Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all 2129 articles
Browse latest View live

“စိရံတိဋ္ဌထုသဒ္ဓမ္မော၊ သဒ္ဓမ္မော-ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ သဒ္ဓမ္မသည် စိရံ-သာသနာငါးထောင်ကြာမြင့်စွာ တိဋ္ဌတု-တည်ပါစေ ကုန်သတည်း” ၉၆၉

$
0
0
နိုင်ငံတော်သမ္မတကြီး
နေပြည်တော်
နေ့စွဲ-၂၀.၂.၂၀၁၄
ဘင်္ဂလားဒေ့ရှ်မဲအောင်ကရဘာရီရွာမှ မြိုလူမျိုးအိမ်ခြေ(၃)ဆောင်လူ(၁၄)ယောက်တို့သည် ၃.၂.၂၀၁၄ ခုနေ့ ၄င်းတို့၏ ရပ်ရွာမှ ၄င်းတို့၏ဥစ္စာပစ္စည်းများကိုစွန့်လွှတ်ပြီး ထွက်ပြေးလာရကြောင်း ၁၈.၂.၂၀၁၄ ခုနေ့မှာ မောင်တောမြို့ ဆိုက်ရောက်လာကြကြောင်း
၁။ မန်ဆွဲ အိမ်ထောင်စု(၄)ယောက်
၂။ မန်ကြောက် အိမ်ထောင်စု(၅)ယောက်
၃။ ပေါ်ထွေး အိမ်ထောင်စု(၅)ယောက်
၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှ ကုလားများသည် ဘင်္ဂလားဒေ့ရှ်တွင်နေလိုလျှင် ကုလားဘာသာကို ဝင်ရောက် ရမည်ဟုဆို၍ ထွက်ပြေးလာရကြောင်း၊ မျက်မှောက်မှာ ရွာတော်ရွာမှ မြိုလူမျိုး မောင်နေရှုးသည် ကုလားမတစ် ယောက်နှင့် ချစ်ကြိုက်၍ အိမ်ထောင်ပြုသည်။ မောင်နေရှုးအား ကုလားများသည် ချက်ချင်းလာရောက်ပြီး ကုလားဘာသာကို ဝင်ရောက်၍ ဗလီတက်ရန် အတင်းအဓမ္မခိုင်းလေသဖြင့် မောင်နေရှုးသည် ကုလားဘာသာ ကို မဝင်ချင်ဘဲ ကုလားများကိုကြောက်ရွံ၍ ကုလားဘာသာကိုဝင်ရောက်ကာ ကုလားဖြစ်သွားရလေသည်။ ကုလားများသည် သည်မျှလောက်အထိ အနိုင်ကျင့်သည်သာမက ဘာသာရေးကိုအကြောင်းပြပြီး မည်သည့် လူမျိုး မည်သည့်ဘာသာကိုမဆို သူတို့ကုလားဘာသာ ကုလားလူမျိုးဖြစ်အောင် သိမ်းသွင်းကြသည်။ ယခုလည်းဘင်္ဂလားဒေ့ရှ်တွင် ကုလားများသည် မည်သည့် လူမျိုး မည်သည့်ဘာသာကိုမဆို ငွေပြ၍ တစ်မျိုး ခြိမ်းခြောက်၍ တဖုံယူပြီး သူတို့ကုလားဘာသာ ကုလားဖြစ်အောင် အတင်းအဓမ္မသိမ်းသွင်း၍ ကုလားများစွာ ဖြစ်နေကြပြီဟု၎င်းတို့ပြောပြ၍ သိရသည်။ ဤစီမံကိန်းနှင့် ကုလားများသည် အစွန်းတစ်ဘက်ကို ရောက်အောင် (၇၈၆)ဂဏန်းကို ထုတ်ဝေနေကြသည်။ ဤဂဏန်း(၃)လုံးကိုပေါင်းလျှင် (၂၁)ရသည်။ သက္ကရာဇ် ၂၁၀၀ တွင် သူတို့ကုလားများသည် လူဦးရေအတိုင်းအတာနှင့် ကမ္ဘာကြီးကို လွှမ်းမိုးသွားလိမ့်မည်ဟု ခြိမ်းခြောက် နေကြသည်။ ဤသည်စက္ကူကျားသာဖြစ်သည်။ ရာသီဥတု(၃)ခုစလုံးမှာ ခံနိုင်ရည်မရှိ၊ ကုလားများ ဤသို့ပြုလုပ် လာသည်ကို တိုင်းရင်းမြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်မြတ်တို့သည် မြတ်စွာဘုရားဟောကြားတော် မူသော သတိတရားကို မြဲစွာထားကြပြီး ဗုဒ္ဓ၏ သာသနာတော်သည် ငါးထောင်တည်မြဲပါစေဟု ၉၆၉ ဂဏန်းကို ထုတ်ဝေလိုက်သည်။ သာသနာသည် အကျင့်ဖြစ်သည်။ အကျင့်တရားကို မည်သူမျှဖျက်၍မရ၊ ပုဂ္ဂိုလ်ကိုသာ ဖျက်၍ရသည်ဟု ၉၆၉ ဂဏာန်းထုတ်ဝေလိုက်သည်။ ဤဂဏာန်း၏ အဓိပ္ပါယ်သည် ဘုရားဂုဏ်တော် ၉ပါး၊ တရားဂုဏ်တော် ၆ပါး၊ သံဃာဂုဏ်တော် ၉ပါးဖြစ်သည်။ ဤဂုဏ်တော်များသည် မနှိုင်းယှဉ်အပ်သော ဂုဏ်တော်ဖြစ်၍ သူတို့ ကုလားများထုတ်ဝေထားသော ၇၈၆ ကိုလွှမ်းမိုး၍ တန်ပြန်ပြုလုပ်သည်ဆိုပြီး အပြစ် အမျိုးမျိုးကိုရှာကာ အသဲကိုလှံနှင့်ထိုးသလို ဖြစ်နေကြသည်။
ယင်းကြောင့် ရန်ကုန်တိုင်းပုဇွန်တောင်မြို့နယ် အခြေစိုက် အစ္စလာမ်ညီညွတ်ရေးအသင်းမှ မြန်မာ မူဆလင်များ အဖွဲ့ချုပ်ထံသို့ ခေါင်းစဉ်ဖြင့် ပြည်သိမ်းစီမံချက်ဆိုပြီး စာတမ်းတစ်စောင်တင်သွင်းထားကြောင်း ထိုစာ၏ မဟာဗျူဟာအမှတ်(၁)တွင် ၉၆၉ဦးဆောင်ဆရာတော်များအားလုပ်ကြံ သတ်ဖြတ်ရန် (၂)သံဃာဂိုဏ်းခွဲရန် (၃)၉၆၉တရားပွဲများသို့ ဗုဒ္ဓဘာသာဝင်များမသွားလာရဲအောင် ဗုံးခွဲတိုက်ခိုက်ရန်(၄)၉၆၉ လူငယ်များအား တွေ့ရာ သင်္ချိုင်းဒါးမဆိုင်းဘဲ သတ်ဖြတ်ရန် (၅)၉၆၉ အဖွဲ့များနှင့် အယောင်ပြဆွေးနွေးရန်ဆိုပြီး စာစောင်ကို ထုတ်ပြန်ပါသည်။
ကုလားများထုတ်ဝေသောစာတွင် တစ်ဘက်ကိုကပ်ပြီး မကောင်းမှုသတ်သတ်ကိုသာကြံစည်နေသောကြောင့် လက်တွေ့မကောင်းမှုဒဏ်ကိုသာ ခံစားကြရမည်။ မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်မှာ ကလျှာနံဝါကောင်းသည်လည်းဖြစ်သော ပါပကံဝါ မကောင်းသည်လည်းဖြစ်သော ယံကမ္မံအကြင်ကံကို ကရိဿ မိပြုအံ့ တဿကမ္မဿ ထိုကောင်းမှုမကောင်းမှုကံ၏ ဒါယဒေါကောင်းမွေဆိုးမွေခံသည် ဘဝါသာမိဖြစ်ရအံ၊ လောကကြီးမှာ ဘုရားနှင့်တူသောပညာရှိသည် တစ်ဦးတစ်ယောက်မျှမရှိ ယင်းကြောင့် မြတ်စွာဘုရား၏ တရားတော်ကို ယုံကြည်၍ ဂုဏ်းငါးပါး ဘုရား တရား သံဃာ မိဘ ဆရာတို့၏ ဂုဏ်တော်ကိုယုံကြည်၍ အောက်မေ့နေလျှင် ဘေးအန္တရာယ်အပေါင်းမှ မုချလွတ်ရမည်။
လောကကြီးမှာ ကုသိုလ်ကံနှင့်အကိုသိုလ်ကံကို သင်္ခါရတရားကပြုပြင်ပေးနေသည်။ မကောင်းမှုကို လုပ်လျှင် မကောင်းဖြစ်မည်။ အကောင်းကိုလုပ်လျှင် အကောင်းဖြစ်မည်ကို မည်သူမျှငြင်းနိုင်မည်မဟုတ်ပါ။ အိမ်ရာဝင် အိပ်ရာထတိုင်း ဗဒ္ဓေါမေသရဏံ အညံနတ္ထိ ဘုရားထက်အပြင် ကိုးကွယ်ရာမရှိ၊ ဓမ္မောမေသရဏံ အညံနတ္ထိ တရားထက်အပြင်ကိုးကွယ်ရာမရှိ သံဃာမေသရဏံအညံနတ္ထိ ဘုရားထက် အပြင်ကိုးကွယ်ရာမရှိ၊ ဓမ္မောမေ သရဏံ အညံနတ္ထိ တရားထက်အပြင်ကိုးကွယ်ရာမရှိ သံဃာမေသရဏံ အညံနတ္ထိ၊ သံဃထက်အပြင်ကိုးကွယ် ရာမရှိ၊ ဗုဒ္ဓေါဂုဏော အနန္ဒော၊ ဓမ္မာဂုဏော အနန္ဒော၊ သံဃာဂုဏော အနန္ဒော၊ မာတာပိတုဂုဏော အနန္ဒော၊ အာစရိယဂုဏော အနန္ဒော မေပဉ္စဂုဏေအဟံဝန္ဒာမိ သဗ္ဗဒါ ရွတ်ဖတ်တော်မူကြပါ။
ဦးဥတ္တမသာရ ဘုန်းတော်ကြီး
၎-မိုင်တောင်ဦးတောရကျောင်း၊ မောင်တောမြို့
သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၁၅)ဝါ

မွေးရာဇာတိ၊ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာ။


“မ.ဘ.သ အဖွဲ့(ဗဟို)၏ သဘောထား ထုတ်ပြန်ချက်”

$
0
0
နေ့စွဲ-တော်သလင်းလပြည့်ကျော် ၁၂-ရက်၊ ၁၃၇၆-ခု၊(သြဂုတ် ၂၀၊ ၂၀၁၄) စနေနေ့။
အကြောင်းအရာ။         ။ ပြည်ပရောက် မြန်မာနိုင်ငံသားများ အကာအကွယ်မဲ့စွာ လူ့အခွင့်အရေး ဆုံးရှုံး နစ်နာမှုအပေါ် စိတ်မကောင်းဖြစ်ရခြင်းနှင့် တာဝန်ရှိသူများက တာဝန်ယူပေးရန် တိုက်တွန်းခြင်း။
ဖော်ပြပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်၍
၁။ ယခုနောက်ဆုံး(၁၄.၉.၂၀၁၄)နေ့က အသတ်ခံရသော မြန်မာ၂ဦးအပါအဝင် မလေးရှားနိုင်ငံ၌ ယခုနှစ် ၁-နှစ်အတွင်းမှာပင် မြန်မာနိုင်ငံသား ၂၀ ကျော် အသတ်ခံခဲ့ကြရပါပြီ။ မတရားနှိပ်စက်ခံရမှုများလည်း ရှိခဲ့ပါသည်။
၂။ ထိုင်းနိုင်ငံစသော အခြားနိုင်ငံများ၌လည်း ထို့အတူပင် ပြည်ပရောက် မြန်မာနိုင်ငံသားများ အကာအကွယ် မဲ့စွာ လူ့အခွင့်အရေး ဆုံးရှုံးနစ်နာနေရသည်မှာ အင်တာနက်လိုင်းများ စာနယ်ဇင်းများ၌ မကြာခဏ တွေ့မြင်ကြားသိနေရပါသည်။
၃။ ထိုကဲ့သို့ မြန်မာနိုင်ငံသားများ အကာအကွယ်မဲ့စွာ လူ့အခွင့်အရေးဆုံးရှုံးနစ်နာနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံးတို့ကလည်း လုံးလောက်စွာ တာဝန်ယူမှု ပျက်ကွက်နေသည်များကိုလည်း တွေ့ရပါသည်။ လူ့အခွင့်အရေး အော်နေသူများသည်ပင် ရေငုံနှုတ်ပိတ်နေကြပါသည်။ လူသားချင်း စာနာစိတ်ရှိသူတိုင်း စိတ်မကောင်းဖြစ်ကြရမည်မှာ မလွဲပေ၊ မိမိတို့(မ.ဘ.သ)အဖွဲ့ကြီးကလည်း အလွန်စိတ်မကောင်းဖြစ်ရပါသည်။
၎။ ထိုဖြစ်ရပ်များကို ပြည်တွင်းပြည်ပ သက်ဆိုင်ရာတာဝန်ရှိသူ အားလုံးက လုံးလောက်အောင် တာဝန်ယူပေး ကြပါဟု မြန်မာနိုင်ငံသား ရဟန်း ရှင် လူ ပြည်သူ အားလုံး၏ကိုယ်စား မိမိတို့(မ.ဘ.သ) အဖွဲ့ကြီးက တိုက်တွန်း အပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မ.ဘ.သအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။


“နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခေတ်မီသေနတ်များထုတ်ပေးကာ နယ်စပ်လုံခြုံရေးတိုးမြှင့်”

$
0
0

အောင်သစ်လွင်
ရန်ကုန်-မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်ဒါအဖွဲ့က ခြိမ်းခြောက်ထားချိန်တွင် မောင်တောနယ်စပ် လုံခြုံရေး တိုးမြှင့်ထားပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ချေမှုန်းရေး ခေတ်မီသေနတ်များ ထုတ်ပေးထား ကာ တပ်မတော်(ရေ)မှလည်း စစ်ရေယာဉ်တစ်စီးဖြင့် လုံခြုံရေးစောင့်ကြပ်နေကြောင်း သတင်းရရှိသည်။
“နယ်စပ်လုံခြုံရေးက ပြည်သူပါပူးပေါင်းဖို့အရေးပါတယ်။ ဒီဘက်ကလည်း လိုအပ်တဲ့ ခေတ်မီလက်နက်တွေ တပ်ဆင်ပေးထားတယ်။ ပိုင်ပိုင်နိုင်နိုင်သုံးနိုင်ဖို့ အတွက်လည်း သင်တန်းတွေလည်းပေးထားတယ်။ တပ်မတော် (ရေ)ကလည်း တာဝန်ယူထားတယ်။ လုံခြုံရေးကိုတော့ အရင်ထက်ပိုတိုးထားတယ်” ဟု မောင်တောမြို့ အခြေစိုက်အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲရေးလက်အောက်ရှိ ဒုတိယရဲမှူးကြီး အဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ကိုရီးယားနိုင်ငံထုတ် အကြမ်းဖက်ချေမှုန်းရေးသေနတ်များဖြစ်သည့် 12 Bore Winchester Slide Action Shot Gun များတပ်ဆင်ပေးထားပြီး MA-11 ဟုခေါ်သည့် တိုက်ပွဲများတွင် သုံးသည့် အဆင့်မီသေနတ်များလည်း ထုတ်ပေးထားကြောင်း သတင်းရရှိသည်။ ခေတ်မီသေနတ်များ ထုတ်ပေးထားခြင်းမှာ နယ်စပ်ဒေသလုံခြုံရေးအတွက် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် မောင်တော၊ ဘူးသီးတောင်နယ်စပ်တစ်လျှောက်ကို ဒေသအုပ်စု(၄)စုသတ်မှတ်၍ ဒုတိယရဲမှူး ကြီး အဆင့်ရှိသူများက ဦးဆောင်၍ လုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ထို့အပြင် ခြံစည်းရိုးကားရံနိုင်ခြင်းမရှိသေးသော နေရာများတွင် ကင်းစခန်းများတည်ဆောက်ထားပြီး နယ်စပ်တစ်လျှောက် မြန်မာ့ရေပိုင်နက်အတွင်း တပ်မတော်ရေမှ စောင့်ကြည့်ရေး ရေယာဉ်တစ်ဏီးထားကာ လုံခြုံရေးအချိန်ပြည့်စောင့်နေကြောင်း နယ်မြေ(၄)မှ နယ်ခြားစောင့်ရဲအရာရှိတစ်ဦးကပြောသည်။

ယခုနှစ် မေလလယ်က မောင်တောနယ်စပ်လုံခြုံရေးရဲကင်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့သည်။ နှစ်ဦးဒဏ်ရာရပြီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားရာ ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင်အဖွဲ့မှ တစ်ဦးသေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ဝင်များကိုင်သည့် သေနတ်များမှာ ခေတ်မီမှုမရှိတော့ကြောင်း ဝေဖန်ခဲ့ကြပြီး ဒုချီးယားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်နှင့်အတူ ပျောက်ဆုံးသွားခဲ့သည့် အမှုမှာလည်း ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက်များ မရှိခြင်းနှင့် လေ့ကျင့်မှုအားနည်းခြင်းကြောင့်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သုံးသပ်ထားသည်။

“အတုမရှိဂျာနယ်လ်မိသားစု အလုပ်စကားဝိုင်းလေးပါ”

$
0
0
19.9.2014 မွန်းတည့် 12:00 မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
ကင်းဝန်မင်းကြီးတိုက်၊ အကျော်ကျောင်းဝင်းအတွင်းမှာ အသစ်ဖွင့်လှစ်မည့် မန်း မဘသ ရုံးမှာ ဆွေးနွေးကြတာပါ။
မန်းမဘသ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်လည်းဖြစ်၊ အတုမရှိဂျာနယ် သြဝါဒစရိယဆရာတော်လည်း ဖြစ်သည့် သာသနာပါလဆရာတော် ဘဒ္ဒန္တပညာသာမိ မထေရ်ကြီးက အတုမရှိဂျာနယ်လ် ရှေ့ရေးအတွက် အယ်ဒီတာချုပ်မှာ တာဝန်ရှိကြောင်း မိန့်ကြားတော်မူပါတယ်။
အတုမရှိဂျာနယ်လ် အကြံပေးအရာရှိ စာရေးဆရာမကြီး ဒေါ်ယဉ်ယဉ်နု၊ အယ်ဒီတာချုပ်ဦးစိုးမြသွေး၊ ဒီဇိုင်းဆရာဦးနိုင်ဝင်ထွန်းနှင့် ဝိုင်းတော်သူဝိုင်းတော်သားအားလုံး စုစုစည်းစည်း တက်တက်ကြွကြွ အလုပ်သဘော တင်ပြဆွေးနွေးကြပါတယ်။
အတုမရှိဂျာနယ်အမှတ်(၄)အထိ စမ်းသတ်ထုတ်ဝေပြီးခဲ့ပါပြီ။ အများလက်ခံနိုင်မည့် အသွက်ပုံစံနှင့် မဇ္ဈိမပုံစံ အတိုင်း ရေရှည်ရပ်တည်နိုင်ရေး အလေးပေး ဆွေးနွေးရင်း တစ်ပတ်နှင့်တစ်ပတ် ကောင်းသထက်ကောင်း အောင် ကြိုးစားကြဖို့ သန္နိဋ္ဌာန်ချခဲ့ကြပါတယ်။

“တန်ဖိုးရှိတဲ့ လူငယ်တွေ”

$
0
0
ဒီနေ့ 20.9.2014 ရက်နေ့ မနက် 10:00 နာရီမှာ မန္တလေး ဂျပ်ဖာစင်(Jetterson Center)ကို ရောက်ရှိခဲ့ပါတယ်။
လာပင့်သူက ဒီမိုကရက်တစ်မြန်မာ(မန္တလေး)မှ ဦးကျော်ကျော်ဖြစ်ပါတယ်။
စင်တာကိုရောက်တော့ ဒကာကြီး စောကြင်စိန်က လိုက်လံပြသ ရှင်းလင်းပြပါတယ်။
လူငယ်တွေရော လူကြီးတွေရော အင်္ဂလိပ်စကားပြော လေ့ကျင့်ရင်း ဆွေးနွေးနေကြတာတွေ တွေ့ခဲ့ရပါတယ်။ နိုင်ငံခြားသား နိုင်ငံခြားသူ လူငယ်တွေလည်း ပါဝင်ဆွေးနွေးကြတာ တွေ့ရပါတယ်။
နိုင်ငံတကာငြိမ်းချမ်းရေးနေ့အကြိုအဖြစ် လူငယ်တွေ အင်္ဂလိပ်သီချင်းဆိုပြီး အခမ်းအနား ကျင်းပနေတာကို လည်း တွေ့ခဲ့ရပါတယ်။
အမေရိကန်စင်တာမှာ ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်း စိတ်ဝင်တစား လေ့လာအားထုတ်နေကြသည့် လူငယ်တွေ။
ကမ္ဘာကြီး ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း ကိုယ့်နည်းကိုယ့်ဟန်နှင့် စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြ သည့် လူငယ်တွေ။
မိန်းကလေးရော၊ ယောက်ျားလေးပါ တွေ့မြင်ရတာ ကြည်နူးစရာမြင်ကွင်းလေးပါ။
အရက်ဆိုင်၊ ဘီယာဆိုင်၊ နိုက်ကလပ်၊ KTV စတာတွေမှာ တွေ့ရတတ်သည့် လူငယ်တွေကို ကြည့်ပြီး စိတ်ပျက်နေကြသူများအတွက်တော့ ဒီနေ့ လူငယ်တွေဟာ ဆေးကောင်းတစ်ခွက်တော့ ဖြစ်လိမ့်မယ် ထင်ပါတယ်။
တကယ့် တန်ဖိုးရှိတဲ့ လူငယ်တွေပါ။
ဒေါက်တာစိုးလင်း၊ ဦးကျော်ကျော်၊ ဦးစောကြင်စိန်တို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ပေမယ့် လူငယ်တွေ စုပေါင်း သှီဆိုနေကြသည့် မိုက်ကယ်ဂျက်ဆင် သီချင်းစာသားတွေကို ကြားယောင်နေမိတာပါ။
We are the world we are the chiltren
We are the ones who make a brighter day…….
အတွေးအခေါ် ဂလိုဘယ်လ်ကျအောင်
ယဉ်ကျေးမှုမှာ လိုကယ်လ်ကျအောင်
လူငယ်တွေကို ဘယ်လိုပျိုးထောင်ကြမလဲ?
အလေးအနက် စဉ်းစားကြရမယ်နော်။
ဝီရသူ(မစိုးရိမ်)

20.9.2014














“နဂါးနီအသင်း စုဘူးငွေထုတ်ပေးခြင်းနှင့် အသင်းဝင်သစ်(၅၀)အတွက် (၂၅)သိန်း ထပ်မံထုတ်ပေးခြင်းအခမ်းအနားကျင်းပ”

$
0
0
မန္တလေး၊ စက်တင်ဘာ ၂၀
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် မြောက်ရပ်ကွက်ရှိ နဂါးနီအသင်းဝင်များအား တတိယအကြိမ် စုဘူးငွေထုတ်ပေးခြင်း၊ လူသစ် ဦးရေ(၅၀)အတွက (၂၅)သိန်း ထပ်မံတိုးချဲ့ထုတ်ပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို (၂၀.၉.၂၀၁၄)ရက်နေ့၊ ညနေ (၅း၀၀)နာရီအချိန်၊ ချမ်းမြသာစည်မြောက်ရပ်ကွက် ဗုဒ္ဓသာသနရက္ခိတ ဘုံဆွမ်းလောင်းအသင်းတိုက်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နဂါးနီစုဘူးတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန (နာယက)၊ ဒေါ်နှင်းပပ (ဥက္ကဋ္ဌ)၊ ဒေါ်ကြည်ကြည်မာ (ဒု ဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင် (အတွင်းရေးမှူး)တို့ တက်ရောက်ကြပြီး အရှင်ဉာဏိန္ဒိ၊ အရှင်နာဂိန္ဒ၊ ဒေါ်နှင်းပပ၊ ဒေါ်ကြင်ကြင်မြိုင်တို့မှ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စိတ်ဓာတ်ခွန်အားမြင့်တင်ရေး အသိပညာများကို ဟောပြောပေးခဲ့ကြပါသည်။ ဟောပြောပွဲပြီးသည့်နောက် အသင်းဝင်ဟောင်း (၅၀)ဦးတို့အတွက် (၁)ဦး (၅၀၀၀၀ိ/)စီ တတိယအကြိမ်မြောက် စုဘူးငွေထုတ်ပေးပြီး အသစ်ဝင်ရောက်လာသည့် အသင်းဝင်(၅၀)ဦးတို့အတွက် (၁)ဦးလျှင် (၅၀၀၀၀ိ/)နှုန်းဖြင့် (၂၅)သိန်း ထပ်မံမတည် ပေးအပ်ခဲ့သည်ဟု သိရပါသည်။
ချမ်း/မြောက်နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူး (၄)ဘူးရှိသည့်အနက် (၃)ခုမြောက်စုဘူးဖြစ်ပြီး တစ်ဦးလျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် ဦးရေ(၅၀)အတွက် (၂၅)သိန်း မတည်ကာ (၃၁.၅.၂၀၁၄)နေ့တွင် စတင်တည်ထောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ချမ်း/မြောက်နဂါးနီစုဘူးအတွက် မတည်ငွေ ကျပ် သိန်း(၅၀)ရှိပြီးဖြစ်ကြောင်းနှင့် သိန်းတစ်ရာပြည့်သည်အထိ တိုးချဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။
ဆရာတော်ဦးဝီရသူသည် ခေါင်းပုံဖြတ် အမြတ်ကြီးစားခံနေရသော မြန်မာတိုင်းရင်းသား ဆင်းရဲသားများအတွက် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရန် လမ်းစဖော်ပေးသည့်အနေဖြင့် နဂါးနီစုဘူးအသင်းကို တည်ထောင်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို စုဘူးအသင်းဝင်များအတွက် ကျန်းမာရေးရန်ပုံငွေ၊ (၃)ကျပ်ကို ၎င်းတို့ဘဝတူများအတွက် တိုးချဲ့ချေးပေးနိုင်ရန် စီးပွားရေးရန်ပုံငွေအဖြစ် စုဆောင်းပေးကြောင်း သိရသည်။
ဝီရခေမိန်(နဂါးနီသတင်းထောက်)
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြပေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ၊ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)



“မန်း မဘသ ရဲ့ စနေနေ့ ပုံမှန်အစည်းအဝေးလေးပါ”

$
0
0
20.9.2014 ညနေ 5:00 နာရီ၊ မစိုးရိမ်တိုက်ကြီး နိရုတ္တိနယူပဒေသကျောင်းမှာ ကျင်းပမြဲ ကျင်းပခဲ့တာပါ။
အတွင်းရေးမှူးချုပ်ဆရာတော်ကြီး နှစ်ပါးနှင့်အတူ အမရပုရမဘသ ဆရာတော်များအပါအဝင် ပရိသတ်များ စုံစုံလင်လင် တက်ရောက်ကြပါတယ်။

ဝံသာနုရက္ခိတလူငယ်အဖွဲ့ မဖွဲ့ရေး အဆိုဘက်မှာ မန်းမဘသ ရပ်တည်ပုံ အောင်ပင်လယ် မဘသ ဖွဲ့စည်းရေး၊ ခင်ဦးမြို့နယ် သရက်ကုန်းရွာ ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းဖွင့်လှစ်ရေး၊ အမရုရမြို့နယ် ၉၆၉ နှင့် မဘသကို ဆဲဆိုရွတ်တွားပြီး ဆူပူအောင် လှုံ့ဆော်သည့် ကုလားများကို ထိရောက်စွာ အရေးယူနိုင်ရေး၊ မဘသရုံး ဖွင့်လှစ်နိုင်ရန် လိုအပ်သည့် ပရိဘောဂများ ဝယ်ယူရေး၊ ဂျီဟဒ်အရေး အခင်းကြောင့် အမှုရင်ဆိုင်နေရသူများကို ရှေ့နေလိုက်ပေးနေသူများအား ကူညီရေးစသည်များအပြင် ကုလားယုတ် ကုလားစုတ် အနုတ်စုတ် ဂုတ်စုတ်အွန်လိုင်း မီဒီယာပါ အမျိုးသမီးက သင်္ကန်းဝတ်ပြီး သံဃာယောင်ဆောင်သည့်ကိစ္စ၊ မာတုဂါမနှင့်ငြိစွန်းနေ၍ သီတဂူဆရာတော်ကြီးက လူထွက်ခိုင်းကြောင်း သတင်းတွေကို ဟာသအဖြစ် ဝိုင်းဝန်းသရော်ဟားတိုက်ခဲ့ကြပါတယ်။







“မြစ်ခြေအဓိကရုဏ်း အမြန်ပြီးဆုံးပါစေ”

$
0
0
ဒီနေ့ 20.9.2014 ည 8:00 နာရီခန့်မှာ စတင်ဖြစ်ပွားခဲ့တာပါ။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရွာကြီးမှာ ဖြစ်ပွားခဲ့တာပါ။
ဒေါ်ချိုမာသက်(ဗမာ/ဗုဒ္ဓ)အသက်(၃၀)ခန့် အမျိုးသမီးဟာ ကုလားအိမ်မှာ အလုပ်လုပ်ပါတယ်။ အိမ်ရှင်ကုလား က ကိုမိုးဝင်း အသက်(၃၅)နှစ်ခန့် နွားသတ်လုပ်ငန်းလုပ်ပါတယ်။
မြစ်ခြေရွာ တိုးချဲ့(၂)ရပ်ကွက်မှာ နေထိုင်ကြပါတယ်။ ကိုမိုးဝင်းတို့ လင်မယားဟာ မချိုမာသက်ကို ဝိုင်းရိုက်ပြီး အိမ်ထဲဆွဲခေါ်သွားကြပါတယ်။ အဲဒီနောက် အယ်လ်ဇေးရှင်း ခွေးကြီးနှစ်ကောင်နှင့် ရှူးတိုက်ပါတယ်။ မချိုမာသက် အသက်လုပြီး ထွက်ပြေးခဲ့ပါတယ်။
လူငယ်သုံးယောက်က ဝင်ဆွဲလို့ သက်သာရာ ရသွားခဲ့ပါတယ်။
အဲဒီအချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး ကုလားမိုးဝင်းအိမ်ကို ဝိုင်းမယ်ပြုမယ် လုပ်ကြပါတယ်။
ရဲတပ်ဖွဲ့ ရောက်လာတဲ့အခါ အင်အားသုံးရာကျော်ရှိသော လူအုပ်ကြီးက ကုလားမိုးဝင်းတို့လင်မယားကို တစ်နာရီအတွင်း ဖမ်းပေးဖို့ တောင်းဆိုကြပါတယ်။ အဲဒီအချိန်မှာ မီးပျက်သွားပြီး ကုလားမိုးဝင်းတို့ ထွက်ပြေးသွားတာကြောင့် ရဲတပ်ဖွဲ့ကို တောင်းဆိုခြင်းဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က ကတိပေးပေမယ့် မိအောင်မဖမ်းနိုင်ခဲ့ပါဘူး။
လူအုပ်ကြီးက မြစ်ခြေဗလီဘက်ကို ချီတက်သွားပြီး ဒေါသတကြီး ဖျက်ဆီးနေကြချိန်မှာ လုံခြုံရေးတွေ ရောက်လာလို့ ထွက်ပြေးပါတယ်။
နောက် ကုလားမိုးဝင်းရဲ့အိမ်ကို ဖျက်ဆီးလိုက်ကြပါတယ်။
ကုလားမိုးဝင်းအိမ်နှင့် ကိုလားမိုးဝင်း၏ အကိုရဲ့ ဈေးဆိုင်ကို ဖျက်ဆီးပြစ်လိုက်ကြပါတယ်။
မြစ်ခြေရွာဆိုတာ မြို့လေးတစ်မြို့လို စည်ကားတဲ့ ရွာကြီးတစ်ခုပါ။ အိမ်ခြေ တစ်ထောင်ကျော်ရှိရာ ကုလားအိမ်က လေးဆယ်ခန့်သာ ရှိပါတယ်။ ကုလားမိုးဝင်းဟာ ၂၀၁၃ ခုနှစ်တုန်းကလည်း ရွာသားတစ်ယောက်ကို ကားနှင့်လိုက်တိုက်ခဲ့ဖူးပါတယ်။
ပခုက္ကူမြို့နယ် မြို့စိုး ရွာမှာလည်း ကုလားမိုးဝင်းရဲ့ အိမ်ရှိပါတယ်။ အဲဒီရွာမှာလည်း လွန်ခဲ့တဲ့ ခြောက်လခန့်က ပြဿနာတက်ခဲ့ဖူးပါတယ်။ ခုတလော ပြဿနာတွေ ဆက်တိုက်ရှာနေရာမှ မချိုမာသက်ကိစ္စ ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်ပါတယ်။
ကုလားမိုးဝင်းရဲ့ ဒုက္ခပေးမှုကို မခံနိုင်ကြတဲ့ ရွာသူ/သားတွေ ပေါက်ကွဲကုန်ကြခြင်းပဲ ဖြစ်ပါတယ်။ အခုည ၁၂ နာရီအချိန်မှာ ခန်းမရှေ့၌ တစ်ရွာလုံး စုရုံးနေကြပြီး ကုလားလင်မယားကို ဖမ်းပေးဖို့ တောင်းဆိုနေကြပါတယ်။ တကယ်လို့ မိအောင်ဖမ်းမပေးနိုင်ဘူးဆိုရင် မနက်ဖြန် 21.9.2014 ရက်နေ့ နံနက် 8:00 နာရီမှာ စုရုံး ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။
ရဲကားလေးစီးက ဒိုင်းတွေ ကာတွေ ကိုင်ပြီးအသင့်နေရာယူထားကြပါတယ်။ အခြား ကုလားအိမ်များကို ပစ်မှတ်မထားတာရယ်၊ စုရုံးဆန္ဒပြဖို့ စီစဉ်တာရယ်က ချီးကျူးစရာပါ။ အယ်လ်ကေးဒါတွေက ဂျီဟဒ်လုပ်ဖို့ လူမုန်းများတဲ့ ကုလားဆိုးတွေကို သွေးထိုးပေးနေကြတာပါ။ သူတို့လိုချင်တဲ့ အကွက်ထဲဝင်သွားရင် အကြောင်းပြ လှလှနဲ့ ဂျီဟဒ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။
ရွှေမြန်မာတွေ သတိဝီရိယနှင့် နေကြပါ။
ကုလားဆိုးတွေကို အကျင့်ဆိုးနဲ့ တုန့်ပြန်လို့ မရပါဘူး။ တရားဥပဒေနှင့်သာ ဆုံးမရမှာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးရှိ မ.ဘ.သ ရဟန်းရှင်လူ ပြည်သူများအနေဖြင့် မိမိရပ်ရွာကို မကူးစက်ရလေအောင် ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
ဘုမသိ ဘမသိနဲ့ ရွာသူရွာသားတွေ ကုလားထောင်ချောက်ထဲ တိုးဝင်မိမှာ စိုးရပါတယ်။
ဝီရသူ(မစိုးရိမ်)

21.9.2014  AM 00:36




“မြစ်ခြေ အခြေအနေ”

$
0
0
ဒီနေ့ 21.9.2014 မနက်ပိုင်းမှာ လုံခြုံရေးအင်အား တိုးချထားပါတယ်။ လက်နက်တွေလည်း ကိုယ်စီပါကြပါတယ်။
ရွာသူ/သားတွေလည်း လူစုကွဲသွားပါပြီ။
ကုလားလင်မယားကိုတော့ မဖမ်းမိသေးပါဘူး။
ကုလားအိမ်နှင့်ဆိုင် ပျက်စီးသွားပါတယ်။
ဗလီဝင်းတံခါးနှင့် အသေးအမွှားလောက်ပဲ ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
ရွာသူ/သားတွေအနေဖြင့် ကုလားလင်မယားဖမ်းမိရေးအတွက်ပဲ ပူးပေါင်းဆောင်ရွက်ကြရပါမယ်။ နောက်ထပ် တစ်စုံတစ်ရာ ပြဿနာမဖြစ်ပေါ်အောင် ဝိုင်းဝန်းထိန်းသိမ်းပေးရပါမယ်။
အကြမ်းဖက်သမားတွေ အကြောင်းပြကောင်းအောင် ကိုယ့်ဘက်က လွန်ကျွံတာမျိုး မဖြစ်စေဖို့ တိုင်းရင်းသူ/သား ရဟန်းရှင်လူပြည်သူအားလုံး ဂရုစိုက်ကာကွယ်ရပါမယ်။
ဝီရသူ(မစိုးရိမ်)

21.9.2014 AM 9:15

“မြစ်ခြေ တရားခံကုလားကို ရဲတွေဝိုင်းထား”

$
0
0
မြစ်ခြေတရားခံ ကုလားမိုးဝင်းတို့လင်မယား ဆိပ်ဖြူမှာ ခိုအောင်းနေတယ်ထင်ပြီး ဆိပ်ဖြူ မဘသ က လိုက်ရှာနေကြပါတယ်။
ဒါပေမဲ့ ပခုက္ကူမြို့နယ်၊ စပေရွာမှာ ရောက်နေကြောင်း သိရလို့ ပခုက္ကူ မဘသနှင့် ရဲတွေ စပေရွာကို ရောက်လာ ကြပါတယ်။
ပခုက္ကူ မဘသ ကို ရဲတွေကပြန်လွှတ်လိုက်လို့ ပြန်သွားကြပါပြီ။ ရအောင်ဖမ်းပေးပါ့မယ်လို့ အာမခံပြီး ပြန်လွှတ် လိုက်တာပါ။
စပေရွာဟာ ကုလားမိုးဝင်းရဲ့ မယား(ဗမာ/ဗုဒ္ဓ) ဆွေမျိုးတွေရွာလို့ သိရပါတယ်။
စပေရွာဆရာတော် ဦးဂန္ဓမာက ကျောင်းခေါ်ထားပြီး ရဲတွေလာခေါ်တာ မထည့်လို့ ရွာနှင့်ကျောင်း ပြဿနာတက်နေကြောင်း သိရပါတယ်။
ရွာမှာ ရဲကားတွေ အသင့်အနေအထားရှိပေမယ့် စပေရွာကျောင်းဆရာတော်က ဘာကြောင့် ရဲလက်မအပ်တာ လဲဆိုတာတော့ မသိရပါဘူး။
မေတ္တာတရားကြီးမားတဲ့ ဆရာတော်ဦးဂန္ဓမာကို လေးစားကြည်ညိုမိတာတော့ အမှန်ပါပဲ။
ဥပဒေဆိုတာကတော့ ကျူးလွန်သူ အရေးယူခံရမှာပဲလေ။
မကျူးလွန်ဘဲ မတရားဖမ်းဆီးတယ်ဆိုရင်တော့ အားပေးရမှာပေါ့ဗျာ……….။
ဝီရသူ(မစိုးရိမ်)
21.9.2014

PM 3:45

“မြစ်ခြေတရားခံ ကုလားမိုးဝင်းကို ဖမ်းမိပြီ”

$
0
0
ပထမဦးဆုံး ကုလားမိုးဝင်းရဲ့ ဇနီးကို ဖမ်းမိတာပါ။ ဇနီးသည်လည်း ဖမ်းမိသွားရော ကုလားမိုးဝင်း ထွက်လာပြီး အဖမ်းခံပါတော့တယ်။
ဘုန်းကြီးတွေကိုရော ရဲတွေကိုပါ ထိုင်ရှိခိုးပြီးမှ အဖမ်းခံတာပါ။ သူရော သူ့မယားရော လင်းမယားနှစ်ယောက် လုံး ဗုဒ္ဓဘာသာဖြစ်ပါတယ်ဆိုပြီး ငိုယိုတောင်းပန်ပါတယ်။
မဘသ ဆရာတော်များက သူ့မိန်းမအိမ်ကို ဝင်ကြည့်ပါတယ်။ ဘုရားစင်ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဘုရားစင် မဟုတ်တော့ပါဘူး။ တစ်ခြားစင်ဖြစ်နေပါတယ်။
အနောက်ကို ခေါင်းပြုအိပ်ကြပုံတွေ၊ ဘုရားစင်ကိုခြေကန်ပြီး အိပ်ကြပုံတွေ အထောက်အထားများအရ တွေ့ခဲ့ ရပါတယ်။
ကုလားမယားဟာ ကုလားနှင့်မညားခင်က ဗုဒ္ဓဘာသာကိုးကွယ်ပေမယ့် ကုလားနှင့်ညားတော့ ကုလားဘာသာ ကူးပြောင်းသွားတာ ထင်ရှားနေပါတယ်။
ကုလားဖြစ်စေ၊ ဗမာဖြစ်စေ၊ အပြစ်ကျူးလွန်ထားခဲ့ရင်တော့ ဥပဒေရဲ့ အဆုံးအမကို ခံယူရမှာ အမှန်ပါပဲ။
မြစ်ခြေကတော့ ပုံမှန် တည်ငြိမ်သွားပါပြီ။ ကုလားကို ဖမ်းမိသွားလို့လည်း ကျေနပ်သွားကြပါပြီ။
ယနေ့ 21.9.2014 ရက်နေ့ ညနေ 4:00 နာရီခန့်မှာ ဖမ်းမိတာ ဖြစ်ပါတယ်။
သတိ-ကုလားထောင်ချောက်ရှိတယ်။
ကုလားထောင်ချောက်ရှိတယ် သတိထား။
ဝီရသူ(မစိုးရိမ်)

21.9.2014 PM 7:05

“မုဒိတာရပ်ဝန်း”

$
0
0

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်ထားဝယ်ရပ်(၄၄)ကွက်၊ ကဲဘာတန်း ဓမ္မပိယအာရုဏ်ဆွမ်းကပ် အသင်း နာယကကြီး ဒေါ်ခင်ပြုံး၊ ဦးတင်မောင် မောင်နှမတစ်စုတို့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(မန်းမဘသ)အတွက် အလှူငွေ(၁)သိန်းကျပ်နှင့် ဦးဝီရသူ၏ နဝကမ္မအတွက် အလှူငွေ(၁)သိန်းကျပ် စုစုပေါင်း (၂)သိန်းကျပ် လှူဒါန်းစဉ်။

“ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/သူများအား ဗလာစာအုပ်လှူဒါန်း”

$
0
0
မန္တလေး၊ စက်တင်ဘာ ၂၁
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဘ/ဘ(၂၀)ရပ်ကွက်၊ ကန်ဝန်မင်းကြီးကျောင်းတိုက်၌ ဖွင့်လှစ်လျက်ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူ (၁၂၈)ယောက်တို့အား ဆရာတော်ဦးဝီရသူမှ လှူဒါန်းသည့် ဗလာစာအုပ်များကို ဆရာတော်ကိုယ်စား နဂါးနီစုဘူးဆရာတော် အရှင်ဇဝနနှင့် လောကအလင်းပညာဒါနကျောင်းမှ ကျောင်းအုပ် ကိုမိုးအောင်တို့ (၂၁.၉.၂၀၁၄)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ မူကြိုတန်း၊ သူငယ်တန်း၊ ပထမတန်းတို့မှ ကျောင်းသား/သူ (၁၀၀)အတွက် လေးကြောင်းမျဉ်း ဗလာစာအုပ် (၁) ဒါဇင်စီနှင့် ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်းတို့မှ ကျောင်းသား/သူ (၂၈)ယောက်အတွက် တစ်ကြောင်းမျဉ်း ဗလာစာအုပ် (၁)ဒါဇင်စီ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ဝီရခေမိန်(နဂါးနီသတင်းထောက်)














“ဓမ္မပိယမိသားစုရဲ့ မုန့်ဟင်းခါးကပ် အလှူပွဲလေးပါ”

$
0
0
အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်၊ ထားဝယ်ရပ်(၄၄)ကွက်၊ ကဲဘာတုန်း၊ ဓမ္မပိယအာရုဏ်ဆွမ်းကပ်အသင်း နာယကကြီး ဒေါ်ခင်ပြုံး၊ ဦးတင်မောင်ဝင်း မောင်နှမတစ်စုရဲ့ အလှူပွဲလေးဖြစ်ပါတယ်။
မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း စာချစာသင်သံဃာတော်များအား မနက်အစော အာရုဏ်ဆွမ်း မုန့်ဟင်းငါးဆက်ကပ် လှူဒါန်းတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်အဖြစ် မွေးဖွားပေးခဲ့ကြသော ဖခင် ဦးဘကြည်၊ မိခင်ဒေါ်ကြည်ခင်တို့အား ရည်စူး၍ ကျေးဇူးတင်/ကျေးဇူးဆပ် မွေးနေ့အလှူဒါန ဖြစ်ကြောင်း နဝကမ္မအလှူငွေ ကောင်းမှုကမ္ဗည်းရေးထိုးထားတာ တွေ့ရပါတယ်။










“အခြေခံစာကြည့်တိုက် ပျိုးထောင်ရေး သင်တန်းဆင်းပွဲ အခမ်းအနား”


“တတ်လည်း တတ်နိုင်ကြပါရဲ့”

$
0
0
ဝီရသူထောင်မှလွတ်ပြီး တစ်လအကြာ 12.2.2014 ရက်နေ့တုန်းက ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
ဈေးချိုဟိုတယ်မှာ စီစဉ်ပြီးမှ၊ ပွဲမိန့်လည်းကျပြီးမှ အချိန်ပိုင်းလေးမှ ကပ်ပြီး အဖျက်ခံလိုက်ရပါတယ်။ ဒါနဲ့ ဈေးချိုဟိုတယ်ရှေ့ ညဈေးတန်းလမ်းဘေး ပလက်ဖောင်းပေါ်မှာပဲ အစိုးရနဲ့ အတိုက်အခံလုပ်ပြီး ဇွတ်ကျင်းပ ခဲ့ရပါတယ်။ အဲဒီတုန်းက တရုန်းရုန်း တအုန်းအုန်းနဲ့ အားပေးလိုက်ကြတဲ့ လက်ခုပ်သံတွေ။
အဲဒီလိုပဲ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးတွေဆင်းကြတော့ ဝီရသူက “စနစ်မကောင်းလို့ ခေတ်မကောင်းတာပါ။ စနစ်ကောင်းအောင် ခွပ်ဒေါင်းအလံဆောင်ကြဖို့” မိန့်ခွန်းတွေပြောခဲ့တုန်းက အားပေး လိုက်ကြတဲ့ သြဘာသံတွေ။
ရိုဟင်ဂျာရှုတ်ချပွဲလည်းလုပ်ရော ပူးသတ်ရုံသက်သက် တွဲခဲ့တဲ့ ၇၈၆ တွေ ပြောင်ပြောင်တင်းတင်း ဆန့်ကျင် လာခဲ့ကြ၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့ကြ။ ရိုင်းရိုင်းပျပျ စော်ကားလာခဲ့ကြတာတွေ့ရပါတယ်။
နိုင်ငံနှင့် အမျိုးဘာသာ သာသနာလုံခြုံရေးရှုထောင့်အရ၊ သမ္မတဖြစ်ခွင့်ရှိသူ သုံးယောက်ထဲက တစ်ယောက် ကိုလည်းရွေးချယ်လိုက်ရော သင်္ကန်းချွတ်ကြ၊ ထောင်ချကြ၊ နိုင်ငံရေးဝင်စွက်တယ်ဆိုပြီး သံဃာ့အခန်း ကဏ္ဍကို ပစ်ပယ်ခဲ့ကြတာတွေလည်း ၄၃၆ တွေဘက်က ပြင်းထန်လာပါတယ်။
သူတို့လုပ်တိုင်း ထောက်ခံမှ ဒီမိုကရေစီ ဆိုတဲ့ ပုံစံမျိုး ချိုးလာတာလည်း တွေ့ခဲ့ရပါတယ်။
သူတို့နှင့် ပေါင်းမှ သူတို့လုပ်သမျှ ငုံ့ခံမှ ဘုရားသားတော် အချိုးမျိုး ချိုးလာကြသူတွေလည်း တွေ့ခဲ့ရပါတယ်။
ငါနှင့်မတူ ငါ့ရန်သူ ပုံစံမျိုးလည်း မလုပ်နိုင်။
အစွန်းရောက်အတပ်ခံရမှာစိုးလို့ အလျှော့ပေးပြီး ပေါင်းပြနေတဲ့ သဘောထားကြီးသူတွေလိုလည်း မရက်ရောနိုင်။
ကိုယ့်ပန်းတိုင်နှင့်ကိုယ်၊ ကိုယ့်လမ်းစဉ်နှင့်ကိုယ် တစ်စိုက်မတ်မတ် လျှောက်လှမ်းလာတဲ့အခါ တိုက်ခိုက်မှုတွေ ဟာ ပိုပြင်းထန်လာတာလည်း တွေ့ရပြန်ပေါ့။
မူးယစ်သုံးစွဲတယ်ထင်ပြီး “ဘိန်းစား” စွပ်စွဲတာ မအောင်မြင်တော့၊ မူဆယ်မှာ ဧပရယ်ကို မုဒိမ်းကျင့်တယ် စွပ်စွဲကြပြန်ရော။
အဲဒီနောက်ပိုင်း နိုင်ငံရေးလုပ်ဖို့ လူဝတ်လဲသတင်းတွေထုတ်ကြ။ အောင်သောင်းနဲ့ စွပ်စွဲလို့စွဲ။ ခင်ညွန့်လူ ပြောလို့ပြော။ လက်ကိုင်တုတ်တွေရော လော်ဘီတွေရော စစ်ခွေးတွေရော စုံနေတော့တာပါပဲ။ သူတို့စွပ်စွဲ သမျှ ဘာမှ မဟုတ်မှန်းလည်း သိရော အခြောက်ဆိုပြီး ရင်သားကြီးဆေးတွေထိုးတယ်၊ နုပျိုနေတာ မ ဟိုမုန်းဆေးတွေ နေ့စဉ်သောက်လို့ လုပ်ကြပြန်ရော။
အမျိုးသမီးကို သင်္ကန်းဝတ်ပေးပြီး ကျောင်းမှာ ခေါ်ထားတယ်ဆိုတဲ့ ကောလာဟလတွေ ထုတ်လွှင့်ကြ။
အခုနောက်ဆုံး စကားတောင် မပြောဖူးတဲ့ မိန်းကလေးတစ်ယောက်နှင့် ငြိစွန်းလို့ သီတဂူဆရာတော်ကြီး ကိုယ်တိုင်က လူဝတ်လဲခိုင်းတယ်ဆိုပြီး ထပ်မံ လုပ်ကြံကြ။
ပြည်သူလူထု အထင်အမြင်လွဲမှားအောင် ဂျာနယ်လ် မျက်နှာဖုံး သတင်းပုံစံ ဖိုတိုရှော့နှင့် ထင်ယောင်ထင်မှား စကားတွေလုပ်ကြံဖန်တီးလာကြတာတွေ လုပ်လာကြပါတော့တယ်။
တိုက်ကွက်တွေသာ ပုံစံအမျိုးမျိုးပြောင်လဲသွားတာ၊ တိုက်နည်းကတော့ အောက်လမ်းနည်းတစ်ခုတည်းပါပဲ။
ဝီရသူက တရားလည်း လူသိရှင်ကြားဟောပါတယ်။ မိန့်ခွန်းလည်း ပွင့်ပွင့်လင်းလင်းပြောပါတယ်။ စာရေးရင် လည်း By Name နဲ့ နာမည်တပ်ပြီး FB  တင်ပါတယ်။
ဝီရသူကို တိုက်ခိုက်တဲ့လူတွေကျတော့ အကောင့်လည်းအတု၊ နာမည်လေးမပါ၊ နေရပ်လိပ်စာ ဝေလာဝေးပါပဲ။
“လောကီအစုတ် လူတို့နှုတ်ကား မဟုတ်လည်းပြော ဟုတ်လည်းပြော၏” လို့ မဃဒေဝမှာ ဆိုထားပါတယ်။
လောကီလူသားတွေဆိုတာ အပြောင်းအလဲ မြန်တတ်ကြပါတယ်။ လူကြီးလူကောင်းပီသမယ်၊ အဖွဲ့အစည်းတွေ ကို ကိုယ်စားပြုမယ်ဆိုရင်တော့ ဟုတ်တာတွေပဲ ပြောဖို့လိုပါတယ်။
အောက်လမ်းနည်းတွေ ကျင့်သုံးမယ်ဆိုရင်တော့ ယာယီတော့ အောင်မြင်မယ်။ သတင်းမှန်ပေါ်ပေါက်လာခဲ့ ရင်တော့ ထာဝရကျရှုံးမှုနှင့် တွေ့ကြုံရပါလိမ့်မယ်။
ပတ္တမြားဆိုတာ ပွတ်လေပြောင်လေပါပဲ။
ဝီရသူဟာ အရိယာမဟုတ်ပေမယ့် သာမန် ရဟန်းတစ်ပါးတော့ မဟုတ်ဘူး။ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ၊ ရပ်တည်ချက်တွေ ပြတ်သားလှတဲ့ ဘုရားသားတော်တစ်ပါးပါ။
ကြိုက်တဲ့ဘက်က စမ်းလိုက်ပါ။
ဘာအားနည်းချက်မှ မရှိပါဘူး။
အနီးကပ်လာရောက် လေ့လာနိုင်ပါတယ်။
ပတ္တမြားဂူ၊ ဝက်ငြူစူ၍၊ ရွှံ့မြူညစ်စေ၊ ပွတ်လေလေတိုင်း၊
သရေမညှိုး၊ ရောင်ဝါတိုးသို့၊ တန်ခိုးထင်ရှား၊ ပွားထက်ပွားလစ်၊
သစ်ထက်သစ်၏။
စိစစ်မှတ်ပိုက်၊ ဤလူ၌လျှင်၊ သူမိုက်ကသာ၊
ငြူစူစွာခဲ့၊ ပညာရှိသူ၊ ပဏ္ဍိလူကား၊ မဆူမဝေ၊ အိုင်ကြီးရေသို့၊
အနေခိုင်ကျည်၊ ကြံ့ကြံ့တည်၍၊ အေးကြည်မျှစွာ၊
ကရုဏာနှင့်၊ မေတ္တာထပ်ရစ်၊ ချက်ထက်ချစ်၏။
(မဃ။၂၆၆)
ဝီရသူ(မစိုးရိမ်)
22.9.2014

AM 10:15






“မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့(သစ္စဝေဒဂူ) ယဉ်ကျေးလိမ္မာ ဆရာဖြစ် မွမ်းမံသင်တန်းဖွင့်လှစ်မည်”

$
0
0
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးနှင့် လူမှုကူညီရေးအဖွဲ့ချုပ်မှ ကြီးမှူး၍ မန္တလေးမြို့၊ ရေတံခွန်တောင်ခြေ၊ သစ္စဝေဒဂူ၊ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာ၌(၂၆.၉.၂၀၁၄ မှ ၅.၁၀.၂၀၁၄ အထိ) သီတင်းကျွတ်လဆန်း(၃)ရက်မှ ၄င်းလဆန်း(၁၂)ရက်ထိ(၁၀)ရက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် ဆရာဖြစ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ပါ၍ အမျိုးဘာသာ သာသနာ နိုင်ငံအကျိုးကို ရဟန်းရှင်လူစိတ်ပါဝင်စားသူတိုင်း တက်ရောက်သင်ကြားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
သင်တန်းတက်ရောက်မည့်သူများအနေဖြင့်
(၂၅.၉.၂၀၁၄) အရောက် အိပ်ရာလိပ်၊ အသုံးအဆောင်ပစ္စည်းများနှင့်အတူ ကြိုတင်ရောက်ရှိရမည်ဖြစ်သည်။

စုံစမ်းရန် ဖုန်း ၀၉-၂၀၂၅၀၀၁၊ ၀၉-၂၀၇၆၇၂၈၃

















“လက်သန်းရိုး ကျိုးအောင် အကိုက်ခံခဲ့ရသော ဒေါ်သန္တာမြင့်အား ငွေလှူဒါန်း”

$
0
0
28.8.2014 ရက်နေ့က ကုလားအုပ်တစ်ဖွဲ့ရဲ့ ရိုက်လည်းရိုက် ကိုက်လည်းကိုက်ခံရသော ဒေါ်သန္တာမြင့်(၄၂) နှစ်အတွက် ထေရဝါဒဓမ္မကွန်ရက်(ရန်ကုန်)မှ ဒေါ်ပေါရွှေက အလှူငွေ(၅)သောင်းကျပ်၊ ဦးမင်းသန့်(မန္တလေး) မှ အလှူငွေ(၃)သောင်းကျပ်၊ ဦးဝီရသူမှ(၅)သောင်းကျပ် စုစုပေါင်း(၁)သိန်း(၃)သောင်းကျပ် လှူဒါန်းကြပါတယ်။
မန်း မဘသ မှ (၅)သောင်းကျပ်နှင့် ကာယကံမေတ္တာအဖွဲ့မှ(၅)သောင်းကျပ် လှူဒါန်းထားပြီးဖြစ်ပါတယ်။
ဒေါ်သန္တာမြင့်ဟာ အမရပူရမြို့၊ ကိုယ်ရံတော်ရပ်ကွက်၊ ဗလီတောင်ဘက်မှာ နေထိုင်ပါတယ်။
ဒေါ်သန္တာမြင့်ကို ဝိုင်းကိုက် ဝိုင်းရိုက်ကြလို့ လက်သန်းရိုးကျိုးသွားပါတယ်။ ဆေးရုံက လက်နှစ်ဆစ် ဖြတ်ရမယ် ပြောပေမယ့် ဒေါ်သန္တာမြင့်က သဘောမတူလို့ အသားအစားထိုးတာ၊ စတီးလ်ချောင်းထည့်ကုတာ လုပ်ထား ပါတယ်။
ဒေါ်သန္တာမြင့်တိုင်စာကို ရဲစခန်းက လက်ခံထားပေမယ့် အခုထိတော့ ဘာမှ မထူးသေးပါဘူး။
21.9.2014 ရက်နေ့က ဆေးစာသွားပို့တာ ရဲစခန်းက မယူလိုက်ဘူးလို့ ပြောလာပါတယ်။

အမရပူရ မဘသ နှင့် မြို့နယ်သံဃနာယကဆရာတော်များက ဆက်လက် ကူညီသွားကြမှာ ဖြစ်ကြောင်း သိရပါတယ်။



“လူနည်းစုကို ကြင်နာကြပါဗျာ”

$
0
0
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ကန်သာယာ(အထက်ရွာ)သို့ ဆရာမဒေါ်ခင်ထွေး ဆရာမ ဒေါ်စိုးမြတ်ဇံတို့ ဆိုင်ကယ်တစ်စီးဖြင့် သွားကြပါတယ်။
စာသင်စာပြဖို့ သွားတာပါ။
မြို့သူကြီးရွာအလွန်လေးမှာ ဘင်္ဂလီကုလားကားပေါ်မှ ကုလားတစ်ယောက်ဆင်းလာပြီး ဆိုင်ကယ်ကို တွန်းလှဲပစ်လို့ လမ်းဘေးထိုးကျသွားရာမှ ဆရာမနှစ်ယောက်လုံး ဒဏ်ရာရသွားကြပါတယ်။
ဆရာမ ဒေါ်ခင်ထွေး ညာဒူးလေးချက်ချုပ်ရပြီး ခြေကျင်းဝတ်နှင့် ဘယ်ဘက်ဒူး ညာပေါင် ဘယ်လက်ဖမိုးတွေမှာ ဒဏ်ရာရသွားပါတယ်။
ဆရာမ ဒေါ်စိုးမြတ်ဇံကတော့ မျက်နှာမှာ သုံးနေရာ ထိခိုက်ဒဏ်ရာရသွားပါတယ်။
နောက်မှ လိုက်လာတဲ့ကားဟာ အပြာရောင် မှန်လုံကားဖြစ်ပြီး နံပါတ်ကတော့ D-3056 ဖြစ်ပါတယ်။
ကားလိုက်လာလို့ ဆိုင်ကယ်ကို ဘေးကပ်ဖြည်းဖြည်းမောင်းနေတာကို ကားပေါ်မှ ကုလားတစ်ယောက် ထီးကွယ်ဆင်းလာပြီး တွန်းလှဲပစ်လိုက်တာ ဖြစ်ပါတယ်။
21.9.2014 မနက် 10:30 နာရီမှာ ဖြစ်ပွားခဲ့တာပါ။ အခုတော့ ဆရာမ ဒေါ်ခင်ထွေး မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
မြန်မာပြည်မှာ လူနည်းစုဆိုရင် ကရုဏာသက်ဖွယ် ရိုးသားယဉ်ကျေး လိမ္မာရေးခြားမှု အားကြီးလွန်တဲ့ မျိုးနွယ်စုကိုပဲ ပြေးမြင်ကြတာပါ။
မောင်တောမှာ လူနည်းစုလို့ပြောလိုက်ရင် ပြည်မကြီးထဲကလို မွတ်စလင်တွေလို့ မထင်လိုက်ကြပါနဲ့။ မွတ်စလင်က ၉၇ ရာခိုင်နှုန်း၊ ရခိုင်က ၃ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်ဗျာ။
ဒီ သုံးရာခိုင်နှုန်းသော လူနည်းစုလေးကို မနေနိုင်အောင် နည်းမျိုးစုံနှင့် မောင်းထုတ်နေကြတာပါ။
မုဒိမ်းကျင့်တယ်၊ ဓားပြတိုက်တယ်၊ လုပ်ကြံသတ်ဖြတ်တယ် နည်းမျိုးစုံပါပဲ။
ဒါကြောင့် သုံးရာခိုင်နှုန်းသော လူနည်းစုလေးကိုလည်း ကြင်နာကြပါဦးလို့ ဗျိုးဟစ်လို့ ပြောလိုက်ချင် ပါတယ်ဗျာ…….။
ဝီရသူ(မစိုးရိမ်)

22.9.2014 PM 10:50




“မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယ စာကြည့်တိုက်”

$
0
0
2012 မှာ တည်ထောင်ခဲ့တာပါ။
အပတ်စဉ် အဝေးဖိတ် အနီးဖိတ် နေ့တိုင်း ဖွင့်ပါတယ်။ တစ်ရက်လျှင် အသင်းဝင် ၂၀၀ ကျော် လာရောက် ငှားယူကြပါတယ်။
ရဟန်းရှင်လူ မည်သူမဆို အသင်းဝင်ခွင့် ရှိပါတယ်။
စာဖတ်ခန်း သီးသန့်ထားရှိပါတယ်။ သတင်းစာ ဂျာနယ်လ် မဂ္ဂဇင်းများ နေ့စဉ် လာဖတ်ခွင့်ရှိပါတယ်။

စာအုပ်ငှားရာမှာသာ စာငှားကဒ် လိုအပ်ပြီး စာလာဖတ်သူများအတွက်တော့ စာငှားကဒ် မလိုပါဘူး။ မည်သူမဆို အခမဲ့ လာရောက် ဖတ်ရှုနိုင်ပါတယ်။















Viewing all 2129 articles
Browse latest View live