အတွဲ(၁)အမှတ်(၈) သာသနာတော်နှစ် ၂၅၅၈ခု၊ ကောဇာနှစ် ၁၃၇၆ ခု၊ တပေါင်းလပြည့် ကျော်(၈)ရက် ၁၂-၃-၂၀၁၅၊ ကြာသပတေးနေ့ထုတ် အတုမရှိ အမျိုးသားရေးဂျာနယ် စာမျက်နှာ (၇)မှ ဝီရသူ(မစိုးရိမ်) ရေးသားသော “ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းများ ဖွင့်လှစ်ခြင်း” ဆောင်းပါးအား ကူးယူဖော်ပြသည်။
“မ.ဘ.သ လုပ်ငန်းစဉ်(၁၀)”
“ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်များ ဖွင့်လှစ်ခြင်း”
ကလေးငယ်များသည် သာသနာ့ခံတပ်ကြီးများဖြစ်ပါသည်။ ကလေးငယ်များကို အရင်းတည်၍ အမျိုးဘာသာ သာသနာလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါသည်။
မြေပြင်ပေါ်မှာတည်သောဘုရား ရေတိုက်စားလျှင် ပျက်စီးနိုင်ပါသည်။ တောင်ကုန်းပေါ်မှာတည်သော ဘုရား ငလျင်လှုပ်လျှင် ပျက်စီးနိုင်ပါသည်။ အာဖဂန်ကျောက်ဆောင်များကို ဆင်းထုတည်ထားသော သဘာဝဘေးအန္တရာယ်ကြောင့် လုံးဝမပျက်စီးနိုင်သော ရုပ်ပွားတော်များသည်ပင် တာလီဘန်တို့၏ ဒိုင်းနမိုက်စ် ကြောင့် ပျက်စီးခဲ့ရပါသည်။
ရုပ်ဝတ္ထုသာသနာသည် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးနိုင်သော သာသနာဖြစ်ပါသည်။ ရန်သူတို့ ဖျက်ဆီးလျှင် ပျက်စီးနိုင်သော သာသနာဖြစ်ပါသည်။
ကလေးငယ်များ၏ ရင်ထဲ၌ တည်ပေးထားသော သာသနာသည် သဘာဝဘေးအန္တရာယ်ကြောင့်လည်း မပျက်စီးနိုင်ပါ။ ရန်သူတို့ ဖျက်ဆီး၍လည်း မရနိုင်သော သာသနာဖြစ်ပါသည်။ ထိုသို့သော ထာဝရတည်မြဲမည့် ဘုရားမျိုးကို တည်ပေးနိုင်သူသာလျှင် ဘုရားစစ် ဘုရားမှန်ကို တည်ပေးသူများ ဖြစ်ပါသည်။ ဘုရားဒကာ /ဒကာမ အစစ်အမှန်များ ဖြစ်ပါသည်။
ထို့ကြောင့် ရင်သွေးငယ်တို့ နှလုံးသား၌ ဘုရားတည်ပေးခြင်းဖြင့် သာသနာ့ခံတပ်ကြီးကို တည်ဆောက် ပေးကြဖို့လိုပါသည်။
မြန်မာပြည်၌ မွတ်ကုလားများနှင့် အိမ်ထောင်ပြုကြသူများအနက် ၅၀% နှုံး သည် နှလုံးသားမှာ ဘုရားမရှိ သော နှုတ်ခမ်းဖြားမှာသာ ဘုရားရှိသော ဘာသာရေးအခြေခံမဲ့သူလေးများ ဖြစ်ကြပါသည်။ ထိုသို့သော ကလေး ငယ်များကို ကာကွယ်ရာ၌ အထိရောက်ဆုံးနည်းလမ်းမှာ နှလုံးသားမှာ ဘုရားတည်ခြင်းလုပ်ငန်းပင် ဖြစ်ပါ သည်။ ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်မှန်သမျှ တစ်ယောက်တစ်လေမျှပင် မကြံစည်ရဟူသော ခံယူချက်မျိုးဖြင့် အိမ်ပေါက်စေ့ လူတန်းစေ့ သာသနာပြုဖို့ လိုပါသည်။
ဥပဒေဖြင့် ကာကွယ်ခြင်းသည် ဘာသာ သာသနာကိုသာ ကာကွယ်နိုင်ပါသည်။ လူမျိုးကို မကာကွယ် နိုင်ပါ။ ဥပမာ အမျိုးစောင့်ဥပဒေလေးရပ်၌ ပါဝင်သော ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေနှင့် လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတို့သည် ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ထားသော ဥပဒေသာ ဖြစ်ပါသည်။ ကုလားမယူရ တရုတ်မယူရ စသည့် ပြဋ္ဌာန်းချက်များ မပါဝင်ပါ။ မွတ်ကုလားများကို ယူမိမှားလျှင် အတင်းအဓမ္မ ကုလားဇာတ်အသွင်းမခံရစေရန် ကာကွယ်ထားခြင်းသာ ဖြစ်ပါသည်။
အသိဉာဏ်မြှင့်တင်ခြင်း သဒ္ဓါတရားခိုင်မာစေခြင်းဖြင့်သာ လူမျိုးကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ လူမျိုးကို ကာကွယ်နိုင်ပြီဆိုလျှင် ဘာသာ သာသနာကိုပါ ကာကွယ်ပြီးသားဖြစ်ပါသည်။
အမျိုး ဘာသာ သာသနာ သစ္စာစောင့်ပါမည်……
ဘာသာတူရာဆိုင်မှာသာ ဈေးဝယ်ယူပါမည်……
ဘာသာတူရာအချင်းချင်းသာ ဖူးစာရွေးပါမည်……
ဤအဓိဋ္ဌာန်သုံးချက်ကို နေ့စဉ်ရွတ်ဆိုခိုင်းခြင်း၊ အနက်အဓိပ္ပါယ်ကျယ်ဝန်းစွာ ရှင်းပြခြင်းဖြင့် အမျိုးသား ရေးခံတပ်ကြီးကို လုံခြုံခိုင်မာတောင့်တင်းအောင် တည်ဆောက်ထားဖို့ လိုပါသည်။
ကလေးငယ်များသည် သာသနာ့တိုက်စစ်မှူးများဖြစ်ပါသည်။ ကလေးငယ်များ ဘာသာရေးအသိဉာဏ် မြင့်မား၍ အထွေထွေ ဗဟုသုတနှင့် ပြည့်စုံနေပြီ၊ လက်ရုံးရည် နှလုံးရည် ပြည့်စုံနေပြီဆိုလျှင် သူတို့၏ အနာဂတ် စိတ်ချရယုံတင်မကဘဲ သာသနာတော်အတွက်ပါ အားကိုးအားထား ပြုနိုင်သူများ ဖြစ်လာနိုင်ပါသည်။ ဘာသာခြားများနှင့် ဘာသာရေးဆွေးနွေးကြလျှင်လည်း မိမိတို့ဘက်မှ နှုတ် အ နေခြင်းမျိုး မရှိနိုင်တော့ပါ။ ကလေးငယ်များကြီးလာလျှင် သီတဂူဆရာတော်ကြီးတို့လို သပြေကန်ဆရာတော်ကြီးတို့လို ကမ္ဘာ့သာသနာပြု ပုဂ္ဂိုလ်ကြီးများလည်း ဖြစ်လာနိုင်ပါသည်။ ဆရာကြီးဦးဘခင် ဆရာကြီးဂုဏ်အင်္ဂါလို ဝိပဿနာ သာသနပြု ဆရာကြီးများလည်း ဖြစ်လာနိုင်ပါသည်။ တိုက်စစ်မှူးအရည်အချင်းမရှိလျှင် ဂိုးရှူးခွင့်ရပါလျက် အခွင့်အရေးကို အသုံးမချတတ်သောကြောင့် ဂိုးမရနိုင်ခဲ့သော အဖြစ်အပျက်များ၊ တိုက်စစ်မှူးအမှားမှတဆင့် ဂိုးပေးလိုက်ရ သော အဖြစ်ဆိုးများနှင့်လည်း ကြုံရတတ်ပါသည်။
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့မှ မွတ်စလင်မိန်းကလေးတစ်ယောက်နှင့် မိုးညှင်းမြို့နယ် ရွာလေးတစ်ရွာမှ ဗမာကောင်လေးတစ်ယောက်တို့ တက္ကသိုလ်တက်ရင်း ငြိစွန်းကြပါသည်။ နှစ်ယောက်စလုံး ကျောင်းဆက်မတက်ဘဲ အဲဒီရွာမှာပင် နေထိုင်ကြပါသည်။ ဗမာမိသားစုက ဘုရားကျောင်းကန်နှင့် အင်မတန် ဝေးသူများဖြစ်ကြပါသည်။ မိဘကိုယ်တိုင်က ဘာသာတရားကိုင်းရှိုင်းရိုသေရကောင်းမှန်း မသိသောကြောင့် သားဖြစ်သူမှာလည်း ဘာသာတရားအဓိပ္ပါယ်ကို လေးနက်စွာ တွေးရကောင်းမှန်းမသိတော့ပါ။ မွတ်စလင် မိန်းကလေးခင်ဗျာ ဘယ်ဘုရားရှိခိုးရမှန်းမသိရတော့ပါ။ ကလေးတစ်ယောက်ရသည့်အခါ ကောင်မလေး၏ မိသားစုက ကလေးလေးကို ခေါ်ထားလိုက်ပါသည်။ သားငယ်လေး မွတ်စလင်ဇာတ်သွင်း ခံလိုက်ရပါတော့ သည်။ များမကြာခင် မိခင်ပါ ဟိုပင်ပြန်ရောက်သွားပါတော့သည်။ မိခင်က သားဖြစ်သူနှင့် အတူနေချင်ကာ၊ ဖခင်ဖြစ်သူ ဗမာကောင်လေးလည်း မိခင်ကုလားမနောက် လိုက်သွားရပါတော့သည်။ ယခုအထိ ရွာကို ပြန်မလာတော့ပါ။ ရွာသူ ရွာသားများက ဗမာကောင်လေးကိုယ်တိုင် မွတ်စလင်ဇာတ်သွင်းခံလိုက်ရပြီဟု ယုံကြည်နေကြပါသည်။
ဤသည်မှာ ဂိုးသွင်းဖို့ အခွင့်အရေးရပါလျှက် အရည်အချင်းမရှိသောကြောင့် ဂိုးပေါက်ပျောက်ခဲ့ရခြင်း ဖြစ်ပါသည်။ ပြန်လည်ဂိုးပေးလိုက်ရခြင်းဖြစ်ပါသည်။
ထို့ကြောင့် သာသနာ့တိုက်စစ်မှူးများဖြစ်သော ရင်သွေးငယ်တို့နှလုံးသား၌ ဘုရားတည်ပေးခြင်းဖြင့် သာသနာတော်ထွန်းကားပြန့်ပွားအောင် ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။ အမျိုးဘာသာ သာသနာစောင့်ရှောက် ရေး(မ.ဘ.သ)အဖွဲ့ကြီး ဆောင်ရွက်ရမည့် ကဏ္ဍကြီး(၇)ရပ်တွင် သင်တန်းရေးရာကဏ္ဍသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်း ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ရင်သွေးငယ်လေးများနှလုံးသား၌ ဘုရားတည်ပေးခြင်းသည် မဘသ လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်ပါသည်။
ယခုအခါ၌ ယဉ်ကျေးလိမ္မာသင်တန်းများ၊ ဓမ္မစကူးလ်ကျောင်းတော်များ ပေါ်ထွန်းလာသည်မှာ အနာဂတ်သာသနာတော်အတွက် ကောင်းသောလက္ခဏာဖြစ်ပါသည်။ သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာ နှင့် နှိုင်းဆလျှင် လွန်စွာနည်းပါးနေသေးသည်ကို တွေ့ရှိရပါသည်။ မြို့တိုင်းမှာရှိသင့်သောသင်တန်း ရွာတိုင်းမှာ ရှိသင့်သောသင်တန်းများဖြစ်ပါသည်။ တစ်နိုင်ငံလုံး တောရော မြို့ပါမကျန် သင်တန်းများ ကိုယ်စီဖွင့်လှစ်ရမည့် တာဝန်သည် ဆိုင်ရာမြို့နယ် မဘသ တို့၏ တာဝန်ဖြစ်ပါသည်။
“သာသနာ ပညာ ယဉ်ကျေးမှု၊ ကောင်း တော် ယဉ်အောင် ပြု” ဆိုသည်မှာ မဘသ ဆောင်ပုဒ်ဖြစ်ပါ သည်။ လူမျိုးတိုင်းမှာ ဆိုင်ရာဘာသာတရား၏ အဆုံးအမ လိုအပ်ပါသည်။ သို့မှသာ အသိအလိမ္မာ ထွန်းကား မည်ဖြစ်ပါသည်။ လူသားတိုင်း ပညာတတ်ပါမှ အဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်မည်ဖြစ်ပါသည်။ လူသား တိုင်းသည် မိမိတို့ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းရမည့်တာဝန်ရှိပါသည်။
ပညာတတ်ပြီး မလိမ္မာလျှင် ၄င်းအတတ်ပညာသည် ၄င်းအတွက် အန္တရာယ်ရှိသလို တိုင်းပြည်နှင့် လူမျိုးအတွက်လည်း အဆိပ်အတောက်ဖြစ်တတ်ပါသည်။ ထို့ကြောင့် လူသားတို့၏ ပညာရပ်များကို သာသနာ နှင့် ထိန်းကွပ်ရမည်ဖြစ်ပါသည်။ ဤသည်မှာ မဘသ ၏ တာဝန်ဖြစ်ပါသည်။
သာသနာမရှိလျှင် ယဉ်ကျေးမှုလည်းမရှိနိုင်တော့ပါ။ ထို့ကြောင့် ယဉ်ကျေးမှုကို သာသနာနှင့် ထိန်းကွပ်ရမည်ဖြစ်ပါသည်။ ဤသည်မှာ မဘသ၏ တာဝန်ဖြစ်ပါသည်။
ကလေးများကို လိမ္မာယဉ်ကျေးအောင် ဆုံးမရာ၌ ရှေးဦးစွာ ပျော်အောင်မွေးဖို့လိုပါသည်။ ကလေးများ သည် စုပေါင်း၍ တိုးဝှေ့ စားသောက်ရသည်ကို နှစ်ချိုက်တတ်ကြပါသည်။ သူငယ်ချင်းများစွာနှင့် ပြေးလွှား ပျော်ပါး ဆော့ကစားရသည်ကို နှစ်ချိုက်တတ်ကြပါသည်။ ဇာတ်၊ ဝတ္ထု၊ ပုံပြင်များ စုပေါင်းနားထောင်ရသည်ကို နှစ်ချိုက်တတ်ကြပါသည်။ ဤသို့ စုပေါင်းစားနိုင်အောင်၊ စုပေါင်းကစားနိုင်အောင် စုပေါင်းနားထောင်နိုင်အောင် စီစဉ်ပေးခြင်းဖြင့် ကလေးများကို ပျော်အောင်မွေးရမည်ဖြစ်ပါသည်။
“ပျော်အောင်မွေးလို့ ကောင်းအောင်ပြင် ကောင်းကျိုးတလွန်လွန်” ဟူသည်နှင့်အညီ ပျော်အောင် မွေးမြူပါက ကောင်းအောင်ပြင်ဖို့ မခဲယဉ်းတော့ပါ။ ဆုံးမသြဝါဒများ၊ တရားဓမ္မများ သင်ကြားပို့ချ၍လည်း ကောင်းအောင်ပြင်နိုင်ပါသည်။ ဇာတ်၊ ဝတ္ထု၊ ပုံပြင်များ ပြောပြ၍လည်း ကောင်းအောင်ပြင်နိုင်ပါသည်။
ကလေးငယ်များ စာရိတ္တကောင်း စိတ်ထားကောင်းလာလျှင် မိဘများလည်း စိတ်ချမ်းသာကြ ရပါသည်။ ကလေးငယ်လေးများ အနာဂတ်လည်း သာယာဖြောင့်ဖြူးမည်ဖြစ်ပါသည်။ အမျိုးဘာသာ သာသနာအတွက် လည်း လုံခြုံစိတ်ချရမည်ဖြစ်ပါသည်။ ဤသည်ကို ရည်ရွယ်၍ ကောင်းကျိုး တလွန်လွန်ဟု ဆိုခြင်းဖြစ်ပါသည်။
“ကောင်းအောင်ပြင်လို့ တော်အောင်ပြု ဗုဒ္ဓယဉ်ကျေးမှု” ဟူသည်နှင့်အညီ မိမိသင်တန်းမှ ထွန်း တောက်လာသူလေးများ ပညာရေးအတွက် ဝိုင်းဝန်းထောက်ပံ့ပေးရမည်ဖြစ်ပါသည်။ ပြုစုပျိုးထောင်ပေး ရမည်ဖြစ်ပါသည်။ သို့မှသာ လူကောင်း လူတော်လေးများ ပေါ်ထွန်းလာမည်ဖြစ်ပါသည်။ ဤသည်မှာ ဗုဒ္ဓယဉ်ကျေးမှုဖြစ်ပါသည်။
ယဉ်ကျေးလိမ္မာသင်တန်းများကား မိမိရပ်ရွာ၌ အန္တရာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမြဲတစေ ပြုလုပ်နေရမည့် သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်ပါသည်။ မသေမချင်းပြုလုပ်ရမည့် သာသနာပြုလုပ်ငန်းကြီး တစ်ခုဖြစ်ပါသည်။
နွေရာသီမှာ ရက်ရှည်သင်တန်းပို့ချခြင်းဖြင့် စိတ်တိုင်းကျ သာသနာပြုဖို့လိုသလို ကျောင်းဖွင့်ရာသီ မှာလည်း ဓမ္မစကူးလ်သင်တန်းလေးများ တစ်ပတ်လျှင် တစ်ရက်စီ ဖွင့်လှစ်ပေးခြင်းဖြင့် သာသနာနှင့် ဝေးကွာ မသွားရအောင် ထိန်းကျောင်းပေးဖို့လိုပါသည်။
ကလေးများဖြင့် သာသနာကို ကာကွယ်ရမည့် တာဝန်မှာ မဘသ၏ တာဝန်ဖြစ်ပါသည်။
ကလေးများဖြင့် သာသနာထူထောင်ရမည့်တာဝန်မှာ မဘသ၏ တာဝန်ဖြစ်ပါသည်။
မဘသအဖွဲ့ဝင်များအားလုံး ကလေးများဖြင့် သာသနာပြုနိုင်ကြပါစေသတည်း………..။
ဝီရသူ(မစိုးရိမ်)
27.2.2015