Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကမ္ဘာဖျက်မည့် အလံနက်”

$
0
0
လူနည်းစုဆိုတာကြီးနဲ့ ကိုင်ပေါက်နေတတ်တဲ့ မျိုးနွယ်စုကို သတိထားပါ။
9/11 အရေးအခင်း၊ WTCကို ဝင်စီးတာလည်း လူနည်းစု မျိုးနွယ်တွေပါပဲ။
မွတ်ဘိုင်းအရေးအခင်း အိန္ဒိယပြည်သူတွေကို ဝင်စီးတာလည်း လူနည်းစု မျိုးနွယ်စုတွေပါပဲ။
အီရတ်တို့ ဆီးရီးယားတို့မှာ ကလေးသူငယ်ပါမကျန် ခရဇ်ယန်မှန်သမျှကို လူမဆန်စွာ သတ်ဖြတ်နေကြတာ လည်း လူနည်းစုမျိုးနွယ်တွေပါပဲ။
ခိုလှုံခွင့်ပေးတဲ့ နိုင်ငံကိုတောင် လုပ်ကြံရက်တဲ့သူတွေပါ။
ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ တရားဥပဒေတို့ကို ရှေ့တန်းတင်လွန်းသူတွေ သတိထားစေဖို့ပါ။
အကြမ်းဖက်ကုလားကို အာမခံပေးမိရင် အခုလိုပဲ စော်ကားခံရမယ်။
ဝီရသူ(မစိုးရိမ်)
16.12.2014
PM 8:48
===========================================================
“ဆစ်ဒနီရှိ ကော်ဖီဆိုင်တစ်ဆိုင်ကို အကြမ်းဖက်သမားများ စီးနင်းထား”
ဩစတြေးလျ နိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင် တစ်ခုတွင် အကြမ်းဖက်သမားများက ဖမ်းဆီးထားသည့် ဓားစာခံများကို ကယ်တင်နိုင်ရန် ရဲတပ်ဖွဲ့က အကြီးစား စစ်ဆင်ရေးတစ်ရပ် စတင်နေပြီဟု သတင်းရရှိသည်။
CNN သတင်းဌာန၏ ဖော်ပြချက်အရ သေနတ်သမား အချို့သည် Lindt Chocolate ကော်ဖီဆိုင်ကို စီးနင်းထားပြီး ခန့်မှန်းခြေ ဓားစာခံ (၁၃)ယောက်မျှကို ထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့သည်။ သတင်းများက ဓားစာခံဟု ယူဆရသူ အချို့သည် အနက်ရောင် နောက်ခံတွင် အာရပ်စာလုံးများ ရေးသားထားသည့် အလံတစ်ခုကို ကိုင်မြှောက်ကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ပြသနေသည့် ပုံရိပ်ကိုလည်း ထုတ်လွှင့် ပြသခဲ့သည်။ အဆိုပါ စကားလုံးများမှာ တမန်တော် မိုဟာမက်ကို ဂုဏ်တင်ချီးကျူး ရေးသားထားခြင်း ဖြစ်သည်။
လတ်တလောတွင် အခင်းဖြစ်ပွားရာ ကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီ ဝန်းရံထားပြီး ကယ်ဆယ်ရေးအတွက် စစ်ဆင်ရေးတစ်ခု အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်။ ပြီးခဲ့သည့် လပိုင်းများအတွင်းက ဩစတြေးလျတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်လှမ်းရေး သတင်းအချက်အလက်များအရ သတိပေးခဲ့ဖူးပြီး ယခုအခါ လက်တွေ့ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က လက်ရှိ အခြေအနေတွင် ဓားစာခံများကို ဖမ်းဆီးထားသူများ၏ အဓိက ရည်ရွယ်ချက်ကို မသိရှိရသေးဟု ဆိုသည်။ “ဘယ်လို နိုင်ငံရေး လှုံ့ဆော်မှုမျိုး ပါဝင်ဆက်နွှယ်နေတယ် ဆိုတာကို ကျွန်တော်တို့ မသိသေးပါဘူး။ အခြေခံ အကြောင်းရင်း တစ်ခုခုတော့ ရှိပါလိမ့်မယ်။ အဓိက အချက်ကတော့ သူတို့ရဲ့ လုပ်ဆောင်မှုဟာ ပြည်သူတွေ အထိတ်တလန့် ဖြစ်လာအောင် ရည်ရွယ်နေတယ် ဆိုတာပါ။ ဩစတြေးလျဟာ ငြိမ်းချမ်းတဲ့၊ ပွင့်လင်းတဲ့၊ ရက်ရောတဲ့ လူ့အဖွဲ့အစည်း တစ်ခုပါ။ ဒီဖြစ်ရပ်ကြောင့်တော့ ဒါကို ပြောင်းလဲမသွားစေပါနဲ့”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ယခု အခင်းဖြစ်ပွားရာ ကော်ဖီဆိုင်သည် ဆစ်ဒနီ၏ လူစည်ကားသော ဗဟိုကုန်သွယ်ရေး ရပ်ဝန်းတွင် တည်ရှိသည်။ ဗီဒီယို မှတ်တမ်းများတွင် ရဲနှင့် အရေးပေါ်ဝန်ထမ်း အများအပြားသည် ဆိုင်အနီး၌ ဖြန့်ကျက် နေရာယူထားပြီး အနီးတဝိုက်ရှိ လမ်းများကို ပိတ်ထားလိုက်သည်ကို တွေ့ရသည်။
အကြမ်းဖက်သမားများသည် ဓားစာခံများကို ကော်ဖီဆိုင် မှန်ပြတင်းပေါက်များ အနီးတွင် မတ်တပ်ရပ်စေကာ အကာအကွယ် ယူထားကြောင်းလည်း မျက်မြင်များက ဆိုသည်။ လတ်တလောတွင်မူ ကော်ဖီဆိုင် အတွင်းမှ လူများနှင့် အဆက်အသွယ် ရရှိရန် ကြိုးပမ်းနေဆဲဟု အခင်းဖြစ်ရာ နေရာမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားထားသည်။
_Ref: BBC






Viewing all articles
Browse latest Browse all 2129

Trending Articles