Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အကြမ်းဖက်ဝါဒကို ရှုတ်ချပေးသင့်ကြောင်း မူဆလင်ခေါင်းဆောင်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း”

$
0
0


အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁
အစ္စလာမ်သာသနာကို ခေါင်းစဉ်တပ်ကာ အစွန်းရောက်အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့်ဝါဒကို ကမ္ဘာအနှံ့မှ မူဆလင်ခေါင်းဆောင်များက ရှုတ်ချသင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က တိုက်တွန်းခဲ့ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစ္စလာမ်ဘာသာကို အကြမ်းဖက်ဝါဒနှင့် တွဲလျက်စဉ်းစားကြသည့် ပုံသေကားကျ အယူအဆကြောင့်လည်း စိတ်မကောင်းဖွယ်ရာများ ဖြစ်ရသည်ကို နားလည်ပါကြောင်း ပုပ်ရဟန်းမင်းကြီးက ရောမသို့ ပြန်သည့်လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။
ယင်းသို့ အကြမ်းဖက်လုပ်ရပ်များကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းရှုတ်ချကြမည်ဆိုလျှင် မူဆလင်အများစုကိုလည်း ထိုသို့ ရောယောင် ထင်မြင်နေမှုကို လျှော့ကျသွားစေမည်ဟု အကြံပြုခဲ့သည်။
မူဆလင်များအားလုံးကို အကြမ်းဖက်သမားများဟု မြင်နေသည့် လူများကိုလည်း ရှုတ်ချကြောင်း ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
“ခရစ်ယာန်တွေအားလုံးဟာ ပုံသေကားကျ ဝါဒီတွေလို့ ကျွန်တော်တို့ ဘယ်ပြောလို့ရမလဲ။ မူဆလင်တွေကိုလည်း ဒီလိုရှုမြင်လို့ ဘယ်သင့်ပါ့မလဲ”ဟု ရဟန်းမင်းကြီးက မိန့်ဆိုသည်။
အရှေ့အလယ်ပိုင်းဒေသတွင် နေထိုင်ကြသော ခရစ်ယာန်များကိုလည်း နှိပ်စက်ညှင်းပန်းမှု ရပ်တန့်ကြပါရန် ပုပ်ရဟန်းမင်းကြီးက တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်တွင် ပြောကြားခဲ့သေးသည်။
ခရစ်ယာန်ကင်းစင်သော အရှေ့အလယ်ပိုင်းဒေသကို မမြင်လိုပါကြောင်း ပုပ်ရဟန်းမင်းကြီးနှင့် အော့သိုဒေါ့စ် ခရစ်ယာန်ခေါင်းဆောင် ပတ်ထရစ်ဘာသိုလိုမြူးတို့က ပူးတွဲကြေညာခဲ့သေးသည်။
ဘာသိုလိုမြူးသည် သန်း ၂၅၀ ရှိသော  အောသိုဒေါ့စ် ခရစ်ယာန်များ၏ ဘာသာရေးခေါင်းဆောင်ဖြစ်ကာ ၁၀၅၄ ခုနှစ်တွင် ရောမ၏ လက်အောက်မှ ခွဲထွက်သွားခဲ့ခြင်း ဖြစ်သည်။
ယနေ့ အစ္စတန်ဘူလ်မြို့တော်သည် ယခင်က ကွန်စကန်တီနိုပယ်လ်မြို့တော်ဖြစ်ကာ အော့သိုဒေါ့စ် ခရစ်ယာန် သာသနာ၏ ဗဟိုချက်မဖြစ်ခဲ့ပြီး ၁၄၅၃ တွင် အော့တိုမန်အင်ပါယာ လက်အောက်သို့ ကျရောက်ခဲ့သည်။
တူရကီနိုင်ငံ အန်ကာရာမြို့တော်သို့ အလည်အပတ်ရောက်ရှိခဲ့စဉ် ပုပ်ရဟန်းမင်းကြီးက အစ္စလာမ်သာသနာနှင့် ဆွေးနွေးညှိနှိုင်း ရန်လည်း ကမ်းလှမ်းခဲ့သေးသည်။
2.12.2014 ရက်နေ့ထုတ် The Voice Daily သတင်းစာမှ ကူးယူဖော်ပြသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...