Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“တရားစွဲခံရလျှင် ဖြေရှင်းရန်အသင့်ရှိဟု ဦးဝီရသူ မိန့်ကြား”

$
0
0
ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအ ထူးကိုယ်စားလှယ်အပေါ် ကြမ်း တမ်းသော စကားလုံးအသုံးအနှုန်းများ သုံးနှုန်းခြင်းကြောင့် ဝေဖန်ခံ နေရပြီး မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဦးစီးဌာနမှ တရားစွဲ ဆိုထားသည်ဟူ၍ ကောလာဟလများထွက်ပေါ်နေသည့်အပေါ် တရားစွဲခံရလျှင်လည်း ဖြေရှင်းရန်အသင့်ရှိသည်ဟု ဆရာတော်ဦးဝီ ရသူက မိန့်ကြားသည်။
‘‘ကိုယ်လုပ်ခဲ့တဲ့အလုပ်အ ပေါ်မှာ ကိုယ်တိုင်တာဝန်ယူပြီး တော့ ဖြေရှင်းမှာပါ။ ဦးပဉ္စင်းအနေနဲ့ အသင့်ရှိပါတယ်’’ဟု ဆရာတော် ဦးဝီရသူက မိန့်ကြား သည်။
သာသနာရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး သာသနာ ရေးဦးစီးမှူးက ဦးဝီရသူအားအ မှုဖွင့်တရားစွဲဆိုသည်ဆိုသော ကောလာဟလများ ပျံ့နှံ့နေသော် လည်း မန္တလေးမြို့ရှိ ရဲစခန်းများတွင် ၎င်းအားအမှုဖွင့်တရားစွဲဆိုမှု မရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ‘‘အမှု မဖွင့်ပါဘူး။ ဘာမှမရှိပါဘူး’’ ဟု ဒု-ရဲမှူးကြီးစိန်ထွန်းက ပြော သည်။
ဇန်န၀ါရီ ၂၂ ရက် မွန်းလွဲပိုင်းက သာသနာရေးဌာနမှ တာဝန်ရှိ သူများ မစိုးရိမ်ဆရာတော်ကြီးထံ လာရောက်ခဲ့သော်လည်း မည် သည့်အတွက် လာရောက်သည် ကို မသိရှိရကြောင်း ဦးဝီရသူက မိန့်ကြားသည်။
မန္တလေးတိုင်းဒေသကြီး သာ သနာရေးဦးစီးဌာနရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း အရာရှိများအစည်းအဝေးပြုလုပ် နေသည့်အတွက် ဖြေကြား မပေးနိုင်သေးကြောင်း တာဝန်ရှိသူတစ် ဦးက ပြောသည်။
ဇန်န၀ါရီ ၁၆ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ‘‘ဘင်္ဂါလီ များအား နိုင်ငံသားအခွင့်အရေး ပေးရန်နှင့် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံအပေါ် တိုက်တွန်း ချက်ကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲ’’တွင် မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက်မှ ဦးဝီရသူက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ် စားလှယ် မစ္စရန်ဟီးလီအား ကြမ်းတမ်းသော စကားလုံးများသုံးနှုန်း ကာ ပြောဆိုဝေဖန်ခဲ့သည်။



Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း