Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အကျဉ်းသားဘဝက နားအေးတယ်”

$
0
0
ထောင်ကိုမကြောက် အမှောင်ကိုကြောက်သူ
ဘွဲ့တံဆိပ်ကိုမမက် လက်ထိပ်သာမက်သူ
အများဆဲမှာမတွေး တရားလွဲမှာပဲ တွေးတတ်သူ။
ဦးပဉ္စင်းအတွက်တော့ ထောင်ဆိုတာအပန်းဖြေစခန်းပါ။
နားအေးပါးအေးနေချင်လှပါရဲ့။
ဘုရားအလုပ်တရားအလုပ် အချိန်ပြည့်လုပ်နေချင်လှပါရဲ့။
ဦးပဉ္စင်းကလည်း ထောင်ထဲသွားချင်
မီဒီယာတွေကလည်း ထောင်ထဲပို့ချင်
ဘာကြောင့်များ ထောင်ထဲမရောက်နိုင်ရတာပါလိမ့်နော်……။
ဦးပဉ္စင်းရဲ့ဆန္ဒ မီဒီယာတွေရဲ့ဆန္ဒ ပြည့်ဝအောင် လုပ်ပေးမယ့်သူ မရှိကြတော့ဘူးလားဗျာ။
ဝီရသူ(မစိုးရိမ်ဝ
26.1.2015
PM 3:40
(27.1.2015 ရက်စွဲပါ The First Music News Journal သတင်းကို ပူးတွဲတင်ပြလိုက်ပါတယ်။)
“မြန်မာနိုင်ငံလုံးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို ရိုင်းပျစော် ကားသောစကားလုံး အသုံးအနှုန်းများနဲ့ ပြောကြားခဲ့တဲ့ ဦးဝီရသူကို မန္တလေးတိုင်းသာသနာရေးဌာနက ပုဒ်မ ၂၉၄/၂၉၅(က)အရ တရားစွဲလိုက်ပြီဟူသော သတင်းများပေါ်ထွက်လာ”
မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂအထူသံတမန် မစ္စယန်ဟီလီကို ဦးဝီရသူဟာ ကြမ်းတမ်းရိုင်းပြစွာ ဆဲရေးတိုင်းထွာဟောပြောမှုကြောင့် ကုလသမဂ္ဂရဲ့ ဖိအားပေးခြင်းခံနေရတဲ့ နိုင်ငံတော်အစိုးရ၊ သာသနာရေးဝန် ကြီးဌာနအနေနဲ့ အဆိုပါရိုင်းပျကြမ်းတမ်းစွာ ဟောပြောခဲ့သူ ဦးဝီရသူကို တရားစွဲဖို့ပြင်ဆင်နေပြီဆိုတဲ့ သတင်း တွေဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာနေပြီလည်း ဖြစ်ပါတယ်။
သာသနာရေးဌာနရဲ့ ညွှန်ကြားချက်အရ ယနေ့ ၂၂.၁.၂၀၁၅ မနက် ၁၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး သာသနာရေးအရာရှိများ မစိုးရိမ်တိုက်သစ် ပထမမဟာနာယကဆရာတော်ဘုရားကြီးထံ လာရောက်လျှောက် တင်နေပြီဖြစ်ကြောင်း၊ လူသာမန်တို့တောင် နှုတ်ဖျားက ပြောဆိုဖို့ဝန်လေးဖွယ်ကောင်းတဲ့ စကားလုံးအသုံး အနှုန်းတွေကိုအသုံးပြုပြီး စင်မြင့်ပေါ်ကနေ ဟောပြောခဲ့တဲ့ ဦးဝီရသူအား ပုဒ်မ ၂၉၄/၂၉၅(က) ဖြင့် အရေးယူဖို့ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဦးဝီရသူမှာ ယခင်ထောင်ကြွေး ၁၆ နှစ်ပါ ကျန်ရှိသေးတာမို့ တစ်ပေါင်းတစ်စည်း တည်း ပြန်လည်ကျခံရတော့မှာဖြစ်ကြောင်း စသဖြင့် အတည်ပြုလို့မရတဲ့ သတင်းတွေဟာလည်း လူမှု ကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာနေတာကို တွေ့ရပါတယ်။  အဆိုပါ ထွက်ပေါ်နေတဲ့သတင်းများနဲ့ ပတ်သက်ပြီး ၂၃.၁.၂၀၁၅ နေ့ နေ့လယ်ပိုင်းက မန္တလေးသာသနာရေးဌာနကို ဆက်သွယ်မေးမြန်းအတည်ပြုရာမှာတော့ တာဝန်ရှိသူတစ်ဦးက……
“အခု ညွှန်ကြားရေးမှူးများ အစည်းအဝေးပြုလုပ်နေပြီဖြစ်ကြောင်း၊ ဦးဝီရသူကို တရားစွဲမည်၊ မစွဲမည်ကိုလည်း မိမိမသိရှိကြောင်း၊ အစည်းအဝေးပြီးလို့ အဖြေထွက်ပေါ်လာရင်တော့ ပြန်လည်ဆက်သွယ်ပြောကြားပေးမှာ ဖြစ်ကြောင်း၊ ဂျာနယ်တိုက်ရဲ့ ဖုန်းနံ့ါတ်ပေးခဲ့စေလိုကြောင်း” စသဖြင့် တိုင်းသာနသာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်း မီဒီယာတစ်ခုမှာတော့ သာသနာရေးဦးစီးဌာနအနေနဲ့ ဦးဝီရသူကို တိုင်ကြားသူရှိမှသာ အရေးယူနိုင်မှာဖြစ်ကြောင်း၊ ကုလသမဂ္ဂရဲ့ ၄င်းတို့ကိုယ်စားလှယ်အပေါ် ရိုင်းစိုင်းစော်ကားတဲ့ အသုံးအနှုန်း စကားလုံးအပေါ် ရှုတ်ချတဲ့ထုတ်ပြန်ချက်အပေါ် နိုင်ငံတော်အစိုးရအနေနဲ့ တစ်စုံတစ်ရာတုံ့ပြန်ပြောကြားရန် မရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ဟာလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပြီး ဗုဒ္ဓဘာသာဝင်အများစုက ဝေဖန်မှုတွေ ပေါ်ထွက်လာနေတာလည်း ဖြစ်ပါတယ်။ ဦးဝီရသူကတော့……
“အဲဒီသတင်းမဟုတ်ပါဘူး။ တိုင်းသာသနာရေးဦးစီးဌာနက အရာရှိတွေ ကျောင်းကိုလာတာမှန်တယ်။ ဒါက တပိုတွဲလပြည့်နေ့မှာလုပ်မယ့် မစိုးရိမ်တိုက်သစ် ညီလာခံအတွက် လာရောက်လျှောက်ထားတာဖြစ်တယ်။ ဦးပဉ္စင်းကို တရားစွဲဖို့ လာတာမဟုတ်ပါဘူး” လို့ ပြည်တွင်းသတင်းမီဒီယာတစ်စောင်ကို ပြောကြားခဲ့ကြောင်း လည်းသိရှိရပါတယ်။

၀၁၂


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...