မန္တလေးဂျီဟဒ်ကို ဖန်တီးတဲ့ အဓိကတရားခံတွေကို အကာအကွယ်ပေးနေပြီး တရားခံမဟုတ်သူတွေကို ဖမ်းဆီးကာ ထောင်ချဖို့အထိ လုပ်နေတာက နေပြည်တော် CID ပါ။
မန္တလေး CID ကလည်း အမှုမှန်ပေါ်ပေါက်မှာကြောက်နေပြီး၊ အဓိကသက်သေထွက်ချက်များကို လက်စဖျောက်ပစ်ခြင်း၊ သက်သေထွက်ဆိုချက်မဟုတ်ဘဲ စာရွက်လွတ်အပိုရေးထားခြင်း၊ သက်သေကို ခြိမ်းခြောက်ဟောက်လှန့်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
ဂျီဟဒ်ဝါဒီနေဝင်း စန်းမောင်က CID ထံမှ သတင်းဦးသတင်းထူးများကို လျှို့ဝှက်ရယူနိုင်တာကြောင့် လက်ဦးမှုကို ရယူထားနိုင်တာပဲ ဖြစ်ပါတယ်။
နေဝင်းစန်းမောင်ကို မဖြစ်မနေဖမ်းဖို့ဖန်လာတော့မှ လဝက ပုဒ်မနှင့်ပဲ တပ်ပေးထားတာပါ။
အတူတူနေကြတာချင်းအတူတူ ရဲထွဋ်တို့ကို ၂ နှစ်ချပြီး၊ နေစန်းညီနောင်ကို ၁ နှစ်တည်းချတာတစ်ခုတည်းနှင့် တင် ဂျီဟဒ်ဝါဒီတွေဘက်မှာ ဘယ်သူတွေရှိတယ်ဆိုတာ သိသာနေတာပါ။
အခုလည်း အပြစ်မဲ့တဲ့ ဟာဂျီထွန်းထွန်းနှင့်ဒေါ်မာမာနီတို့ကို ထောင်ချပြီး ဂျီဟဒ်လက်သည် နေစန်းညီနောင်ကို အရှင်းလွှတ်ပေးဖို့အတွက် ကိုဇော်မင်းဦးကို CID နှင့် ဥပဒေအရာရှိတို့ပေါင်းပြီး လုပ်ကြံထွက်ဆိုခိုင်းနေတာပါ။
ကိုဇော်မင်းဦးက အမှန်အတိုင်းထွက်ဆိုခဲ့လို့ CID က အညှိုးထားပြီး လိုက်ရှာနေတာတွေ့ရပါတယ်။
မန္တလေးဂျီဟဒ် အဓိကလက်သည်ပေါ်ပေါက်ဖို့အတွက် ရဲချုပ်၊ စရဖချုပ်၊ SB ချုပ်၊ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး၊ ဥပဒေချုပ်၊ တရားသူကြီးချုပ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်၊ နိုင်ငံတော်သမ္မတတို့မှာ တာဝန်ရှိပါတယ်။
အမှုမှန် တရားခံအစစ်အမှန်ပေါ်အောင် ဖော်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကိုဇော်မင်းဦး တင်ပြစာနှင့် 13.1.2015 ရက်နေ့ မဇ္ဈိမသတင်းကို ပူးတွဲဖော်ပြလိုက်ပါတယ်။
ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မသင်းသင်းလှိုင်(ကိုဇော်မင်းဦးဇနီး)=09.797425280
==========================================================
သို့
ဆရာတော်ဦးဝီရသူ
ရိုသေစွာဖြင့် တပည့်တော်၏ အခက်အခဲများအား တင်ပြလျှောက်ထားအပ်ပါသည်။
တပည့်တော်သည် ကိုထွန်းထွန်း+ဒေါ်မာမာနီတို့အား အမှုစွဲဆိုထားသည့် နေပြည်တော်မြို့နယ်တရားရုံးတွင် လိုပြသက်သေအဖြစ် ပါဝင်ခဲ့ရသော ဇော်မင်းဦးဆိုသူဖြစ်ပါသည်။
တပည့်တော်အား နေပြည်တော်မြို့နယ်တရားရုံးတွင် လိုပြသက်သေအဖြစ် ပထမအကြိမ်ခေါ်ယူစစ်ဆေးစဉ်က CID မှ တာဝန်ရှိသူများက ၄င်းတို့နေထိုင်ရာ တရားရုံးအတွင်းရှိ အခန်းငယ်တစ်ခုသို့ ခေါ်ဆောင်သွား၍ ၄င်းတို့ စုံစမ်းထောက်လှမ်းစဉ်က ရေးသားထားသည့် တပည့်တော်၏ ထွက်ဆိုချက်အား တပည့်တော်အား ပြသရာ ၄င်းစာထဲတွင် တပည့်တော်ထွက်ဆိုထားသည့် အချက်များမပါဘဲ တပည့်တော်မှ ရဲထွဋ်အား ငွေများ လွှဲခဲ့သည့် စာပိုများထည့်သွင်းရေးသားထားသည့်အတွက် တပည့်တော်နှင့် CID တို့ စကားများခဲ့ကြပါသည်။ တပည့်တော်မှ ဒေါ်မာမာနီသည် ရှေ့နေခ၊ စားစရိတ်တည်းခိုစားရိတ်များအတွက် ငွေကြေးသိန်း၂၀ လွှဲပေးရကြောင်း တပည့်တော် ပြောသော်လည်း ထိုကိစ္စမှာ ခင်ဗျားနဲ့မဆိုင်ဘူး ဒေါ်မာမာနီဘဲပြောလိမ့်မည် ပြောခဲ့ပါသည်။ ၄င်းတို့ရေးသားထားသည့် စာပိုအား တရားရုံးရှေ့တွင် မထွက်ဆိုလျှင် မင်းကို နောက်တိုးထဲ တွင် ထည့်မည်ဟု CID က တပည့်တော်အား ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။
9.1.2015 ရက်နေ့ရက်စွဲဖြင့် တပည့်တော်ထံ သမ္မာန်စာတစ်စောင်ရောက်ရှိခဲ့ပါသည်။ ထိုစာမှာ နေပြည်တော်မြို့နယ်တရားရုံးသို့ သက်သေအဖြစ် လာရောက်ထွက်ဆိုရန်ခေါ်သည့်စာဖြစ်ပါသည်။ ထိုစာ ရောက်ရှိပြီး ၂ ရက်၊ ၃ ရက် ဆက်တိုက်တပည့်တော်ထံသို့ CID မှ ဖုန်းများအကြိမ်ကြိမ်ဆက်၍ လာရောက် တွေ့ဆုံသော်လည်း တပည့်တော်နှင့်မတွေ့ခဲ့ဘဲ ၅ ရက်မြောက်နေ့တွင် တပည့်တော်နှင့် CID မှ ကိုအောင်ကျော်မြင့်တို့ တွေ့ဆုံခဲ့၍ တပည့်တော်အား ဘာမှမပူနဲ့ အေးအေးသာသွား အကိုတို့ကားစီစဉ် ပေးမည်ဟု ပြောခဲ့သော်လည်း တပည့်တော်မှာ လိုင်ကားဖြင့် တရားရုံးသို့ သွားရောက်ခဲ့ပါသည်။
တရားရုံးသို့ တပည့်တော် ရောက်ရှိချိန်တွင်လည်း CID မှ အောင်ကျော်မြင့် ဆိုသူ ဖုန်းဆက်၍ခေါ်ပြီး ဥပဒေအရာရှိနှင့် တပည့်တော်အားတွေ့ဆုံပေးပြီး ဥဒေအရာရှိမှ တပည့်တော်အား ဘာတွေထွက်မှာလဲ အရင်အတိုင်း ထွက်မှာလားဟု မေးရာ တပည့်တော်မှ ဟုတ်တယ်ဟုပြောခဲ့ပါတယ်။
အမှုစစ်ရန် မြို့နယ်တရားသူကြီးရုံးသို့ တပည့်တော်လည်း ဝင်သွားပြီး ကျမ်းကျိန်ဆို တပည့်တော်သိသည့် အမှိုကိစ္စများအား အမှန်အတိုင်းပြောခဲ့ရာ ဥပဒေအရာရှိမှ ခုနက ခေါ်မေးတုန်းကတစ်မျိုး အခုတစ်မျိုး ထွက်ဆိုနေသည်ဟု ပြောခဲ့ပြီး တရားသူကြီးမှလည်း ဘယ်လိုဖြစ်တာလဲဟု မေးမြန်းရာ တပည့်တော်မှ CID ၏ တပည့်တော်ထံ လုပ်ဆောင်ခဲ့သည့်ကိစ္စများအား ရုံးရှေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ယခုအချိန်တွင် CID ၏ လုပ်ဆောင်မှုများ တရားရုံးတွင် ဘူးပေါ်သလို ပေါ်လာခဲ့သည့်အတွက် တပည့်တော်အား CID မှ အမျိုးမျိုးဖုန်းဆက်နေသည့်အတွက် အရင်နေထိုင်သောအိမ်တွင် မနေထိုင်ခဲ့ဘဲ တခြားနေရာတွင် ပြောင်းရွှေ့နေထိုင်နေရပါသည်။ တပည့်တော်အား အရှင်ဘုရား၏ မေတ္တာဖြင့် CID ၏ ရန်မှ ကင်းဝေးရန် ကူညီစောင့်ရှောက်ပေးပါဘုရား။
==========================================================
“မန်းပဋိပက္ခ တရားခံဟုယူဆရသူများ တရားစီရင်မှု ဥပဒေနှင့်မညီဟု ရှေ့နေပြော”
အောင်သူရထွန်း၊ နေပြည်တော်၊ ဇန်နဝါရီ ၁၂
မန္တလေးမြို့တွင် ပဋိပက္ခဖြစ်စေခဲ့သော အရင်းအမြစ်တရားခံများဟု ယူဆရသူငါးဦးကို တရားစီရင်မှုတွင် လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် ဥပဒေနှင့်မညီဟု ရှေ့နေဦးအောင်သူရိန်ထွန်းက ပြောသည်။
ဦးအောင်သူရိန်ထွန်းက “ဒီအမှုကို စတင်စစ်ဆေးကတည်းက တရားခွင်မပြောနဲ့ တရားရုံးထဲကို ဘယ်သူမှ ဝင်လို့မရဘူး။ ပြည်သူတစ်ယောက်မှ ဝင်ခွင့်မရဘူး။ လွတ်လပ်တဲ့ အရပ်သားပြည်သူတစ်ဦး တစ်ယောက်မှ ဝင်ခွင့်မပေးဘူး။ ကျွန်တော်တို့က အများပြည်သူရှေ့မှောက်မှာ တရားစီရင်ခွင့် မရဘူး” ဟု မဇ္ဈိမကို ပြောသည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၁၉ တွင်လည်းကောင်း၊ ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ အခန်း ၂ ပုဒ်မ ၃ တွင်လည်းကောင်း၊ တရားရုံးများ လက်စွဲ အပိုဒ် ၂၁ အရလည်းကောင်း ဥပဒေအရ ကန့်သတ်ချက်များမှ အပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး ရှိရန် ညွှန်းဆိုထားကြောင်းလည်း ရှေ့နေက ထောက်ပြပြောဆိုသည်။
တရားခံများဟု ယူဆရသူ ဦးရဲထွဋ်(ခ)သူရရဲထွဋ်၊ ဒေါ်နုနုမြတ်၊ ဒေါ်ဖြူဖြူမင်း(ခ)ကတုံးမ၊ ဦးထွန်းထွန်းနှင့် ဒေါ်နီနီမာတို့ ငါးဦး ပျဉ်းမနားမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေစဉ် တရားရုံး၏ အမှုစစ်ဆေးသည့်အနေ အထားများကို ၄င်းက ရည်ညွှန်းထောက်ပြခြင်းဖြစ်သည်။
သြဂုတ် ၄ ရက်က ရုံးထုတ်စဉ် ဦးရဲထွဋ်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၅၄ ပါ အခွင့်အရေး ခံစားခွင့် မရကြောင်း အချုပ်ကားမှန်တံခါးမှတစ်ဆင့် အော်ဟစ်ပြောကြားခဲ့သည်။
သို့ရာတွင် အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကမူ သြဂုတ်လ ၈ ရက်က ယင်းတရားခံဟု ယူဆရသူများ ပျဉ်းမနား တရားရုံးတွင် အမှုစစ်ဆေးလျက်ရှိပြီး လူ့အခွင့်အရေးဆုံးရှုံးနေသည်ဆိုသည့်သတင်း မဟုတ် မှန်ကြောင်း ငြင်းဆိုထားသည်။