Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် ဟောပြောပွဲကျင်းပ”

$
0
0
မန္တလေး၊ ဇန်နဝါရီ ၁၉
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၁၉.၁.၂၀၁၅)ရက်နေ့၊ ညနေ (၃း၀၀)နာရီအချိန်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ အောင်သုခဓမ္မာရုံကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန (နာယက)၊ ဒေါ်ကြည်ကြည်မာ (ဒု ဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင် (အတွင်းရေးမှူး)တို့တက်ရောက်ကြပြီး ဟောပြောပွဲတာဝန်ခံ အရှင်ဉာဏိဿရနှင့် ဒေါ်ကြင်ကြင်မြိုင်တို့မှ အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲပြီးနောက် ငွေစုပတ်ပြည့်သည့် အသင်းဝင် (၄၃)ဦးတို့အား စုဘူးငွေထုတ်ပေးခဲ့ရာ အသင်းဝင်(၄၀)ဦးအား (၁)သိန်းကျပ်စီနှင့် (၃)ဦးအား (၅)သောင်းကျပ်စီ အသီးသီးပေးအပ်ခဲ့ပါသည်။
ဇ-ဇ ၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် (၄)ခုမြောက်စုဘူးဖြစ်ပြီး ဆရာတော်မှ (၂၆.၇.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ရာ ယခု အသင်းဝင်ဦးရေ (၅၈)ရှိပြီဖြစ်ကြောင်း သိရပါသည်။ ဆရာတော်အနေဖြင့် ရပ်ကွက်တခုအတွက် သိန်း(၁၀၀)အထိ မတည်လှူဒါန်းသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရပါသည်။
နဂါးနီစုဘူး၏ ငွေချေးစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို စုဘူးအသင်းဝင်များအတွက် ကျန်းမာရေးရန်ပုံငွေ၊ (၃)ကျပ်ကို စုဘူးငွေတိုးချဲ့ထုတ်ပေးရန်နှင့် အသင်းဝင်သစ်များ တိုးချဲ့လက်ခံရန် စီးပွားရေးရန်ပုံငွေအဖြစ် စုဆောင်းပေးသည်ဟု သိရပါသည်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)
=====================================================
“နဂါးနီစိတ်ဓာတ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။

(ဝီရသူ-မစိုးရိမ်)





Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...