Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လူ့အခွင့်အရေး အကြီးအကဲ၏ တိုက်တွန်းချက်အပေါ် လတ်တလောတုံ့ပြန်ရန် အစီအစဉ်မရှိသေးဟု သမ္မတရုံးဆို”

$
0
0
ကုလလူ့အခွင့်အရေး အ ကြီးအကဲက ဦးဝီရသူအား မြန်မာ အစိုးရက ကန့်ကွက်ရှုတ်ချရန် တိုက်တွန်းချက်အပေါ် လတ်တ လောတွင် တုံ့ပြန်ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်းနှင့် ကုလ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အစိုးရ၊ လွှတ်တော်တို့ကို လေးစားရန်လို ကြောင်း နိုင်ငံတော်သမ္မတရုံးက တုံ့ပြန်လိုက်သည်။

ယမန်နေ့က ကုလလူ့အခွင့် အရေးဆိုင်ရာ အကြီးအကဲက ၎င်းတို့၏ အရာရှိ ရန်ဟီးလီအား လိင်ပိုင်းဆိုင်ရာ ညစ်ညမ်း စော်ကားသည့် အသုံးအနှုန်းဖြင့် လူမြင်ကွင်းတွင် ခိုင်းနှိုင်းပြောကြားခဲ့သည့် ဦးဝီရသူကို ဆန့်ကျင်ကန့်ကွက်ရန် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းအပေါ် သမ္မတရုံး အကြီးတန်းအရာ ရှိတစ်ဦးက ပြောကြားခြင်းဖြစ်သည်။
‘‘ဒီစာ ကျွန်တော်တို့ဆီ မရောက်သေးဘူး။ သူတို့တိုက် တွန်းချက်ကို ပြောရရင် သံဃာ တော်တွေနဲ့ပတ်သက်ရင် နှစ်ပိုင်း ရှိတယ်။ တစ်ခုက သံဃ၀ိနည်း၊ တစ်ခုက တည်ဆဲဥပဒေ။ ဒါတွေ အရပဲ ဆောင်ရွက်လို့ရမယ်။ ဒါ တောင် အစိုးရက လုပ်လို့မရဘူး။ သံဃမဟာနာယကအဖွဲ့ကပဲ ဆောင်ရွက်လို့ရမယ်။ သူတို့ (ကုလ)က ဆန့်ကျင်ပါဆိုတိုင်း ကျွန်တော်တို့က ဖြစ်စဉ်ကို သေ ချာဘက်စုံ မသုံးသပ်လို့ မရဘူး။ အကြောင်းရင်းကို ကြည့်ဖို့လို တယ်။ ရိုဟင်ဂျာဆိုပြီး သူ(ရန်ဟီး လီ) ပြောတာက ကျွန်တော်တို့ရဲ့ ဥပဒေတွေ၊ အစိုးရရဲ့ လွှတ်တော် အပါအ၀င် မြန်မာနိုင်ငံရဲ့ အချုပ် အခြာအာဏာကို လေးစားရ မယ်။ လာထိပါးလို့ မရဘူး’’ဟု သမ္မတရုံးအကြီးတန်း အရာရှိကြီး တစ်ဦးက ပြောသည်။
သံဃာတော်များ ၀ိနည်းနှင့် ညီ၊ မညီ၊ တည်ဆဲဥပဒေကို ချိုး ဖောက်ခြင်း ရှိ၊ မရှိကို မြို့နယ် သံဃနာယကအဖွဲ့ကသာ တရားလိုပြုလုပ် တိုင်တန်းနိုင်ပြီး ဦးထင်လင်းဦးနှင့် မဟာသန္တိသုခ ကျောင်းတိုက် ကိစ္စတို့သည်လည်း သံဃမဟာနာယကကသာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အစိုးရက တရားစွဲခဲ့ခြင်း မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ဦးဝီရသူအား အရေးယူ၊ မယူ ကိစ္စနှင့်ပတ်သက်၍ သံဃမဟာနာယကအဖွဲ့ အတွင်းရေးမှူး ဓမ္မရောင်ခြည်ဆရာတော်ထံ တယ်လီဖုန်းဖြင့် သုံးကြိမ်ခန့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားပေးသူ မရှိသေးပေ။ လက်ရှိတွင် မန္တလေးတိုင်း သာသနာရေးဦးစီးဌာန အရာရှိများက မစိုးရိမ်ကျောင်းတိုက် မဟာနာယကဆရာတော်ကြီးထံ ယမန်နေ့က သွားရောက်တွေ့ဆုံခဲ့သော်လည်း ဦးဝီရသူအား အရေးယူမည့် ကိစ္စနှင့် မပတ်သက်ကြောင်း သတင်းရရှိသည်။
‘‘ကုလသမဂ္ဂက ဒီကိစ္စကို ရှင်းချင်တယ်ဆိုရင် မြန်မာအနေ နဲ့ တည်ဆဲဥပဒေအရပဲ ဆောင် ရွက်လို့ရမယ်။ ဥပဒေကို ကျော် လွန်ပြီးတော့ ဘာမှလုပ်ပေးလို့ မရဘူး။ ကုလအနေနဲ့ မြန်မာကို  ဝေဖန်ပြစ်တင်တဲ့ အသုံးအနှုန်း သုံးတာကိုတော့ သတိထားဖို့ လို လိမ့်မယ်’’ ဟု သမ္မတရုံးအကြီး တန်းအရာရှိက ဆိုသည်။
ကုလ၏ ရှုတ်ချသည့် ကြေ ညာချက်အပေါ် ၎င်းအနေဖြင့် ဂုဏ်ယူပြီး ၎င်းအားအရေးယူမှု ရှိခြင်း၊ မရှိခြင်းမှာ အစိုးရနှင့်သာ သက်ဆိုင်ကြောင်း ဦးဝီရသူ၏ လက်ကိုင်ဖုန်းအား တာဝန်ခံဖြေကြားသူတစ်ဦးက 7Day Daily အား ပြောကြားသည်။
ပြည့်တန်ဆာနှင့် ခိုင်းနှိုင်းခံ ရသည့် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ရန်ဟီးလီက မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ် အကြောင်းအရာများအား ၀င် ရောက်ဆွေးနွေးလှုပ်ရှားသူ တက် ကြွလှုပ်ရှားသည့် အမျိုးသမီးများ အပေါ်တွင် ၎င်းကဲ့သို့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်တိုက်ခိုက် မှုများ ဖြစ်ပေါ်နေပြီး ယခုကိစ္စကို မြန်မာအစိုးရ မည်သို့တုံ့ပြန်မည် ဆိုခြင်းကို စောင့်ကြည့်နေမည် ဖြစ်ကြောင်း BBC သတင်းဌာန အားပြောကြားခဲ့သည်။



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...