Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကျူးဗလီ မြေနေရာဟောင်း၌ မြေသန့်မင်္ဂလာ ပြုလုပ်ခြင်း”

$
0
0
မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရွှေစည်ခုံစေတီတော် ဘုရားဝန်းအတွင်း ယခင်ကျူးဗလီ မြေနေရာဟောင်း၌ မြေသန့်မင်္ဂလာပြုလုပ်ပွဲကို 23.1.2015 ရက်နေ့ ည 4:00 မှာ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ မြေသန့်မင်္ဂလာပြုလုပ်ပွဲသို့ ပြုလုပ်ရာ မြို့နယ်သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်သံဃနာယက ဆရာတော်များ မြို့နယ် မဘသ ဆရာတော်များ စုစုပေါင်း(၄၄)ပါး ကြွရောက် ချီးမြှောက် တော်မူကြပြီး လူပုဂ္ဂိုလ်များအဖြစ် မြို့နယ်အာဏာပိုင်များ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အလှူရှင်များ ပရဟိတဝံသာနုရက္ခိတ လူငယ်မောင်မယ်များ တက်ရောက်ကြပါသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ရွှေစည်းခုံကျောင်းဆရာတော်ကြီးထံမှ ပရိသတ်များက ငါးပါးသီလခံယူကြပါသည်။ သံဃာတော်များက ရတနသုတ်နှင့် မေတ္တသုတ် ပရိတ်ရွတ်ဖတ် သရဇ္ဈာယ်တော်မူပြီး မြေနုတ်ကမ္မဝါနှင့် အန္တရာယိက ကမ္မဝါစာများကို “ကျူးဗလီ” ဝန်းနေရာအနှံ့ ရွတ်ဖတ်ကြပါ သည်။ ထို့နောက် နဘူးကျင်းရွာဦးကျောင်းဆရာတော်ထံမှ သြဝါဒကထာ နာယူကြပြီး ရန်အောင်မင်းကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာကြားကာ ရေစက်သွန်ချ အမျှဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ရုတ်သိမ်းပါသည်။
အခမ်းအနားအပြီး ကြွရောက်လာသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား မြို့နယ် မ.ဘ.သ အဖွဲ့က ဆရာတော်ဦးဝီရသူ၏ “အမျိုးစောင့်ဥပဒေမူကြမ်း” စာအုပ်ပေးဝေကြပါသည်။
ထို “ကျူးဗလီ” မြေနေရာဟောင်း၌ မဟာဝိဇယဓမ္မဗိမာန်တော် တည်ဆောက်ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ဘက)ကျောင်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ပို့ချသွားမည်ဖြစ်ပါသည်။








Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...