Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မဘသလုပ်ငန်းစဉ်(၄) ပုဝါးဖြူဖြူ မြူမစွန်းရေး”

$
0
0
၁၃၇၆ခု၊ နတ်တော်လပြည့်ကျော်(၈)ရက်(14.12.2014)ရက်၊ တနင်္ဂနွေနေ့ထုတ် အတွဲ(၁) အမှတ်(၂) အတုမရှိဂျာနယ်မှ ကူးယူဖော်ပြသည်။
“မဘသလုပ်ငန်းစဉ်(၄)”
ပုဝါဖြူဖြူ မြူမစွန်းရေး
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့သည် အမျိုးဘာသာ သာသနာ အန္တရာယ်မကျရောက် စေရန် ကာကွယ်စောင့်ရှောက်ရေးသာမဟုတ်ဘဲ အမျိုးဘာသာ သာသနာ၏ ဂုဏ်သိက္ခာပိုင်းကိုပါ ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်ရှိလေသည်။
ကမ္ဘာကြီးမှာ ဖြစ်ပွားခဲ့သော ဘာသာရေးကို အခြေခံသည့် စစ်ပွဲများတွင် ဗုဒ္ဓဘာသာလုံးဝ မပါဝင်ခဲ့ပေ။ ဗုဒ္ဓဘာသာသည် အကြမ်းဖက် သာသနာပြုသော ဘာသာတရားမဟုတ်ပေ။ ဗုဒ္ဓ၏ ဘာသာတရားက ငြိမ်းချမ်း သော ဘာသာတရားဖြစ်သည့်အားလျော်စွာ ငြိမ်းချမ်းရေးကို ရှေးရှုသော ဘာသာဝင်များပင် ဖြစ်လေသည်။
ဤကဲ့သို့ ညစ်ကြေးမထင် ဖြူစင်ဝင်းပ၍ သန့်ရှင်းစင်ကြယ်သော ဘာသာတရားကို မှဲ့တစ်ပေါက် မင်တစ်စက် ခဲတစ်ချက်ပင် အစွန်းအထင်းမခံနိုင်ပေ။ လက်နှီးစုတ် အိုးမည်းပေသည်မှာ မဆန်းသော်လည်း ပုဝါဖြူ မင်တစ်စက် စွန်းလျှင်ပင် သိသာထင်ရှားပေသည်။
ယနေ့ ကမ္ဘာ၌ ကမ္ဘာ့အကောင်းဆုံး ဗုဒ္ဓဘာသာကို မှဲ့တစ်ပေါက်စွန်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံနေ ကြသည်ကို တွေ့ရှိရပေသည်။ ၄င်းတို့သည် အထိအရှမခံသော ပြဿနာများ ဖန်တီးကာ ပြည်သူများ၏ ဒေါသကို ဆွပေးနေကြလေသည်။ အမျိုးသမီးလေးများကို အကြမ်းဖက်ခြင်း၊ ရဟန်းသံဃာများကို စော်ကားခြင်း၊ ဗုဒ္ဓဘာသာဝင်တစ်ဦးတစ်ယောက်တည်းကို အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းတို့ကို ကျူးလွန်ကာ ပြဿနာကို ဖန်တီးတတ်ကြပါသည်။ ဤအရေးကို မတွေးမိသူများက ခံစားမှုကို ရှေ့တန်းတင်ကာ ဥပဒေမဲ့ တုန့်ပြန်တတ် ကြပါသည်။ ထိုအခါ မိအေးနှစ်ခါနာ ဖြစ်ကြရပါသည်။
၎င်းတို့က အကွက်ဆင်ထားသူများပီသစွာ ဓာတ်ပုံများ၊ ရုပ်သံဖိုင်လ်များကို ပြည်ပရှိ ဘာသာလူမျိုးတူနိုင်ငံများ အဖွဲ့အစည်းများအပြင် ဥရောပသမဂ္ဂ၊ အမေရိကန်စသော နိုင်ငံများနှင့် ကုလသမဂ္ဂအထိပင် အထောက်အထား အဖြစ်တင်ပို့ တိုင်ကြားကြလေသည်။ ပြဿနာရင်းမြစ်ကို မသိသော ၄င်းအဖွဲ့အစည်းများ နိုင်ငံများသည် ဗုဒ္ဓဘာသာကိုသာ အပြစ်ဖို့ကြပါလေတော့သည်။ ထိုအခါ သူ့အဆိုးမှ ကိုယ့်အဆိုး သူ့အမှားမှ ကိုယ့်အမှား ဖြစ်ကာ ကမ္ဘာ့တံတွေးကွက်မှာ ပက်လက်မျောရပါလေတော့သည်။
ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နစ်နာခြင်းသည် အနစ်နာဆုံးဖြစ်ပါသည်။ ထို့ကြောင့် ဂုဏ်သိက္ခာကို လုပ်ကြံသူများ ရှိနေကြောင်း သတိမူဖို့လိုပေသည်။ သူတို့ပုံဖော်သလိုမျိုး အဖော်မခံရစေရန် ကြပ်မတ်ဆောင်ရွက်ဖို့ လိုပေသည်။
ဟိုယခင်က ဆယ်သိန်းတန်ဆိုင်လေးသည် နောင်အခါ သိန်းတစ်ရာတန်ဆိုင်ကြီး ဖြစ်သွားလေသည်။ ဟိုယခင်က ထုံးဗရုံသီးကြီးသည် နောင်အခါ ရွှေဖရုံသီးကြီးဖြစ်သွားလေသည်။ မိမိတို့၏ ကောင်းမှုပေတည်း။
လုပ်ကြံဖန်တီးသူများကမူ ကမ္ဘာကြီး၏ ကရုဏာကိုလည်းခံယူရ၊ မေတ္တာကိုလည်းခံယူရ၊ ထောက်ပံ့မှုကိုလည်း ခံယူရကာ အစစအရာရာကြီးပွားသွားကြလေသည်။ ထို့ကြောင့် မျိုးနွယ်တူများက ပြဿနာဖန်တီးကာ ရှေ့လူများလို ကြီးပွားကြောင်းကြံကြလေတော့၏။ မိန်းကလေးများအရေးကြောင့် ပြဿနာ ကြီးထွားမှန်း သိပါလျက် မိန်းကလေးများကို ပစ်မှတ်ထား ကျူးလွန်နေကြခြင်း တစ်ခုတည်းကို ကြည့်ရုံဖြင့်ပင် သိသာထင်ရှား လေသည်။ ထိုသို့သော အကြမ်းဖက်ရန်စမှုများကို ဤကသို့ပင် ဥပဒေမဲ့ တုန့်ပြန်နေပါက အကြမ်းဖက်ရန်စမှု များကို လက်ယက်ခေါ်သလိုပင်ဖြစ်ကာ  မိမိလူမျိုးနှင့် မိမိသာသနာသည်လည်း အဖက်ဆယ်မရအောင်ပင် စွန်းထင်းသွားနိုင်ပေသည်။
၎င်းတို့ဆင်သော အကွက်ထဲမဝင်ဘဲ ၄င်းတို့ကို ဥပဒေဘောင်အတွင်းမှ တုန့်ပြန်ခြင်းသည်သာ အပြစ်ကင်းသော ဆုံးမခြင်းဖြစ်ပေသည်။ ထိရောက်သော ကာကွယ်ရေးနည်းလမ်းပင် ဖြစ်ပေသည်။
ပြဿနာဖြစ်ပွားရာ အရပ်ဒေသအများစုသည် တာဝန်ခံအဖွဲ့အစည်း မဖွဲ့ရသေးသည့် အချိန်မှာ ဖြစ်ပွားခဲ့သည့် အရပ်ဒေသများပင်ဖြစ်လေသည်။ မဘသ အဖွဲ့အစည်းရှိလျှင် မဘသ အဖွဲ့က တာဝန်ယူဆောင်ရွက်နိုင် ပေသည်။ မဘသ အဖွဲ့က တာဝန်ယူဆောင်ရွက်နေလျှင် ပြည်သူလူထုက အားရကျေနပ်သွားကြလေသည်။ ထိုအခါ အကြမ်းဖက်သမားများကိုလည်း ထိရောက်စွာ ဆုံးမပြီးသားဖြစ်၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးလည်း အထောက်အကူဖြစ် အပြစ်ကင်းစင်သူတို့လည်း မြေစာပင်ဘဝ မရောက်ကြရတော့ပေ။ ထို့အပြင် မဘသ အဖွဲ့ကြီးကိုလည်း ယုံကြည်ကိုးစားလာကြမည်ဖြစ်လေသည်။ ဤသို့အားဖြင့် အမျိုးဘာသာ သာသနာ၏ ဂုဏ်သိက္ခာကိုပါ ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ပေသည်။
ပြဿနာတစ်စုံတရာကြားပြီဆိုသည်နှင့် လူထုကြားသို့ဝင်ကာ ဇာစ်မြစ်ကိုစုံစမ်းခြင်း-ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရားခံကိုဖော်ထုတ်အရေးယူနိုင်အောင် ကူညီခြင်း၊ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးများ ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုကို စိတ်ကျေနပ်စေရမည်ဖြစ်ပါသည်။ တစ်ဖက်တစ်လမ်းမှ လည်း အကြမ်းပတမ်းတုန့်ပြန်ခြင်း၏ အပြစ်အနာအဆာများ၊ တရားသဖြင့် ဆုံးမခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောပြသကာ အသိပညာပေးရမည်ဖြစ်ပေသည်။
ဤသည်မှာ အမှိုက်ကစ ပြသာဒ်မီးမလောင်စေရအောင် အမှိုက်ကို ရှေးဦးစွာ ရှင်းလင်းပစ်ခြင်းပင် ဖြစ်လေသည်။
အမှိုက်မရှင်းမိလိုက်၍ အမှိုက်ပုံက မီးခိုးအူလာပြီဆိုလျှင် မဘသ သံဃာတော်များက လက်ချင်းချိတ်ကာ အင်အားပြ၍ မေတ္တာရပ်ခံရမည်ဖြစ်ပါသည်။ အာဏာပိုင်များနှင့် ပူးပေါင်း၍ လုံခြုံရေးချသင့်သည့်နေရာများကို လုံခြုံရေးတင်းကြပ်စွာ ချထားခိုင်းကာ အဓိကရုဏ်းမဖြစ်ပေါ်အောင် ဝိုင်းဝန်းကာကွယ်ရမည်ဖြစ်လေသည်။ လုံခြုံရေးသမားများကလည်း ဆရာတော်သံဃာတော်များ၏ မေတ္တာတရားကို ဦးထိပ်ပန်ဆင်ကာ အနာခံ၍ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပေသည်။ တစ်ဖက်သူများကို ချစ်မြတ်နိုး၍ မဟုတ်သည့်တိုင် နောက်ဆက်တွဲ ပြဿနာများမပေါ်ပေါက်စေရေး၊ ဂုဏ်သိက္ခာကို ထိန်းသိမ်းရေးအတွက် အနာခံ၍ ကာကွယ်စောင့်ရှောက်ရမည့် အရေးသည် အစိုးရနှင့် အာဏာပိုင်များ၏ အဓိကတာဝန်ပင်ဖြစ်လေသည်။
1.7.2014 ရက်နေ့၌ ဖြစ်ပွားခဲ့သော မန္တလေးအရေးအခင်းသည် ဘာသာရေးလူမျိုးရေး ပဋိပက္ခလည်း မဟုတ်ပါ။ ဆူပူအုံကြွမှု အဓိကရုဏ်းလည်းမဟုတ်ပါ။ ကြိုတင်အကွက်ချ၍ စနစ်တကျ စီစဉ်ထားသော ဂျီဟဒ်စစ်ပွဲသာ ဖြစ်ပါသည်။ အမျိုးသားရေး အသိအမြင်ရှိသူများက ထောင်ချောက်မှ လွတ်မြောက်ကြ သော်လည်း ဘုမသိ ဘမသိနှင့် ဗဟုသုတမရှိသူများသည်သာ ထောင်ချောက်တွင်းသို့ သက်ဆင်းမိသွားခြင်း ဖြစ်ပါသည်။
သံဃာတော်တွေ လမ်းပေါ်ထွက်လာအောင် ဆွပေး ဖွပေးကြသော်လည်း သံဃာတော်များက အကင်းပါး၍ သူတို့ဆင်သည့် ခွင်အတွင်း မဝင်မိခြင်းဖြစ်ပါသည်။ အကယ်၍သာ မူဆလင်ထောင်ချောက်အတွင်း သက်ဆင်းမိမည်ဆိုလျှင် ယခုအချိန်ထိ လက်ညှိုးထိုးမဆုံးဖြစ်နေဦးမည် သေချာပေသည်။
ထို့ကြောင့် ပုဝါဖြူဖြူ မြူမစွန်းစေရေးအတွက် အကဲဆတ်သော ပြဿနာအရပ်ရပ်ကို မဘသ အဖွဲ့ကြီးက တာဝန်ယူ ဖြေရှင်းပေးရမည်ဖြစ်လေသည်။
အမျိုးဘာသာ သာသနာအကျိုးကိုလည်း တစ်ဖက်တစ်လမ်းမှ သယ်ပိုးကာ အမျိုးဘာသာ သာသနာ၏ ဂုဏ်သိက္ခာကိုလည်း တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဖြင့် မဘသ အဖွဲ့၏ ဂုဏ်ဒြဗ်ကို မြှင့်တင်ပေးနိုင်ကြပါစေသတည်း။
ဝီရသူ(မစိုးရိမ်)
5.12.2014

PM 10:06




Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...