4.1.2015 ရက်နေ့ထုတ် သာကီသွေးဂျာနယ် အတွဲ(၂)အမှတ်(၁၃)စာမျက်နှာ(၁၁)နတ်မင်းကြီးရဲ့ မိသားစုရွှေစကားဝိုင်း၁၂)ဆောင်းပါးနှင့်ပတ်သက်ပြီး မွတ်ကုလားငါးဖွဲ့က စာနယ်ဇင်းကောင်စီကို တိုင်ထားတယ်လို့ သိရပါတယ်။
အထောက်အထားခိုင်ခိုင်လုံလုံနှင့် ရေးထားတာဖြစ်လို့ ဆောင်းပါးရှင်က လုံးဝမမှုတဲ့အပြင် မြစေတီဆရာ တော်ကြီးက အတိုင်အတောထူတဲ့ မွတ်ကုလားတွေကို ကျောင်းခေါ်ပြီး ဆုံးမဖို့ မိန့်တော်မူပါတယ်။
ဆက်လက်ပြီး ဆရာတော်ကြီးက မိန့်တော်မူပါတယ်။
မ.ဘ.သ ဟာ အခုအချိန်ထိ တိုက်စစ်မဖွင့်ရသေးဘူး။ ခံစစ်နဲ့ပဲ ကစားနေခဲ့တာ။
ဘယ်လိုလဲ တစ်ပွဲတစ်လမ်း တိုက်စစ်ဖွင့်လိုက်ရမလားလို့ မေးခိုင်းပါတယ်။
အတိုင်ခံရသော ဆောင်းပါးနှင့် စာနယ်ဇင်းကောင်စီက ဆင့်ခေါ်စာကို ပူးတွဲတင်ပြလိုက်ပါတယ်။
========================================================
“မိသားစုရွှေစကားဝိုင်း(၁၂)”
နတ်မင်းကြီး
ဖေဖေ သမီးတို့မြန်မာနိုင်ငံမှာ ဘာသာကြီးဘယ်နှမျိုးရှိသလဲ။
ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာလို့ဆိုတဲ့ ထင်ရှားတဲ့ ဘာသာကြီးလေးမျိုး ရှိတယ်လေ သမီးကြီးရယ့်။
အဲဒီဘာသာကြီး လေးမျိုးအကြောင်းကို တိုတိုပြောပြပေးပါလား ဖေဖေ။
ကဲ ကဲ သမီးကြီးက ဘယ်ဘာသာကို အရင်ဆုံး သိချင်သလဲဆိုစမ်းပါဦး။
သမီးကတော့ ဒီကနေ့ ပေါ်ျူလာဖြစ်နေတဲ့ အစ္စလာမ်ဘာသာအကြောင်းကို အရင်ဆုံးသိချင်ပါတယ် ဖေဖေ။
အေးအေး ကောင်းပြီလေ။ မဟာမေဒင်မူဆလင်လူမျိုးတို့ရဲ့ အစ္စလာမ်ဘာသာမှာ အလ္လာဘုရားသခင်ဟာ အေဒီ(၅၇၀)ဧပြီလ တနင်္လာနေ့မှာ မွေးဖွားသူဖြစ်သတဲ့။ လူမျိုးကတော့ အာရပ်လူမျိုးတဲ့ကွယ်။ အာရေဗျနိုင်ငံ မက္ကာမြို့မှာ ဘုရားဖြစ်သတဲ့။ ဘုရားသခင်ဟာ အဖေအမေမရှိဘူးတဲ့ကွယ့်။
ဟာ ဖေဖေကလည်း အဖေအမေမရှိဘဲ ဘယ်မှာလူဖြစ်ပါ့မလဲ။
ကဲ သားရေ ထားလိုက်ပါတော့ နောက် သင့်လျော်တဲ့အခါ ပြောကြသေးတာပေါ့ကွယ်။ အလ္လာဟ်ဘုရား သခင်ဟာ အာဒံလို့ဆိုတဲ့ ယောက်ျားကို ရှေးဦးစွာဖန်ဆင်းသတဲ့။ နောက် ဟောင်ဝါလို့ဆိုတဲ့ မိန်းမကို ဖန်ဆင်းသတဲ့။ အာဒံနှင့်ဟောင်ဝါတို့ဟာ လူရဲ့အစဖြစ်တယ်လို့ ဆိုထားတယ်ကွယ်။ အလ္လာဟ်ဘုရားသခင် က အရာအားလုံးကို ဖန်ဆင်းတယ်လို့ ဆိုထားတယ်လေ။ ဖန်ဆင်းရှင်ဝါဒပဲပေါ့ သမီးကြီးရယ်။
ခရစ်ယာန်ဘာသာအရ ဖန်ဆင်းပုံချင်းတူနေတယ်လေ။ ခရစ်ယာန်ဘာသာက ထာဝရဘုရားက အာဒံနှင့်ဧဝကို ဖန်ဆင်းခဲ့တယ်လို့ ဆိုတယ်လေ။ ခရစ်ယာန်ဘာသာအကြောင်းကိုထားဦး၊ အစ္စလာမ် ဘာသာအကြောင်းကိုပဲ အကျဉ်းချုပ်ပြောပြပေးမယ်နော်။
ဟုတ်ကဲ့ပါ ဖေဖေ။
အလ္လာဟ်ဘုရားသခင်ဟာ သူ့ရဲ့ အမိန့်ကို မနာခံသူအားလုံးကို ရက်ရက်စက်စက် သတ်ပစ်သတဲ့ကွယ်။ အစ္စလာမ်ဘုရားသခင်နှင့် သူ့ရဲ့အမိန့်ကို နာခံသူများဟာ သူ့အမိန့်မနာခံသူများအားလုံးကို သတ်ပစ်ပြီး စစ်အောင်နိုင်သူများကို တမန်တော်အဖြစ် ချီးမြှောက်သတဲ့။ တပည့်လူမိုက် မွေးတာပေါ့ကွယ်။ အလ္လာဟ်ရဲ့ နောက်ဆုံးမန်တော်ကတော့ မိုဟာမက်ဖြစ်သတဲ့။
မိုဟာမက်ဟာလည်း အာရပ်လူမျိုးပဲကွယ့်။ အေဒီ(၅၇၀) ဧပြီလ(၂၀)ရက်တနင်္လာနေ့မှာ ဖွားဖြစ်ခဲ့သတဲ့။ မက္ကာကနေ မဒီနာသို့ မိုဟာမက် စတင်သွားတဲ့နှစ်ဟာ အစ္စလာမ်ဘာသာသက္ကရာဇ် စတဲ့နှစ်လို့ ဆိုပါတယ်။ ခရစ်နှစ်နဲ့ပြောရမယ်ဆိုရင်တော့ (၆၂၂) ခုနှစ်ပေါ့ သားတို့သမီးတို့ရယ်။ ကမ္ဘာမှာ အစ္စလာမ်ဘာသာပေါ်လာ တာ နှစ်ပေါင်း(၁၃၆၂) နှစ်ပဲ ရှိပါသေးတယ်။ နောက်ဆုံးပေါ်လာတဲ့ ဘာသာပါပဲ။ အဲဒီမိုဟာမက်ရဲ့ အဖေဟာ သူ့ကိုမမွေးခင်ကတည်းက သေဆုံးပြီးဖြစ်သတဲ့။ မိခင်ကတော့ သူ(၆)နှစ်သားအရွယ်မှာ သေဆုံးခဲ့သတဲ့။ အဖိုးဖြစ်သူက ကျွေးမွေးစောင့်ရှောက်လာရသတဲ့။ (၂)နှစ်အကြာမှာပဲ သူ့ရဲ့အဖိုးလည်း သေဆုံးခဲ့ရပါသတဲ့။ ဦးလေးဖြစ်သူက မိုဟာမက်ကို စောင့်ရှောက်ထားရပါသတဲ့။
သြော် မိုဟာမက် တယ်ကံဆိုးပါလား ဖေဖေ။
ကဲ ထားတော့။ မိုဟာမက် အသက်(၂၅)နှစ်အရွယ်မှာ သူ့ထက်အသက်(၁၅)နှစ်ကြီးတဲ့ မုဆိုးမခတီရှာနဲ့ အိမ်ထောင်ကျသတဲ့။ ခတီရှာရဲ့ဝန်ထင် ကုလားအုပ်လုပ်ငန်းလုပ်ကိုင်သူတို့ ညားကြတာတဲ့။ မိုဟာမက်ဟာ တရားဝင်မယား(၁၂)ယောက်နှင့် အမြှောင်မယားပေါင်းများစွာရှိသတဲ့။ ဒီအကြောင်းကို (၁၆.၃.၇၉)ထုတ် တိုင်းမဂ္ဂဇင်းမှာ ဖော်ပြထားတယ်ကွယ့်။
တယ်မယားများပါလား ဖေဖေ။
အေးကွယ်။ ဒါကတော့ သူတို့မူဆလင်(အစ္စလာမ်ဘာသာဝင်)တွေရဲ့ လုပ်ရပ်တစ်ခုပါပဲ။ နိုင်ငံတိုင်းမှာ ဒီလမ်းစဉ်အတိုင်းပဲကွယ့်။ ဟိန္ဒူဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေအကုန်လုံး ခံနေကြရတယ်လေ။
ဖေဖေ မူဆလင်+အစ္စလာမ်ဆိုတာ ဘယ်လိုကွဲပြားပါသလဲ။
သမီးငယ်ရေ မူဆလင်ဆိုတာက လူမျိုးကိုဆိုတာဖြစ်တယ်ကွယ့်။ အစ္စလာမ်ဆိုတာကတော့ ဘာသာဝင်တွေ ကို ပြောတာလေ။ အစ္စလာမ်ဘာသာ အစ္စလာမ်သာသနာကို ပြန့်ပွားအောင်လုပ်ခဲ့သူကတော့ ပြောခဲ့ပြီးဖြစ် တဲ့ မိုဟာမက်ပါပဲ။ မိုဟာမက်ဟာ ခရစ်နှစ်(၆၃၁)ခုနှစ်မှာ ကွယ်လွန်ခဲ့သတဲ့။ မိုဟာမက်ကွယ်လွန်သွားတဲ့ အခါ မိုဟာမက်ရဲ့တပည့် အဘူဘေကာ လို့ ဆိုတဲ့သူက မိုဟာမက်ရဲ့ ပြောကြားချက်များနှင့် ထင်ရာမြင်ရာကို စုစည်းပြီး ကုရ်အာန်ကျမ်းမြတ် ကို အကျယ်တဝင့်ထုတ်ဝေလိုက်တယ်လေ။ ဖေဖေ့လက် ထဲမှာရှိတဲ့ စာအုပ်ကြီးပါပဲ။ ဒီလိုအနေအထားအတိုင်း(၂)အုပ်ရှိတယ်ကွယ့်။
ဖေဖေစာအုပ်ကြီးကလည်း အကြီးကြီးပါလား။
အေးကွယ့်။ ဒီစာအုပ်ကြီးက ပထမတွဲကွယ့်။ ဒုတိယတွဲလည်းရှိသေးတယ်။ ဒုတိယတွဲကိုတော့ ဖေဖေမြင်ခဲ့ ဖူးတယ်။ မဖတ်ဖူးသေးဘူး။ ဒီပထမတွဲကိုတော့ ဖေဖေဖတ်ပြီးပါပြီ။ ဒီဘက်မှာရေးသားထားတဲ့ စာလုံးတွေက အာရဗီဘာသာစာတွေဖြစ်တယ်ကွယ့်။ ဒီဘက်က ရေးသားထားတဲ့ စာတွေကတော့ မြန်မာပြန်ထားတဲ့ မြန်မာစာတွေပဲဖြစ်တယ်လေ။
ဖေဖေ သမီးတို့ကို အဲဒီစာအုပ်ထဲမှာပါတဲ့ စာသားလေး နည်းနည်းလောက် ဖတ်ပြပေးပါလား။
အေးအေး ဖေဖေဖတ်ပြပေးမယ်နော်။ အားလုံး နားထောင်ကြ။
ဟုတ်ကဲ့ပါ ဖေဖေ။
၁။ မပြတ်မစဲ သနားကြင်နာညှာတာတော်မူထသော အနန္တကရုဏာရှင်ဖြစ်တော်မူထသော (အဟာနုဒယော၊ မဟာနုကမ္ပကော) အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။
၂။ ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြဝဠာအပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးသည့်တိုင် အောင် အဆင့်ဆင့်)ပြုစုပျိုးထောင်တော်မူထသော အလ္လာဟ်အရှင်မြတ်အဘို့သာတည်း။
၃။ (အလ္လာအရှင်မြတ်သည်) မဟာနုဒယော၊ မဟာနုကမ္ပကော၊ မပြတ်မစဲ သနားကြင်နာညှာတာတော် မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူ၏။
၎။(အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သော သတ္တဝါတို့ကို ရှင်ပြန်ထစေတော်မူ၍ သူတော်စင်တို့အား) ကောင်းကျိုး၊ (မသူတော်တို့အား)မကောင်းကျိုးပေးတော်မူမည်ဖြစ်သောနေ့ကို (ဣဿာရ) အစိုးရတော်မူ သော အရှင်ဖြစ်သည်။
၅။ ကျွန်တော်မျိုးတို့သည် ကိုယ်တော်အရှင်မြတ်ကိုသာလျှင် ခယရိုကျိုးရှိခိုးဆည်းကပ်ပါ၏။ ထို့ပြင်တဝ ကျွန်တော်မျိုးတို့အား ကူညီစောင်မတော်မူပါရန် ကိုယ်တော်အရှင်မြတ်အထံတော်၌ ဆုတောင်းပတ္ထနာ ပြုပါ၏။
၆။ (အို-အလ္လာဟ်အရှင်မြတ်) ကျွန်တော်မျိုးတို့အား အစစအရာရာတွင် ဖြောင့်မတ်မှန်ကန်သော (မဇ္ဈိမပဋိပဒါ)ဥဇုမဂ္ဂလမ်းစဉ်ကို ညွှန်ကြားပြသတော်မူပါ။
၇။ အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် (မေတ္တာကရုဏာသက်ဝင်တော်မူ၍) သုခချမ်းသာ ဂုဏ်ကျေးဇူးကို ပြုခဲ့လေပြီဖြစ်၏။ ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကို (ကျွန်တော်မျိုးတို့အားလည်း ညွှန်ကြားပြသတော်မူပါ။)
အမျက်တော်စူးရှခြင်း ခံရသူများ(၏လမ်း)လည်းမဟုတ်၊ လမ်းမှာသူများ(၏လမ်း)လည်းမဟုတ် သူမွန်သူမြတ်တို့၏ ဥဇုမဂ္ဂလမ်းမှန်ကိုသာ ညွှန်ကြားပြသတော်မူပါ။
(၁) ကုရ်အာန်ကျမ်းမြတ်သည် အစမှအဆုံးတိုင် ကရုဏာချည်းသာတည်း။
(၁) ဖြောင့်မတ်သောလမ်းသည် တရားစည်းကမ်း နည်းလမ်းမှန်သောလမ်း တနည်းအားဖြင့် အစ္စလာမ် သာသနာတော်ကိုပင် ဆိုလိုသည်။
အခု ဖေဖေဖတ်ပြပေးတာ ကုရ်အာန်ကျမ်းမြတ်ပထမတွဲအဖွင့်ကဏ္ဍအစောင်၁၊စာ-၁/၂/၃/ တို့မှာ ရေးသားထားတာကို ဖတ်ပြတာကွယ့်။ အောက်ခြေတွေမှာလည်း ရှင်းလင်းချက်တွေပါသေးတယ်။
ဖေဖေ ဖတ်ပြလို့သာ သမီါ်တို့ကြားလိုက်ရတာ ဘာတစ်ခုမျှ နားမလည်ဘူး။
အေးကွယ်။ ဒီတော့ အချိန်မရှိတော့ဘူး။ မနက်ဖြန်ညကျမှ ရှင်းပြပေးမယ်နော်။
ဟုတ်ကဲ့ပါ ဖေဖေ။
မိသားစုရွှေစကားဝိုင်းသည် ယနေ့ညတွင် ည(၁၀)နာရီပင် ထိုးလေပြီ။ စကားဝိုင်းသိမ်းလိုက်ပြီး မလှသီချပေးထားသော လဖက်ရည်တစ်ခွက်နှင့် မုန့်တစ်ထုပ်စားပြီး အိပ်ရာဝင်ခဲ့ကြပါတော့သည်။
ဆက်ပါဦးမည်
နတ်မင်းကြီး