အရှင်ဝီရသူ၏ တရားပွဲများက ဗုဒ္ဓဘာသာဝင်များကို သွေးဆူစေသော ဖြစ်ရပ်များပေါ်ပေါက်စေသည်ဟူသော စွပ်စွဲမှုများရှိလာခဲ့သည်။
(Daily Eleven သတင်းစာ 21.1.2015)
သွေးပူဖို့သွေးဆူဖို့ သွေးပွက်ဖို့ သွေးတက်ဖို့နေနေသာသာ ကျုပ်တို့လူမျိုးတွေက အအိပ်ကြီးကြတယ်ဗျ။ သွေးအေးလွန်းကြတယ်ဗျ။ ရခိုင်အရေးပေါ်ပေါက်လာလို့သာ လန့်ဖျက်နိုးလာကြတာ။ မနည်းကြီးကို နွှေးပေးနေရတာပါဗျာ။
ဦးပဉ္စင်းတရားပွဲကြောင့် ဘယ်မြို့မှာ ဘာတွေဖြစ်ခဲ့ဖူးလို့လဲ? ဖြစ်ခဲ့တဲ့မြို့တွေမှာတောင် ဥပဒေမဲ့ တုန့်ပြန်မှုကို ဘုရားမကြိုက်ကြောင်း၊ အစိုးရလက်မခံကြောင်း၊ ဦးဇင်းတို့အားမပေးနိုင်ကြောင်း ဟောပြောလိုက်လို့ သဘောပေါက်ကုန်တာတွေ၊ စောင့်ထိန်းကုန်တာတွေ အများကြီးပါ။
အမြင်မတူ ငြူစူသူတစ်စုရဲ့ စွပ်စွဲချက်လေးတစ်ခုတည်းနှင့် သတင်းရေးတာ မျှတပါရဲ့လား နေထွန်းနိုင်။
မကြာသေးမီ အချိန်များကလည်း အရှင်ဝီရသူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၊ ယခင်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်တို့နှင့် လျို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့နှင့် ရင်းနှီးမှုရှိသူ အဖြစ်လည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
(Daily Eleven သတင်းစာ 21.1.2015)
မကြာသေးမီအချိန်လို့ ရေးတာ တရားပါသလားဗျာ။ 2012 ခုနှစ် လ ရက်နေ့တုန်းက တွေ့ဆုံခဲ့တာပါ။ လျှိုဝှက် တွေ့ဆုံတာလည်း မဟုတ်ပါဘူး။ တံခါးပိတ်ဆွေးနွေးတာလည်း မဟုတ်ပါဘူး။ မီဒီယာတွေရှေ့၊ သံဃာတွေရှေ့၊ ဧည့်ပရိသတ်တွေရှေ့မှာ တွေ့ဆုံခဲ့တာပါ။ အဲဒီဆွေးနွေးတဲ့ခွေ အစအဆုံး အွန်လိုင်းမှာ ရှိပါတယ်။
ခင်ညွန့်နှင့် တွေ့ဆုံတာလည်း 2012 ကပါပဲ။
နိုင်ငံကျော် ဓမ္မကထိက တွံတေးဆရာတော် အရှင်ဣန္ဒကရဲ့ မွေးနေ့မှာ တွေ့ခဲ့တာပါ။
Sky Net တို့ DVB တို့ရှေ့မှာတင် တွေ့တာပါ။
အကျဉ်းသားအချင်းချင်းမို့ ကူညီရိုင်းပင်းတဲ့အနေနဲ့ လက်ခံစကားပြောခဲ့တာပါ။
နန်းကျဘုရင်တစ်ယောက်ကို ဘုရားသားတော်တစ်ပါးက အားပေးနှစ်သိမ့်ခြင်းပဲ ဖြစ်ပါတယ်။ ရင်းနှီးမှုလည်း မရှိပါဘူး။ အခုအချိန်ထိ လူကြုံနှင့်တောင် စကားမပါဖူးပါဘူး။
အောင်သောင်းတို့ ခင်ညွန့်တို့ကို လက်ခံစကားပြောခဲ့သလို မင်းကိုနိုင်တို့ မိုးသီးဇွန်တို့ကိုလည်း ဒီနေရာမှာပဲ လက်ခံစကားပြောခဲ့တာပါ။
မင်းကိုနိုင်တို့ကို ဗီနိုင်းတွေနှင့်တောင် ချီးကျူးခဲ့ပါသေးတယ်။ မိန့်ခွန်းပြောဖို့တောင် စီစဉ်ပေးခဲ့ပါသေးတယ်။
မိုးသီးဇွန်တို့ကို မင်းကွန်းထိတောင် လိုက်ပို့ခဲ့ပါသေးတယ်။
ဘုရားသားတော်ပီပီ အစိမ်းအကျက်မခွဲဘဲ ဆက်ဆံတာကျ ခင်ဗျားတို့က မျက်ကွယ်ပြုခဲ့ကြ။
မိုးသီးဇွန်တို့ မင်းကိုနိုင်တို့ကို အားပေးထောက်ခံတာကျ မရေးဘဲ အောင်သောင်း ခင်ညွန့်တို့နှင့် တွေ့တာကိုကျ ဧရာမအပြစ်ကြီးတစ်ခုလို ရေးသားနေကြတာတွေကရော အစွန်းမရောက်ပေဘူးလား?။
အောင်သောင်းတို့ခင်ညွန့်တို့ကို လက်ခံစကားပြောခွင့် မပေးကြတဲ့ ခင်ဗျားတို့ ဒီမိုကရေစီမျိုးကို ကျုပ် မမြတ်နိုးဘူး။
ငါနဲ့မတူ ငါ့ရန်သူစနစ်ကို ကျုပ်မကျင့်သုံးနိုင်ဘူး။
ကျုပ်လူမျိုးအတွက် အကျိုးရှိမယ်ဆိုရင် ကျုပ် ကုလားနှင့်လည်း တွဲရင်တွဲမယ်။
နိုင်ငံကောင်းစားရေးပဲလုပ်နိုင်မယ်။
နိုင်ငံရောင်းစားရေး ကျုပ်မလုပ်နိုင်ဘူး။
ဝီရသူ(မစိုးရိမ်)
26.1.2015
PM 2:30
==========================================================
“မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှု မြင့်တက်”
ထိုအချိန်နောက်ပိုင်း အရှင်ဝီရသူ၏ ဟောကြားချက်များ ပိုမိုပျံ့နှံ့လာခဲ့ကာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် အပြင်းထန်ဆုံး ဖြစ်လာသည်။ ၉၆၉ လှုပ်ရှားမှု ခေါင်းဆောင်ဆရာတော်အဖြစ် လူသိများ ထင်ရှားလာသည့်အပြင် အရှင်ဝီရသူ၏ တရားပွဲများက ဗုဒ္ဓဘာသာဝင်များကို သွေးဆူစေသော ဖြစ်ရပ်များ ပေါ်ပေါက်စေသည်ဟူသော စွပ်စွဲမှုများ ရှိလာခဲ့သည်။
အမျိုးသားရေး ခေါင်းစဉ်ဖြင့် ဟောကြားမှုများ ပြုလုပ်လာခဲ့သော အရှင်ဝီရသူ၏ ရပ်တည်မှုသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့သော သံဃာတော်များ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်သော သံဃာတော်များ၏ ရပ်တည်ချက်နှင့် များစွာ ကွဲပြားခြားနားမှုရှိကြောင်း ပြောဆိုမှုများ ရှိပါသည်။
လက်ရှိအချိန်တွင် ၉၆၉ လှုပ်ရှားမှုများ နေရာ၌ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကိစ္စရပ်က ပိုမိုနေရာယူလာခဲ့ပြီး အဆိုပါ အမျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး တိုက်တွန်းချက်များနှင့် စပ်လျဉ်းသော အဆိုပြုချက်များကို အရှင်ဝီရသူက၂၀၁၂ ခုနှစ်နောက်ပိုင်း ပိုမိုပြုလုပ်ခဲ့သည်။
အမျိုးစောင့်ဥပဒေများ ပေါ်ထွက်ရေးအတွက် ၂၀၁၃ ခုနှစ် ဇွန်က ဖွဲ့စည်းခဲ့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို စတင်ခဲ့သူ ဦးဆောင်ဆရာတော်များထဲတွင်လည်း အရှင်ဝီရသူ ပါဝင်ခဲ့ကာ လက်ရှိအချိန်တွင်လည်း ထိုအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး၊ အထက်မြန်မာနိုင်ငံ တာဝန်ခံအဖြစ် ဆောင်ရွက်ကာ အဖွဲ့၌ ဓမ္မကထိကနှင့် ကမ္မာဋ္ဌာနာစရိယ ဆရာတော်များ ပါဝင်စေရန် တာဝန်ယူ နှိုးဆော်စည်းရုံးရေး ဆရာတော်တစ်ပါး ဖြစ်သည်။