Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဂျာမနီ မဘသရေ တောင့်ထား”

$
0
0
အခုအချိန်မှာ ပီဂီဒါကို ထောက်ခံပြီး ပီဂီဒါနှင့်အတူ ပါဝင်ဆင်နွှဲမည့်သူက ရှစ်ယောက်တစ်ယောက်(ဆယ်နှစ်ရာ ခိုင်နှုန်းကျော်လေးပဲ)ရှိပေမယ့် ဒီအင်အားဟာ လျော့သွားစရာမရှိပါဘူး။ နောင်ဆို အချိုးအစားက ပြောင်းပြန်တောင် ဖြစ်သွားနိုင်ပါသေးတယ်။
တို့တတွေဟာ လူမျိုးရေးခွဲခြားနေတာလည်းမဟုတ်ပါဘူး။ ဘာသာရေးခွဲခြားနေတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရေနှင့်အတူ ပါလာတတ်တဲ့ ဒိုက်တွေ အမှိုက်တွေအတွက်တော့ အစီအမံတစ်ခု လိုအပ်တယ် မဟုတ်လား?
ဒိုက်တွေ အမှိုက်တွေို့ သမ်းဆည်းသန့်ရှင်းပေးမည့်သူမရှိဘူးဆိုရင် အန္တရာယ်ကြီးသွားနိုင်တာပေါ့။
ဒါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အနာဂတ်အန္တရာယ်ကို ကြိုတင် ကာကွယ်နေကြတာပဲ ဖြစ်ပါတယ်။
ဒုက္ခသည်တွေဟာ ဒုက္ခသည်တွေလို မနေဘဲ ဒုက္ခသယ်ယူလာတတ်ကြတာ သာဓကတွေအများကြီးပါ။ သြဇီက ကော်ဖီဆိုင် ပူပူနွေးနွေးလေးပဲ ရှိပါသေးတယ်။ ကော်ဖီခါးခါးကို သောက်ကြည့်ဖူးသူတိုင်း ဒုက္ခလှလှကို ခံစားမိသွားတာချည်းပဲ ဖြစ်ပါတယ်။
ဂျာမနီ မဘသရေ တောင့်ထားဗျ။
တစ်ကမ္ဘာလုံး ခင်ဗျားတို့နောက်ကို လိုက်လာတော့မှာ။
(14.1.2015 ရက်နေ့ Daily Eleven သတင်းစာ ပူးတွဲတင်ပြလိုက်ပါတယ်။)
ဝီရသူ(မစိုးရိမ်)
14.1.2015
==========================================================
“ဂျာမနီတွင် အစ္စလာမ္မစ်ဆန့်ကျင်ရေးချီတက်ပွဲသို့ လူ ၂၅၀၀၀ ခန့် တက်ရောက်ခဲ့သော်လည်း တန်ပြန်ဆန္ဒပြပွဲ က ပိုမိုကြီးမား”
ဂျာမနီတွင် ဇန်နဝါရီ ၁၂ ရက်က အစ္စလာမ္မစ်ဆန့်ကျင်ရေးချီတက်မှုသို့ လူ ၂၅၀၀၀ အထိ စံချိန်တင် ပါဝင်ခဲ့ကြပြီး ပြီးခဲ့သော သတင်းတစ်ပတ်တွင် ပါရီ၌ ဂျီဟတ်များ၏ တိုက်ခိုက်ခံခဲ့ရမှုကြောင့် ယင်းချီတက်ပွဲကို တက်ရောက်၍ မိမိတို့၏ ရပ်တည်ချက်ကို သက်သေထူခြင်းဖြစ်ကြောင်း ပါဝင်သူများက ပြောကြားခဲ့သည်။ သို့သော် နိုင်ငငံတစ်ဝန်း ၄င်းတို့ကို တန်ပြန်ဆန္ဒပြမှုတွင်မူ လူ ၁၀၀၀၀၀ အထိ ပါဝင်ခဲ့ကြပြီး တစ်နိုင်ငံလုံး သည်းခံမှု ပြသကြရန် တောင်းဆိုခဲ့ကြသည်။
ဂျာမနီဝန်ကြီးချုပ်အင်ဂျလာမာကယ်ကလည်း ၄င်း၏အစိုးရအဖွဲ့ဝင်များနှင့်အတူ ဘာလင်၌ ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်မည့် အစွန်းရောက်မှုကို ဆန့်ကျင်သည့် မွတ်စလင်အသိုင်းအဝိုင်းချီတက်မှုလည်း ပူးပေါင်းပါဝင် မည်ဖြစ်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။
အနောက်တိုင်းကို အစ္စလာမ်အယူသွတ်သွင်းမှု ဆန့်ကျင်ရေး မျိုးချစ်ဥရောပသားများအဖွဲ့ (PEGIDA) ယင်းအဖွဲ့ စတင်မွေးဖွားခဲ့ရာ ဂျာမနီအရှေ့ပိုင်း ဒရက်စ်ဒင်မြို့တွင် အောက်တိုဘာလနောက်ပိုင်း ၁၂ ကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် ချီတက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ချီတက်ပွဲတွင် ပါဝင်သူများသည် ဂျာမနီအလံကိုင်ဆောင်လျက် “အစ္စလာမ္မစ်ကို တိုက်ဖျက်ပါ။ နိုင်ငံခြားသားများ ဝင်ရောက်မှုကို ဟန့်တားပါ” နှင့် “ယဉ်ကျေးမှုပေါင်းစုံ ပေါင်းစည်းမှုကို ရပ်တန့်ပါ။ မိမိတို့ အမိမြေသည် ဂျာမနီဖြစ်ရမည်” ဟူသော စာတန်းများ ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။

Ref;AFP

Viewing all articles
Browse latest Browse all 2129

Trending Articles