများထမင်းစားစဉ် ဦးဇင်းလေးများက ပြင်ဆင်ကြပါသည်။
စာရေးသူက ဘုရားဝတ်တက်ပြီး သီရိမဟာဗောဓိဆရာတော်ကြီးကို နှုတ်ဆက်ပါသည်။ ဆရာတော်ကြီးက ခရီးဆောင်သေတ္တာလေးတစ်လုံး လက်ဆောင်ပေးပါသည်။ စွယ်တော်ဘုရားကိန်းဝပ်ရာ ကန္ဓကုဋိ (ဘုရား ကျောင်းဆောင်) လေး ဖြစ်နေပါသည်။ လက်ဆောင်ပေးပြီး စာရေးသူက လက်အုပ်ချီဂါရဝပြုနေစဉ် ဆရာတော် ကြီးက စာရေးသူကို သိမ်းဖက်ပြီး နမ်းပါသည်။ စာရေးသူ၏ပါးကို သူ့ပါးနှင့် ပွတ်၍ နမ်းခြင်းဖြစ်ပါသည်။ အလွန် တရာရင်းနှီးကျွမ်းဝင်သူများကို နှုတ်ဆက်သည့်ယဉ်ကျေးမှုဖြစ်ကြောင်း သိရပါသည်။
ကျောင်းသားကနည်း၊ သင်္ကန်းလျော်ချိန်ကမရ နေကပူ၍ ရေစိမ်ထားသည့်သင်္ကန်းများ ထပ်နေပါသည်။ သင်္ကန်း(၁၀)စုံယူလာရာ ကိုယ်ဝတ်တစ်စုံနှင့် အပိုသုံးခုသာယူခဲ့ပြီး ကျန်(၆)စုံကို လှူခဲ့ပါသည်။ ရေစိမ်ထား သည့် သင်္ကန်း(၃)စုံကိုလည်း လှူမည့်စာရင်းတွင် ပါပါသည်။
တည်းခိုရာကျောင်းမှ ဦးဇင်းလေးများက စာရေးသူဝတ်သည့် သင်္ကန်းအရောင်ကို သဘောကျနေကြပါသည်။ သီဟိုဠ်မှာမရှိဘူးဟုလည်း ဆိုပါသည်။ သူတို့ဝတ်သည့်သင်္ကန်းများနှင့် ယှဉ်ပြပါသည်။ သင်္ကန်းသားချင်းယှဉ် ကြည့်မှ စာရေးသူ သင်္ကန်းစက အသားကောင်းမှန်းသိရပါသည်။ လျော်ဖွတ်ပြီးသား သင်္ကန်းတစ်စုံနှင့် ရေစိမ် ထားသည့် သင်္ကန်း(၃)စုံကို ဦးဇင်းလေးများအား လှူဒါန်းလိုက်ပါသည်။
လျော်ဖွတ်ပြီးမှ လှူပါမည်ပြောသည့်အခါ အလျော်မခံပေ။ သူတို့ကိုယ်တိုင်လျော်ပါမည်ဟု ပြောပါသည်။ အသစ် မလိုချင်ပါ၊ ဝတ်ပြီးသားသင်္ကန်းသာလိုချင်သည်ဟု ပြောပြီး လျော်ဖွတ်ပြီးသားသင်္ကန်းတစ်စုံကို လက်အုပ်ချီပြီး အရိုအသေပြုကြပါသည်။ သီရိလင်္ကာရဟန်းတော်များက မြန်မာရဟန်းတော်များကို ကြည်ညိုလေးစားကြသည် ဟုဆိုပါသည်။
ကားပေါ်တက်သည်အထိ ဆရာတော်ကြီးက လိုက်ပို့ပါသည်။ ကားပေါ်မတက်ခင် လက်အုပ်ချီနှုတ်ဆက်သည့် အခါ ဆရာတော်ကြီးက စာရေးသူကို သိမ်းဖက်ပြီး ထပ်မံနှုတ်ဆက်ပြန်ပါသည်။ ဆရာတော်ကြီးနှင့် ကိုရင်ဦးဇင်း လေးများ လွမ်းကျန်ရစ်ခဲ့ကြပါသည်။
တည်းခိုရာ သီရိမဟာဗောဓိကျောင်းနှင့် ကိုလံဘိုမြို့တို့ မည်မျှကွာဝေးသည်ကို မသိရပါ။ ပုံမှန်မောင်းလျှင် မိနစ်(၄၀)ခန့်ကြာသည်ဟု ဆိုပါသည်။ သို့သော် (၁၀)မိနစ်ခန့်သာ ကြာလိုက်ပါသည်။ လုံခြုံရေးဆိုင်ကယ်နှင့် လမ်းရှင်းပေးခြင်း၊ မည်သည့်နေရာမှာမျှ မရပ်နားဘဲ မောင်းနှင်ခြင်းတို့ကြောင့် အစိန္တေယျကြီးဘုရားရှိခိုးကိုပင် ဆုံးအောင် မရွတ်ဆိုလိုက်ရပါ။ ရောက်ပြီဆို၍ ကမန်းကတန်း သင်္ကန်းရုံကာ ကားပေါ်မှအမြန် ဆင်းခဲ့ရပါ တော့သည်။
ဗုဒ္ဓယဉ်ကျေးမှုစင်တာသို့ ရောက်ပါသည်။ အထပ်မြင့်တိုက်ကြီးဖြစ်ပါသည်။ ဗောဓုဗလစေနအဖွဲ့ဥက္ကဋ္ဌကြီး ဘဒ္ဒန္တဉာဏစာရမထေရ် တည်ထောင်ထားသော ဌာနကြီးဖြစ်ပါသည်။ ဆရာတော်ကြီးက ခရီးဦးကြိုဆိုပါသည်။ ဤစင်တာကြီးဖွင့်လှစ်သည်မှာ တစ်နှစ်သာရှိသေးကြောင်း၊ ဖွင့်လှစ်စဉ်က သီတဂူဆရာတော်ဘုရားကြီး ကြွရောက် ချီးမြှောက်ကြောင်း၊ သမ္မတကြီး ရာဂျာပတ်ဆာကိုယ်တိုင် ဖွင့်လှစ်ခဲ့ကြောင်း မိန့်တော်မူပါသည်။
အခမ်းအနားများကျင်းပရာ ခန်းမသို့လိုက်ပို့ပါသည်။ မြန်မာရဟန်းတော်များ ရောက်နှင့်နေပါသည်။ ဥက္ကဋ္ဌဆရာ တော်ကြီးက စီစဉ်ပေးထားခြင်းဖြစ်ပါသည်။ မြန်မာရဟန်းတော်များက ထိုင်ရာမှထ၍ လက်အုပ်ချီနှုတ်ခွန်း ဆက်သပါသည်။ စာရေးသူက ဆရာတော်ကြီးထံ မြန်မာရဟန်းတော်များကို အပ်နှံလိုက်ပါသည်။ ရင်ဝယ်သား ကဲ့သို့ တပည့်အရင်းကဲ့သို့ သတ်မှတ်ဖို့ အပ်နှံခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးက ဗုဒ္ဓဘာသာရဟန်းတော်များ မှန်သမျှ ညီရင်းအစ်ကို ဆရာရင်းတပည့်လိုသဘောထားကြောင်း မိန့်ကြားပါသည်။ မှန်ပါသည် သီရိလင်္ကာ ရဟန်းတော်များသည် အခြားရဟန်းတော်များနှင့် တစိတ်တည်း တဝမ်းတည်းရှိကြောင်းသိရပါသည်။ ဥက္ကဋ္ဌ ဆရာတော်ကြီး ကျောင်းတိုက်မှာပင် မြန်မာရဟန်းတော်များကို အပ်နှံပေးထားကြောင်း သိရပါသည်။
မြန်မာရဟန်းတော်များက စာရေးသူအား လက်ဆောင်ပစ္စည်းများ ဆက်ကပ်ကြပါသည်။ သီရိလင်္ကာအမှတ်တရ ရုပ်ပွားတော်များဖြစ်ပါသည်။ စွယ်တော်စေတီကြေးရုပ်ထုလည်း ပါပါသည်။ မဟာကရုဏာရှင်အမှတ်အသား ရုပ်ပွားတော်လည်းပါပါသည်။ မြန်မာရဟန်းတော်များ စုပေါင်း၍ ဝယ်ယူလှူဒါန်းကြခြင်းဖြစ်ပါသည်။ မဟာကရု ဏာရှင်အမှတ်အသားဖြစ်သောရုပ်ပွားတော်ကို ရွေးချယ်၍ လက်ဆောင်ပေးရခြင်းအကြောင်းကို ရဟန်းတော် လေးတစ်ပါးက လျောက်ထားပါသည်။
“မြတ်စွာဘုရားက မဟာကရုဏာရှင်ဖြစ်တယ်၊ ဆရာတော်ဦးဝီရသူကလည်း ကရုဏာကြီးမားသူဖြစ်ပါတယ်။ ကမ္ဘာသူကမ္ဘာသားအားလုံးအပေါ် ကရုဏာမထားနိုင်ဦးတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံး အပေါ်မှာတော့ ကရုဏာထားနိုင်တာ ယုံကြည်တယ်။ ဒါကြောင့် ဒီရုပ်ပွားတော်နှင့် အသင့်တော်ဆုံးဖြစ်မယ် ထင်လို့ မဟာကာရုဏိကမြတ်ဂုဏ် ဗုဒ္ဓရုပ်ပွားတော်ကို ဆက်ကပ်ရခြင်းဖြစ်တယ်” ဟု လျောက်ထားပါသည်။
ထိုအခါ စာရေးသူက ထိုင်ရာမှထကာ စားပွဲခုံများ၏အပြင်ဘက်သို့ထွက်၍ မတ်တက်ရပ်လျက် စကားပြောပါ သည်။
“အရှင်ဘုရားတို့ တပည့်တော်အပေါ် အထင်တော့မလွဲနဲ့နော်၊ တပည့်တော်အခုလုပ်နေတာဟာ ဗုဒ္ဓဘာသာဝင် တစ်ခုတည်းအတွက် လုပ်နေတာမဟုတ်ဘူး၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ကမ္ဘာသူကမ္ဘာသားအားလုံး အတွက် ရည်ရွယ်ပြီးလုပ်နေတာပါ။ တပည့်တော်ရည်ရွယ်ချက်တွေ မအောင်မြင်သေးလို့သာ လူတွေက တပည့်တော်ကို အထင်လွဲနေကြတာပါ။ တကယ်လို့ တပည့်တော်ရည်မှန်းချက်အတိုင်းသာ အောင်မြင်ခဲ့ရင် မွတ်စလင်တွေက ဝီရသူကို ကျေးဇူးတင်နေကြမှာပါ။”
“တပည့်တော်က မလိမ္မာသူတွေကို လိမ္မာအောင်ဆုံးမနေခြင်းသာ ဖြစ်ပါတယ်။ အမုန်းတရားနှင့် တစ်ဖက် သက်အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ တစ်ခုတော့ရှိပါတယ်။ တပည့်တော်နည်းလမ်းက ကြမ်းတမ်းတော့ ဆေးခါးကြီးတိုက်ရသလိုမျိုးဖြစ်နေလို့ ခါးသီးမုန်းတီးမှုကို ခံနေရပါတယ်။ သူတို့တစ်တွေ ရောဂါပျောက်သွားရင် တော့ ဆေးခါးကြီးတိုက်သူကို ကျေးဇူးတင်နေကြမှာ အမှန်ပါ။”
“တပည့်တော် ဘယ်သူ့ကိုမှ မမုန်းပါဘူး။ မွတ်စလင်တွေအပေါ်လည်း မေတ္တာထားနိုင်ပါတယ်။ လူတွေမပြောနဲ့ တိရစ္ဆာန်တွေအပေါ်မှာတောင် ကြင်နာတတ်ပါတယ်။ တပည့်တော် ခြင်ကောင်လေးတွေ၊ ပုရွတ်ဆိတ်လေး တွေကိုတောင် မသတ်ပါဘူး။”
ဤသည်မှာ စာရေးသူ၏ ရင်တွင်းစကားဖြစ်ပါသည်။ စာရေးသူသည် ဝေဒနာနှင့်အလုပ်မလုပ်တတ်ပါ။ ဒေတာနှင့်သာ အလုပ်လုပ်ပါသည်။ စာရေးသူထံမှာ စာရေးသူတို့ အမျိုး ဘာသာ သာသနာ အဖျက်ဆီးခံရသည့် အချက်အလက်များ များစွာရှိပါသည်။ စာရေးသူတို့ အမျိုးဘာသာ သာသနာ လုံခြုံရေးသာ ရည်ရွယ်လုပ်ဆောင် ပါသည်။ အမျိုးဘာသာ သာသနာ လုံခြုံပြီဆိုလျှင် ခိုးဝင်သူဖြစ်စေ၊ ခိုးမဝင်သူဖြစ်စေ၊ ကုလားနှင့်ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ ဂရုစိုက်နေမည်မဟုတ်ပါ။ အထူးသဖြင့် မွတ်စလင်များသည် ဟိန္ဒူများကဲ့သို့ အေးဆေး ရိုးသားစွာ၊ လိမ္မာယဉ်ကျေးစွာ၊ အယူမသည်း အစွဲမကြီးဘဲ အားလုံးနှင့် သဟဇာတဖြစ်အောင် နေနိုင်မည်ဆို လျှင် အမုန်းခံရကျိုးနပ်ပါပြီ၊ အဆဲခံရကျိုးနပ်ပါပြီ၊ အပင်ပန်း အဆင်းရဲခံရကျိုး နပ်ပါပြီ။
မွတ်စလင်များကို ဟိန္ဒူများကဲ့သို့ လိမ္မာယဉ်ကျေးအောင် ဆုံးမရသည်မှာ အလွန်တရာခက်ခဲပါသည်။ အတ္တကြီး သောကြောင့်ဖြစ်ပါသည်။ ကမ္ဘာကြီးမှာ သူတို့ကသာ ဗိုလ်ကျချင်နေကြပါသည်။ သူများတွေဗိုလ်ကျသည်ကို သူတို့ မကြိုက်ကြပါ။ သူတို့ဗိုလ်ကျ၍ သူတို့ဒဏ်ခံရသောသူများက သူတို့အထုပ်ဖြည်ပြလျှင်လည်း သူတို့က မကြိုက်ကြပါ။ သူတို့လုပ်သမျှ ငုံ့ခံရုံတင်မဟုတ်ဘဲ သူတို့လုပ်ကြောင်း မည်သူ့ကိုမျှ ပြန်ပြောမပြမှ ကျေနပ်သည့် လူမျိုးဖြစ်ပါသည်။ စာရေးသူကား သူတို့၏ အဖျက်လုပ်ရပ်မှန်သမျှကို ကျယ်ပြန့်စွာသိရှိစေရေး အမြဲအားထုတ် နေသူဖြစ်ပါသည်။ ဤသည်မှာ မွတ်စလင်မုန်းတီးရေးဝါဒီ မွတ်စလင်ဆန့်ကျင်ရေးပုဂ္ဂိုလ်ဟု အထင်အခံရဆုံး အကြောင်းအရင်းဖြစ်ခဲ့ပါသည်။ မွတ်စလင်အများစုက စာရေးသူကို သတ်ချင်လောက်အောင် မုန်းတီးရခြင်း၏ အကြောင်းအရင်းဖြစ်ခဲ့ပါသည်။
မြန်မာရဟန်းတော်များ ဆက်ကပ်သည့် မဟာကရုဏာရှင်ရုပ်ပွားတော်ကို အလှူခံပြီးသည့်အခါ မြန်မာရဟန်း တော်များက စုပေါင်းရှိခိုးကြပါသည်။ ဦးဝီရသူထက် သိက္ခာဝါကြီးသူများရှိလျှင် ထိုင်ခုံပေါ်ကြွပါဟု လျှောက်ထား သံကြားရပါသည်။ ဦးဇင်းနှစ်ပါး စာရေးသူနား လာထိုင်ပါသည်။ သိက္ခာဝါ မေးကြည့်ရာ စာရေးသူထက် ဝါငယ်နေသည်ကို တွေ့ရပါသည်။ စာရေးသူက (၂၇) ဝါရှိပြီဖြစ်ကြောင်း ပြောပြသည့်အခါ အံ့သြနေကြပါသည်။ သူတို့လည်း အားတုံ့အားနာဖြစ်နေပုံရပါသည်။
မြန်မာရဟန်းတော်များ ရှိခိုးပြီးသည့်အခါ ဥက္ကဋ္ဌဆရာတော်ကြီးက သြဝါဒပေးတော်မူပါသည်။ စာရေးသူ အလှည့်ရောက်သည့်အခါ
အက္ကောဓေန ဇိနေ ကောဓံ - ဒေါသသမားကို မေတ္တာဖြင့် အနိုင်ယူရမည်……
အသာဓုံ သာဓုနာ ဇိနေ - အကျင့်မကောင်းသူကို ကောင်းသောအကျင့်ဖြင့် အနိုင်ယူရမည်……
ဇိနေ ကဒရိယံ ဒါနေန - နှမြောစေးနှဲသူကို ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူရမည်……
သစ္စေနာလိ ကဝါဒိနံ - မုသားဆိုသူကို သစ္စာတရားဖြင့် အနိုင်ယူရမည်……
စသည်ဖြင့် ဓမ္မပဒ ပါဠိတော်ကို အကျယ်ချဲ့၍ ဟောပြောခဲ့ပါသည်။
ဥက္ကဋ္ဌဆရာတော်ကြီးအား သင်္ကန်းတစ်စုံ၊ အတွင်းရေးမှူးဆရာတော်အား သင်္ကန်းတစ်စုံ လှူခဲ့ပါသည်။
အငြိမ်းစားပါမောက္ခကြီးနှင့် မစ္စတာပါနီတို့အား ၉၆၉ စတေကာများ လက်ဆောင်ပေးခဲ့ပါသည်။
မြန်မာရဟန်းတော်များနှင့် တွေ့ဆုံပွဲအခမ်းအနားပြီးသည့်အခါ အောက်ထပ်သို့ ဆင်းကြပါသည်။ အောက်ထပ် သည်စာအုပ်အရောင်းဌာနဖြစ်ပါသည်။
ဝီရသူ(မစိုးရိမ်)