ဦးပဉ္စင်း ဦးဝီရသူထံ ဆေးကျောင်းတက်ရန် အခက်အခဲရှိနေသော ကျောင်းသားများ လာရောက်လျှောက်ထား တာ စုစုပေါင်း ငါးယောက်ရှိပါပြီ။
(၆)ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး(၄)ဘာသာဂုဏ်ထူးရှင်တစ်ဦး(၅)ဘာသာဂုဏ်ထူးရှင်နှစ်ဦးရှိရာ ရှေ့လေးဦး အတွက် အလှူရှင်ပေါ်သွားခဲ့ပါပြီ။
အခုနောက်ဆုံးထပ်မံပေါ်ပေါက်လာသော ငါးဘာသာဂုဏ်ထူးရှင် တစ်ဦးသာ ကျန်ပါတော့သည်။
ပညာပါရမီကုသိုလ်ယူလိုသူများ၊ ပညာရေးဖြင့် အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်လိုသူများ ဆက်သွယ်နိုင်ပါ သည်။
တစ်လလျှင် အနည်းဆုံး(၁)သိန်းကျပ်ထောက်ပံ့နိုင်ရပါမည်။
အလှူရှင်နှင့် ကျောင်းသား+မိဘများ တွေ့ဆုံပေးခြင်း၊ အလှူရှင်များက ကျောင်းသားများကို ဆုံးမလမ်းညွှန် ခြင်းများ ပြုလုပ်နိုင်အောင် စီမံပေးခြင်းတို့အပြင် ကျောင်းသားအမည်နှင့် နေရပ်လိပ်စာကို ထိန်းသိမ်းပေးထားပါ သည်။
မန္တလေးအတွက် တစ်လတစ်ကြိမ် ဦးပဉ္စင်းကျောင်းမှာ လခလာထုတ်ရင်း ဆုံးမသြဝါဒ ခံယူရမှာ ဖြစ်ပါသည်။ မကွေးအတွက် ဆိုင်ရာ မဘသ ဆရာတော်များထံမှာ လခထုတ်၍ သြဝါဒခံယူရမှာ ဖြစ်ပါသည်။
(အရင်လေးဦးကို ယခုဒီဇင်ဘာလအတွက် ကုသိုလ်ရှင်များ ထောက်ပံ့ငွေ ပေးအပ်ပြီးဖြစ်ပါသည်။ ကျောင်းသား မိသားစုနှင့် ကုသိုလ်ရှင်များကိုလည်း တိုက်ရိုက် ဆက်သွယ်ပေးထားပါသည်။ ယခုနောက်ဆုံး ငါးဘာသာ ဂုဏ်ထူးရှင် ကျောင်းသားလေးမှာ ဖခင် အလုပ်ကြမ်းသမားကိုယ်တိုင် ယနေ့မှ လာရောကအပ်နှံခြင်းဖြစ် ပါသည်။ ယဉ်ကျေးမှုသင်တန်းဆင်းဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းရိုသေသည့် ကျောင်းသားလေးဖြစ်ပါသည်။)
ဆက်သွယ်ရန်
ကိုတွတ်(ကာယကံပရဟိတအဖွဲ့)09.5092037