တစ်ပင်မှတစ်ပင်ကူးမဟုတ်ပါဘူး။ ပလ္လင်မှ ပလ္လင်ကူးပါ။ မြောက်ဥက္ကလာ ဌ-ရပ်ကွက်ကနေ ည-ရပ်ကွက်ကို ကူးရတာပါ။
မြောက်ဥက္ကလာပမြို့နယ်၊ ည-ရပ်ကွက်၊ ဧရာ(၁၀)လမ်း၊ ဝါတွင်းဝါပ ဗုဒ္ဓဟူးဆွမ်းလောင်းအသင်း၊ သာသနပါလ အာစိဏ္ဏကံအလှူရှင်များ ၂၁ ကြိမ်မြောက် ဓမ္မပူဇာမဟာပဋ္ဌာန်းအောင်ပွဲ ဓမ္မသဘင်ပါ။
ပလ္လင်တက်တော့ 9:00 နာရီကျော်ပါပြီ။ ပရိသတ်ကတော့ ဇွဲကောင်းကောင်းနှင့် စောင့်ကြိုနေကြတုန်းပါပဲ။
မအိပ်ချင်အောင် အိမ်ချင်ပြေဆေး စိတ်ရွှင်ဆေးတွေ တိုက်ကျွေးလိုက်ပါတယ်။ တဝါးဝါး တဟားဟားနှင့် အားရပါးရ ရယ်ကြပါတယ်။
11:00 နာရီမှ ပြီးပါတယ်။
ရန်ကုန်ပရိသတ်ကို ကြောက်တောင်လာပါပြီ။ ရက်မရရင် နှစ်ပွဲပင့်ကြလို့ပါ။