14.1.2015 ည 7:30 နာရီ၊ မြောက်ဥက္ကလာပမြို့နယ်၊ ဌ-ရပ်ကွက်၊ မြဥယျာဉ်စိုက်ပျိုးရေးခြံ၊ နိဗ္ဗာန်အောင် ဓမ္မာရုံ၊ အနာဂတ်အလင်း ဗုဒ္ဓဘာသာလူငယ်အဖွဲ့ ဒုတိယအကြိမ်၊ အမျိုးဘာသာ သာနသာစောင့်ရှောက်ရေး အထူးတရားပွဲပါ။
ဓမ္မစကူးလ်ကျောင်းသူ/ကျောင်းသားလေးတွေ ပြီးတဲ့အထိ သံပေါက်လေးတွေလိုက်ဆိုတာတွေ့ရပါတယ်။ တရားထောက်တာလည်း အားရပါးရပါပဲ။
ဒုတိယပွဲဆက်ရဦးမှာမို့ ဟောရတာ စိတ်မဖြောင့်ပါဘူး။
ဥပမာ သာဓကတွေ ဝေဝေဆာဆာ မပြောနိုင်ခဲ့ပေမယ့် သာရဏီယတရား သရုပ်ပေါ်လွင်အောင်တော့ ဟောကြားခဲ့ပါတယ်။