Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မ.ဘ.သ လုပ်ငန်းစဉ်(၆) ကျေးဇူးရှင်ကိုကယ်တင်ခြင်း”

$
0
0
အတွဲ(၁)၊ အမှတ်(၄)၊ သာသနာတော်နှစ် ၂၅၅၈ခု၊ ကောဇာနှစ် ၁၃၇၆ခု၊ ပြာသိုလပြည့်ကျော်(၈)ရက်၊ ၁၂-၁-၂၀၁၅၊ တနင်္လာနေ့ထုတ် အတုမရှိဂျာနယ်မှ ဝီရသူ(မစိုးရိမ်)ရေးသားသော ကျေးဇူးရှင်ကို ကယ်တင်ခြင်း ဆောင်းပါးအား ကူယူဖော်ပြသည်။
“မ.ဘ.သ လုပ်ငန်းစဉ်(၆)”
“ကျေးဇူးရှင်ကို ကယ်တင်ခြင်း”
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးသည် မြေကြီးကိုသာ စောင့်ရှောက်ရမည်မဟုတ်ပါ။ ကျွဲနွားများကိုလည်း စောင့်ရှောက်ရပါမည်။ ကျွဲနွားများသည် အဟိတ် တိရစ္ဆာန်များပင် ဖြစ်သော်လည်း လူသားများအပေါ် လွန်စွာ ကျေးဇူးရှိသော ကျေးဇူးရှင်ကြီးများဖြစ်ကြပါသည်။
မြတ်စွာဘုရားက လူသားတို့အပေါ် ကျေးဇူးကြီးမားသော ဆင်၊ မြင်း၊ ကျွဲ၊ နွား စသော တိရစ္ဆာန်များကို ကြင်နာဖို့၊ ကျေးဇူးသိဖို့၊ ကျေးဇူးဆပ်ဖို့ ဟောကြားခဲ့သည်များရှိခဲ့ပါသည်။ ခုဒ္ဒကနိကယ် ဇာတကပါဠိတော် သတ္တကနိပါတ် ဒဠှဓမ္မ ဇာတ်တော်၌ ဘဒ္ဒဝတီ ဆင်အိုမကြီးတစ်ကောင်ကို ဥဒေန မင်းက ပစ်ပယ်ထားသဖြင့် ဥဒေနမင်းအား မြတ်စွာဘုရားက ဟောကြားခဲ့သည့် ကျေးဇူးဆပ်တရားဖြစ်ပါသည်။ စစ်ထိုးရာတွင် ကျွမ်းကျင်သော ဘဒ္ဒဝတီ ဆင်ပျိုမကို ငယ်စဉ်အခါက အခြွေအရံများ အဆောင်အယောင်များ စားကောင်း သောက်ဖွယ်များဖြင့် ခမ်းနားထည်ဝါစွာ မွေးမြူစောင့်ရှောက်ထားသော်လည်း အိုမင်း မစွမ်းရှိသော အခါ နေစရာ လည်းမပေး၊ စားစရာလည်း မကျွေးတော့သောကြောင့် အပယ်ခံဆင်အိုမကြီးက ဘုရားထံ ငိုယိုလျှောက်ထားသည်ကို အကြောင်းပြု၍ ဟောကြားခဲ့ခြင်းဖြစ်ပါသည်။
ယော ပုဗ္ဗေ ကတကလျာဏေ၊ ကတတ္ထော နာဝဗုဇ္ဈတိ၊
အတ္ထာ တဿ ပလုဇ္ဇန္တိ၊ ယေ ဟောန္တိ အဘိပတ္ထိတာ။
(ဇာ၊ ဋ္ဌ၊ ၃။ ၃၆၆)
ကျေးဇူး မသိတတ်သောသူသည် ကြံစည်သမျှ ပျက်ဆီးတတ်၏။
ယောပုဗ္ဗေ ကတကလျာဏေ၊ ကတတ္ထော မနုဗုဇ္ဈတိ၊
အတ္ထာ တဿ ပဝန္တိ၊ ယေ ဟောန္တိ အဘိပတ္ထိတာ။
(ဇာ၊ ဋ္ဌ၊ ၃။ ၃၆၆)
ကျေးဇူးသိတတ်သောသူသည် ကြံစည်သမျှ အောင်မြင်တတ်၏။
တံ ဝေါ ဝဒါမိ ဘဒ္ဒန္တေ၊ ယာဝန္တေတ္ထ သမာဂတာ၊
သဗ္ဗေ ကတညုနော ဟောထ၊ စိရံ သဂ္ဂမှိ ဌဿထ။
(ဇာ၊ ဋ္ဌ၊ ၃။ ၃၆၆)
အရှင်မင်းကြီး တိုက်တွန်းပါ၏။ ကျေးဇူးသိပါ။ ကျေးဇူးသိသူသာ နတ်ပြည်သို့ လားရ၏။
ကျေးဇူးချေကာ၊ မပြုရာတည့်၊ လူသာမဟုတ်၊ အယုတ် တိရစ္ဆာန်၊
မှုဝန်ဆောင်ဘိ၊ ကျေးဇူးရှိသား၊ ဟတ္ထိအဿ၊ ဂေါဏမဟသာ၊
စသည်မှာလည်း ပျိုခါစေစား၊ အိုခါရှား၍၊ စွန့်ထားပယ်ကာ၊ မပြုရာဘူး။
ပြုပါတုံက၊ မိတ္တဒုဗ္ဘီ၊ မညီဓမ္မ၊ လူ့ပါပတည့်၊
ထိုမှတစ်ပါး၊ ထိုအသားကို၊ သတ်စားဖြတ်စား၊ ပြုငြားတတ်မူ၊
ထိုသည့်လူကား၊ လူတွင်မိုက်လှ၊ လူ့ဗာလတည့်၊ ပါပတရာ၊ လွန်ယုတ်မာရှင့်၊
မာတာပိတု၊ ဗန္ဓုဉာတိ၊ စရှိအလား၊ ထိုကျွဲနွားတို့၊ လုပ်စားအတူ၊ လူနှင့်တကွ၊ မကွာရဘူး။
ကိစ္စဆောင်ရွက်၊ သတ်မွေးဘက်ဖြင့်၊ ဆက်ဆက်စင်စစ်၊ မိတ်ရင်းဖြစ်၏။
သတ်ညှစ်အသား၊ လူမိုက်များသို့၊ မစားထိုက်စွာ၊ သားသည်းချာလျှင်၊ ပညာကရု၊ မျှော်ထောက်ရှုလော့။
(မဃဒေဝ၊ ၂၉၈။)
ယခုအခါ၌ ကျွဲ၊ နွားများကို ပြည်ပသို့ အစုလိုက် အပြုံလိုက် ထုတ်ရောင်းနေခြင်း၊ ပြည်တွင်းမှာလည်း အစုလိုက် အပြုံလိုက် စီးပွားဖြစ် သတ်ရောင်းနေကြခြင်းကြောင့် နွားမျိုး သုဉ်းမှာစိုးရိမ်နေရပါသည်။ အကျင့်ပျက် ဝန်ထမ်းများကြောင့် ဝိသမလောဘသားများ အခွင့်အရေးရနေပြီး အပြစ်မဲ့နွားများ သေကြေနေကြရပါသည်။ ဝန်ထမ်းများနှင့် ဝိသမလောဘသမားများကို ထိမ်းကျောင်းရန် မဘသမှာ တာဝန်ရှိပါသည်။ ဖျာပုံ၊ မအူပင်၊ ကျုံမငေး၊ ဟင်္သာတ၊ မော်ကျွန်း စသော ဧရာဝတီတိုင်းများ၌ ဇီဝိတဒါန အမဲလေလံစွဲခြင်းများ ပေါ်ပေါက်လာ သည်မှာ အားတက်ဖွယ်ဖြစ်ပါသည်။ ထိုဇီဝိတဒါန အဖွဲ့များသည် ကျေးဇူးရှင် ကျွဲ နွားများကို ကယ်တင်သော အဖွဲ့ကြီးများ ဖြစ်ကြပါ၏။
မြန်မာပြည်တစ်ဝှမ်းလုံး၌ ထိုသို့သော လေလံအဖွဲ့များ တွင်ကျယ်စွာပေါ် ပေါက်ဖို့လိုပါသည်။ လေလံစွဲလျှင် ကုသိုလ်လည်းရပါသည်။ အမြတ်လည်း ထွက်ပါသည်။ တရားမဝင် နွားခိုးသတ်သူများ၊ တရားမဝင် နွားခိုးထုတ်သူများထံမှ အရင်းထက်သာသော အမြတ်အစွန်းများ ရရှိနိုင်ပါသည်။ တရားမဝင် နွားခိုးထုတ်သူများကို အရေးယူခြင်း၊ တရားမဝင် အမဲသားများ ဖမ်းဆီးခြင်း၊ တရားမဝင် ခိုးထုတ်လာသော ကျွဲ၊ နွား များကို ဖမ်းဆီးခြင်းဖြင့် အရင်းထက်သာသော အမြတ်အစွန်းများရရှိကြခြင်း ဖြစ်ပါသည်။
ဤသို့သော အမဲလိုင်စင်နဲ့ ပတ်သက်သည့် အရေးကိစ္စများတွင် မအူပင် မဘသ၏ ဆောင်ရွက်ချက်ကို စံနမူနာ ယူထိုက်ပါသည်။ နယ်စပ်ဖြတ်ကျော်နွားများကို ဖမ်းစီး၍ တောသူတောင်သားများအား ရာသက်ပန် စောင့်ရှောက်ခွင့်ပေးထားခြင်းဖြင့် နွားရော လူပါ ကယ်တင် ကူညီပြီးသားဖြစ်သွားပါသည်။
မအူပင် မဘသ ကဲ့သို့သော ကျေးဇူးရှင် ကယ်တင်ရေးအဖွဲ့များ မရှိသဖြင့် ပြည်တွင်း ပြည်ပ ဆီသွတ် စက်ရုံများသို့ ညစဉ် ညတိုင်း ခိုးထုတ်နေသော နွားမှောင်ခို ဂိုဏ်းသားများ ကျူးလွန်ခွင့် ရရှိနေခြင်းဖြစ်ပါသည်။
နွားသားရှောင်ကြဉ်ရေးနှင့် ပတ်သက်၍ လယ်တီဆရာတော်ဘုရားကြီးသည် စံနမူနာကောင်း ဆရာတစ်ဆူဖြစ်ခဲ့ပါသည်။ အမဲသားရှောင်ကြဉ်ခြင်းဖြင့် မိစ္ဆာများထံသို့ ငွေစီးဆင်းမှုများကို ထိန်းကျောင်းပြီး သားဖြစ်သွားပါသည်။ ထိုအခါ ကိုယ့်ငွေဖြင့် ကိုယ့်လူမျိုးကို ဖျက်ခိုင်းရာ မရောက်တော့ပါ။ ထို့ကြောင့် အမဲသားကို သက်ဆုံးတိုင် ရှောင်ကြဉ်ခြင်းဖြင့် ကျေးဇူးရှင် ကျွဲ၊ နွားများကို ကယ်တင်ကြဖို့ လိုပါသည်။ ဤနည်းအားဖြင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြဖို့ လိုပါသည်။
မိမိရပ်ရွာ၌ နွားသတ်ရုံများမရှိသေးလျှင် လုံးဝ လက်မခံသင့်ပါ။ ရှိပြီးဖြစ်လျှင်လည်း သက်တမ်းကုန်ဆုံး လျှင် ဆက်မထားသင့်ပါ။ သက်တမ်းကာလ အတွင်းမှာလည်း ပြည်သူအားလုံး အမဲသားရှောင်ကြဉ်ခြင်းဖြင့် ကျွဲ၊ နွားများကို ကယ်တင်ရမည်ဖြစ်ပါသည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော် နွားအုပ်များတွေ့လျှင်လည်း သက်ဆိုင်ရာကို အကြောင်းကြားခြင်း၊ လူစုလူဝေးဖြင့် ထိန်းသိမ်းခြင်းများ ပြုလုပ်သင့်ပါသည်။ တရားဝင်လိုင်စင်မရှိဘဲ တစ်မြို့တစ်ရွာမှ အခြားမြို့ရွာ များသို့ နွားကုန်ကူးခွင့်မရှိပါ။ သတ်ဖြတ်ယူဆောင်ခွင့်မရှိပါ။ ဖမ်းဆီးထိန်းသိမ်းအရေးယူနိုင်ပါသည်။
တရားဝင် နွားသတ်ရုံများ၌လည်း ခွင့်ပြုထားသည့် နွားကောင်ရေထက် ပို၍ သတ်ခွင့်မရှိပါ။ ခွင့်ပြုထားသည့် အင်္ဂါရပ်နှင့် မညီသော ခိုင်းနွား၊ မွေးမြူရေးနွားတို့ကို သတ်ခွင့်မရှိပါ။ အင်္ဂါခြေလက် မပြည့်စုံသော ခိုင်း၍မရတော့သော နွားများကိုသာ အမဲဖော်ခွင့်ရှိပါသည်။ ထို့ကြောင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်၍ နွားကောင်းများကို သတ်ဖြတ်နေသည့် နွားသတ်ရုံများကိုလည်း အရေးယူရန် တိုင်ကြားခွင့်ရှိပါ သည်။
ကျွဲ၊ နွားများကို ခိုင်းစား၍ မရတော့သည့်အခါ စွန့်ပယ်ထားခြင်းမပြုကောင်းပါ။ ပြုလျှင်၊ မိတ္တ ဒုဗ္ဘီ မညီဓမ္မ လူ့ပါပ=မိတ်ဆွေကို ပြစ်မှားသူ တရားနှင့်မညီသူ၊ သူယုတ်မာဟု ခေါ်ဆိုရပါသည်။
သတ်စားဖြတ်စား၊ ပြုငြားတတ်မူ၊ ထိုသည့်သူကား၊ လူတွင်မိုက်လှ၊ လူ့ဗာလတည့်၊ ပါပတရာ၊ လူယုတ်မာရှင့်။ (မဃဒေဝ ၂၉၈)
ကျွဲ၊ နွားများကို သတ်ဖြတ်စားသူ၊ ဝယ်ယူစားသုံးသူတို့သည် လူမိုက်ထက် မိုက်သော လူယုတ်မာထက် ယုတ်မာသော၊ လူ့ဗာလ၊ လူ့ပါပ-အယုတ်မာဆုံး၊ အမိုက်ဆုံး(ပါပတရ)များဖြစ်ကြပါသည်။
မာတာ ပိတု၊ ဗန္ဓု ဉာတိ၊ စယှိအလား၊ ထိုကျွဲနွားတို့ လုပ်စားအတူ၊ လူနှင့်တကွ၊ ကိစ္စဆောင်ရွက်၊ သက်မွေးဘက်ဖြင့် ဆက်ဆက်စင်စစ်၊ မိတ်ရင်းဖြစ်၏။ (မဃဒေဝ ၂၉၈)
ကျွဲ၊ နွားများသည် မိမိနှင့်အတူ အသက်မွေးဘက် ဖြစ်ပါသည်။ မိတ်ဆွေအရင်းဖြစ်ပါသည်။ မိခင် ဖခင်လို ကျေးဇူးရှိပါသည်။ ဆွေမျိုး ဉာတိလို အကျိုးပြုကြပါသည်။ ထို့ကြောင့် ကျွဲ၊ နွားကယ်ဆယ်ရေး လုပ်ငန်းများကို မဘသ အဖွဲ့တိုင်းက အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ကျေးဇူးရှင် ကျွဲ နွားများကို ကယ်တင်ခြင်းဖြင့် အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးနိုင်ကြပါစေ သတည်း……။
ဝီရသူ(မစိုးရိမ်)
30.12.2014

PM 3:32


Viewing all articles
Browse latest Browse all 2129

Trending Articles