Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စာရေးဆရာထင်လင်းဦးကို ၂၉၅-က နှင့် ဆွဲထားပြီ”

$
0
0
စာရေးဆရာထင်လင်းဦးအမှုကို ဒီကနေ့ 17.12.2014 ရက်နေ့မှာ စတင်စစ်ဆေးပါတယ်။
ဒီကနေ့ 10:30 နာရီမှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မြို့နယ်တရားရုံးမှာ စတင်စစ်ဆေးတာ ဖြစ်ပါတယ်။
တွဲဘက်တရားသူကြီး ဦးဆန်းတင့်က အာမခံချက်ယူမှာလား မေးပါတယ်။
ဆရာထင်လင်းဦးက မယူဘးလို့ ဖြေပြီး၊ နာရီပိုင်းလေးဟောပြောခဲ့တာနဲ့ ကျွန်တော့်ကို တရားခံလို့ ဘယ်လို ပြောနိုင်မလဲ? လို့ ပြန်မေးပါတယ်။
ရှေ့နေခေါ်မှာလားလို့ ဆက်မေးရာ ခေါ်မယ်လို့ ဖြေပါတယ်။ ၄င်းနောက် ဥပဒေအရာရှိထံ အာမခံချက်တင် သော်လည်း ၂၉၅-က ဖြစ်နေလို့ အာမခံမပေးခဲ့ပါဘူး။
11:40 နာရီမှာ ဆရာထင်လင်းဦးကို လက်ထိပ်ခတ်ပြီး 24.12.2014  ရက်နေ့မှာ ထပ်မံစစ်ဆေးမည့် အကြောင်း ချိန်းဆိုလိုက်ပါတယ်။
ဆရာထင်လင်းဦးဟာ 23.10.2014 ရက်နေ့ ချောင်းဦးမြို့နယ်၊ သုံးပန်လှ(အနိမ့်)ရွာ၊ စာပေဟောပြောပွဲမှာ သံဃာတော်ကို ပြစ်မှားစော်ကားမှုများ ထည့်သွင်းဟောကြားခဲ့တာနှင့်ပတ်သက်၍ 19.11.2014 ရက်နေ့မှာ ကျင်းပတဲ့ချောင်းဦးမြို့နယ်၊ သံဃနာယကအဖွဲ့ရဲ့ စည်းဝေးဆုံးဖြတ်ချက်နှင့် ပြည်သူ့ဆန္ဒအရ ချောင်းဦးမြို့နယ် သာသနာရေး(လဝက)သို့ ဦးတိုက်လျှောက်ထားတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဘာသာ သာသနာကို စော်ကားခဲ့တဲ့ ဆရာထင်လင်းဦးကို သပိတ်မှောက်ကံ ဆောင်ပွဲကို 29.11.2014 ရက်နေ့မှာ ချောင်းဦးမြို့နယ်လုံးဆိုင်ရာ သံဃာတော်များက တညီတညွတ်တည်း ကျင်းပခဲ့ကြပါတယ်။
တရားရုံးက ပြစ်မှုကြီးအမှတ် ၃၄၆/၂၀၁၄ ဖြင့် အမှုလက်ခံပြီး 4.12.2014 ရက်နေ့မှာ လဝကဦးစီးမှူး ဦးဦးထွန်းခိုင်ကို စတင်စစ်ဆေးကာ ဆရာထင်လင်းဦးကို သမ္မန်စာဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းသို့ မဘသ(ဗဟို)မှ ဆရာတော်ဦးပါမောက္ခ၊ ဦးဓမ္မပိယ(စစ်ကိုင်း) ဆရာဦးအောင်မြိုင်၊ မန်းမဘသ တွဲဘက်အတွင်းရေးမှူါ် ဆရာတော်များဖြစ်သော ဦးယသ(လမင်းလေး) ဦးစန္ဒာသီရိ(မီးအိမ်ရှင်) ဦးစီးသော သံဃာတော်များ၊ အမျိုးသား အမျိုးသမီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ကြွရောက်လေ့လာခဲ့ကြပါတယ်။
ဆရာထင်လင်းဦးအမှုကို 24.11.2014 ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာဖြစ်ပြီး လောလောဆယ်တွင် ချောင်းဦးရဲစခန်းမှ မုံရွာထောင်သို့ ပို့လိုက်ပြီဖြစ်ပါတယ်။
ဆရာထင်လင်းဦးဟာ ဘိုကလေးဇာတိ မရမ်းကုန်းမှာနေထိုင်ပြီး၊ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် တာဝန်ယူကာ နိုင်ငံရေးဝေဖန်ရေး စာပေဆောင်းပါးများရေးသားခဲ့သူဖြစ်ပါတယ်။ ချောင်းဦးသုံးပန်လှရွာ ဟောပြောမှုနှင့် ပတ်သက်ပြီး NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင်ဖြစ်မှ ရပ်ဆိုင်ခံထားရသူလည်းဖြစ်ပါတယ်။
၂၉၅-က။ ၂၉၈ ပုဒ်မတို့ဖြင့် အရေးယူခံထားရတာကြောင့် အများဆုံးပြစ်ဒဏ် သုံးနှစ်ကျခံရမှာ ဖြစ်ပါတယ်။
ဝေဖန်တာနှင့် ပြစ်မှားတာ မခွဲခြားတတ်သေးတဲ့ နိုင်ငံရေးသမားများ၊ စာရေးဆရာများအတွက်တော့ ဆရာထင်လင်းဦးက  သင်္ခန်းစာကောင်းတစ်ပုဒ် ပေးခဲ့တာဖြစ်လို့ ကျေးဇူးတင်ကြမှာပါ။
ကျေးဇူးပဲ ဆရာထင်လင်းဦးရေ……..။













Viewing all articles
Browse latest Browse all 2129

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာနည်း


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း