မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ တရားပွဲပြီးတာနဲ့ ဒုတိယပွဲအတွက် လာကြိုသူများနှင့် တစ်ပါတည်း လိုက်လာခဲ့ပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်၊ သုနန္ဒာ(၆)လမ်း မိသားစု၊ လပြည့်လကွယ်မြတ်ဆုပန်ဆွမ်းလောင်း အသင်း တတိယအကြိမ်ဓမ္မသဘင် ပဉ္စမည ပွဲသိမ်းအောင်ပွဲအဖြစ် ပလ္လင်တက်ရတာပါ။
တရားပွဲကျင်းပတာနဲ့ပတ်သက်လို့ ရပ်ကွက်အနေနှင့် နိုးနိုးကြားကြား သိပ်မရှိသေးလို့ စည်စည်ကားကား မဖြစ်သေးဘူးလို့ ဆိုပါတယ်။ မြောက်ဥက္ကလာမျိုးချစ်လူငယ်အဖွဲ့က လာရောက် ကျင်းပပေးကြတာ ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာများ ဟောကြားခဲ့ပါတယ်။ ပလ္လင်မှ ပလ္လင်ကူး တရားပွဲလေး တစ်ခုပါ။