Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကုလားသမဂ္ဂ အလိုမရှိ”

$
0
0
“ရခိုင်အမျိုးသားပါတီ ဘင်္ဂါလီအရေးဖိအားပေးသော ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ရပ်ဆိုင်း”
အောင်ခိုင်၊ ရန်ကုန်
ရခိုင်အမျိုးသားပါတီ(ANP)က ဘင်္ဂါလီအရေးဖိအားပေးဆောင်ရွက်နေသော ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
တစ်ဖက်သတ်ဖိအားပေးဆောင်ရွက်နေခြင်းများကြောင့် ကုလလက်အောက်ခံအဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုတို့မှ အဖွဲ့အစည်းများနှင့် ဘင်္ဂါလီအရေးဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်နေမှုများကို ကာလအကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
“အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးတော့ ဘင်္ဂါလီရေးရာပူးပေါင်းဆောင်ရွက်နေတာကို နောက်ခြေလှမ်း ပြန်ဆုတ်လိုက်တာ။ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ရခိုင်တွေရဲ့ သုံးသပ်တင်ပြချက်တွေက အရာမဝင်ဘူး။ တစ်ဖက်သတ်ဆုံးဖြတ်တယ်။ ပြဿနာကို ဒီလိုဖြေရှင်းဖို့ အားနဲ့ဆုံးဖြတ်တယ်။ ရိုဟင်ဂျာကို လက်ခံ၊ နိုင်ငံသားအသိအမှတ်ပြုပေးပေါ့ဗျာ။ ကျွန်တော်တို့ကျိုးကြောင်းဆီလျော်စွာ တင်ပြတာတွေကို ဂရုမစိုက်ဘူး။ ကျွန်တော်တို့ကိုတွေ့တာက သူတို့အစီရင်ခံစာမှာ နှစ်ဖက်တွေ့တယ်ဆိုတာ ပြသဖို့ပဲ ပါဝင်နေရတဲ့ သဘောဖြစ်နေတယ်။ ပြဿနာရှင်းဖို့ ဘက်နှစ်ဖက်တင်ပြချက်ကို အလေးထားပြီး မျှတတဲ့ အကြံပြုချက်ကိုပဲ လိုချင်တာပါ။ ဒါကြောင့် ကုလအပါအဝင် ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းအား လုံးနဲ့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တာကို ကာလအကြာအထိ ရပ်ဆိုင်းခဲ့တာ” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
ကုလသမဂ္ဂက လူနည်းစုအခွင့်အရေးကို အသိအမှတ်ပြုသည့်အနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာဟုသာ ခေါ်ဆိုမည်ဟု ပြောကြားထားသည်။ ပြီးခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ် လုံးဝအသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
ကုလနှင့် နိုင်ငံတကာအဖွဲ့စည်းများသည် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဖက်သတ်ကူညီနေပြီး အချုပ်အခြာအာဏာကို စွက်ဖက်သည့်လုပ်ငန်းများဆောင်ရွက်နေခြင်းကြောင့် ပဋိပက္ခများဖြစ်ပွားစေနိုင်ကြောင်း ရခိုင်အမျိုးသားအင်အားစုများကဝေဖန်သည်။



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...