Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း အတည်မပြုရေး တောင်းဆိုသွားမည်”

$
0
0
ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းကို ပြဋ္ဌာန်း ခြင်းမပြုရန် ချင်းအမျိုးသားညီ လာခံ ဘုံသဘောတူညီချက် အ ကောင်အထည်ဖော်ရေး ပေါင်း စပ်ညှိနှိုင်းရေးကော်မတီက ပြည် ထောင်စုလွှတ်တော်နာယကထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘာသာကူးပြောင်းခြင်းဥပ ဒေမူကြမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်၊ အ ပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၈တို့နှင့် ဆန့်ကျင်နေသဖြင့် မြန်မာနိုင်ငံ အတွင်းရှိ လူတစ်ဦးချင်းစီ၏လွတ် လပ်စွာ ကိုးကွယ်ယုံကြည်မှုဆိုင် ရာ အခွင့်အရေးများ ထိပါးနေသည့် အချက်များပါဝင်နေပြီး ယင်း ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခြင်း မပြုရန် တိုက်တွန်းတောင်းဆို သွားမည်ဟု ကော်မတီ ညှိနှိုင်းရေး မှူး ဆလိုင်းအိုင်းဇက်ခင်က ပြော ကြားသည်။
‘‘လူတစ်ဦးချင်းစီရဲ့ အခွင့် အရေးကို ၀င်ရောက်စွက်ဖက်သ လိုဖြစ်နေတယ်။ ကျွန်တော်တို့ လက်မခံတာ။ ချင်းမှ မဟုတ်ပါ ဘူး။  တစ်နိုင်ငံလုံးအတွက်ပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။
ဘာသာတစ်ခုမှ တစ်ခုသို့ ကူးပြောင်းခြင်းသည် လူဝင်မှုကြီး ကြပ်ရေး၊ အမျိုးသမီးရေးရာတို့ ၏စစ်ဆေးချက်ခံယူပြီးမှ ကူးပြောင်း ရမည့်အခြေအနေဖြစ်နေပြီး လူ တစ်ဦးချင်း၏ ကိုးကွယ်ယုံကြည် မှုကို ရုံးတော်က ဆုံးဖြတ်ခြင်းသည် ဘ၀င်ကျစရာ မဟုတ်ကြောင်း  ဆလိုင်းအိုင်းဇက်ခင်က ပြော သည်။
ဘာသာကူးပြောင်းမှုဥပဒေ မူကြမ်းကို လွှတ်တော်မှ ပြဋ္ဌာန်း ခြင်းမပြုရန် အချက်အပါအ၀င် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ်ကို အမြန် ဆုံးလက်မှတ်ရေးထိုး၍ နိုင်ငံရေး ဆွေးနွေးမှုကို ၂၀၁၅ မတိုင်မီ ကျင်းပရန်၊ ဒုတိယအကြိမ်လုပ် ငန်းအစည်းအဝေးသဘောထား ထုတ်ပြန်ချက်တွင် တိုက်တွန်း တောင်းဆိုထားသည်။ ထို့အပြင်  ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီတို့ ချုပ်ဆိုထားသော စာချုပ်ကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန် တောင်းဆို ချက်တွင်ပါဝင်သည်။



Viewing all articles
Browse latest Browse all 2129

Trending Articles