Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရှင်းသန့်ပါရမီ တရားပွဲ”

$
0
0


2.12.2014 ရက်နေ့ ည 7:30 နာရီ၊ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ မြင်စိုင်းရွာ၊ ရှင်းသန့်ပါရမီ နာမှုကူညီရေးအသင်း နှစ်ပတ်လည်အခမ်းအနား အကြိုဓမ္မသဘင် ဟောကြားခဲ့တာပါ။
ဘဝတူအကျဉ်းသားဟောင်း သူငယ်ချင်းဦးသီဟက တောင်းဆိုလို့ ရဟတ်ယာဉ်၊ အောင်သောင်း၊ အမရဘဏ်ကိစ္စတွေ ထည့်ဟောပေးခဲ့ရပါတယ်။ သူ့စီ ဖုန်းဆက်ပြီး မေးကြတာများလွန်းနေလို့ တောင်းဆိုရတာပါတဲ့။
ဦးဘုန်း (ဓာတု)ရဲ့ အဇာတသတ်အတွေးအခေါ် ဝတ္ထုတိုလေးအကြောင်း အစချီပြီး အဇာတသတ်မင်းကြီး နောင်တရ ကျွတ်တန်းဝင်ခဲ့ချိန်မှ သင်္ဂါယနာ့ဒါယကာဖြစ်ချိန်အထိ ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ဟောပြော ခဲ့တာပါ။
အဖေသတ်ခဲ့လို့ဆိုပြီး ကျောင်းရိပ်တောင်မနင်းနဲ့လို့ ဗုဒ္ဓက အဇာတသတ်ကို နှင်ထုတ်ရမှာလား?
ဒေဝဒတ်နှင့်ပေါင်းပြီး ဘုရားစော်ကား သံဃာသင်းခွဲ၊ သာသနာဖျက်ဆီးခဲ့လို့ဆိုပြီး ငါ့သာသနာနှင့်မတန်ဘူး။ အဝီစိနှင့်ပဲ တန်တယ်လို့ဆိုကာ လက်မခံဘဲ ငြင်းဆန်ပစ်ရမှာလား?
ငယ်စဉ်က ဆိုးမိုက်ခဲ့တာတွေကိုပဲ ကြည့်ပြီး သင်္ဂါယနာတင် ကျေးဇူးတရားကို ပစ်ပယ်ကြမယ်ဆိုရင်ကော တရားမျှတပါမည်လား?
ကျေးဇူးကန်းရာ မရောက်ဘူးလား? ဘုရားလက်ခံနိုင်ပါ့မလား? စတဲ့ မေးခွန်းတွေနှင့် ဟောကြားခဲ့တာပါ။
ကာချုပ်ကြီးက ရဟတ်ယာဉ်လှူမယ်ဆို ယူပါရစေဗျာ။ အခုတော့ အတောင်ပံနှင့် ပျံသန်းနိုင်တာဆိုလို့ ပုဇင်းကောင်တောင် လှူမယ့်သူ မရှိကြပါဘူးဗျာ။
အောင်သောင်းဆိုတဲ့ သတ္တဝါကလည်း ငါးပြားတောင် မလှူဖူးပါဘူးဗျာ။ ငြိမ်းချမ်းရေးဆွေးနွေးနေတာကို အားပေးချင်လို့ အောင်သောင်းလာဖူးတာကို လက်ခံခဲ့တာ တစ်ခါတည်းပါ။ စွပ်စွဲချက်က ကန်းကုန်ပါပဲ။ သင်္ကန်းခြင်းလည်း တစ်ခုပဲ လက်ခံဖူးပါတယ်။ အောင်သောင်းက သိန်း ထောင့်ငါးရာ လစဉ်လှူတာတွေ၊ စုံနေတော့တာပါပဲ။
အဲဒီလိုပဲ အမရဘဏ်ထဲမှာ ဦးဝီရသူငွေတွေ ဘယ်လောက်ရှိတယ်၊ ညာလောက်ရှိတယ် ဆိုတာလည်း ကြားရပါသေးတယ်။ တပြားမှ မရှိပါဘူးဗျာ။ အမရဘဏ်ဆိုတာ အောင်သောင်းဘဏ်မှန်း ခုမှ သိရတာပါခင်ဗျ။
ဘဏ်အကောင့်ဖွင့်ရအောင် အကောင့်ဆိုတာ ဘာလဲဗျလို့တောင် မေးရမလိုပါပဲဗျာ။
အကောင့်တော့မသိဘူး။ အကောင်ဆိုရင်တော့ သိတယ်ခင်ဗျ။ ဂေါ်ဇီလာ၊ ဒိုင်နိုဆော ဘာကောင်၊ ညာကောင် စတာတွေပေါ့ဗျာ။
အားကိုးရသူနှင့် ချစ်ရသူတရား ဟောကြားခဲ့တာပါ။
မယုံကြည်ရသောပါတီကို အားပေးရင် အလိမ်ခံရမယ်။
စိတ်မချသော ပါတီကို အားပေးရင် အကန်းခံရမယ်။
ကြိုက်တာကို အားပေးကြပါဗျာ။
(အကန်း = ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း)


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...