Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all 2129 articles
Browse latest View live

“ရခိုင် ဘကပညာရေး အလှူတော်”

$
0
0
ရခိုင်ပြည်နယ် ဘက ပညာရေးကျောင်းမှာ တည်ရှိရာ မြို့ပေါင်း(၁၅)မြို့မှ ဘကကျောင်း(၈၄)ကျောင်းနှင့်၊ တောင်တန်းသာသနာပြုကျောင်းတစ်ကျောင်း၊ ဒုက္ခသည်စခန်းနှစ်ခုအတွက် အလှူငွေ ၅၆၀၇၄၂၀၀ိ(သိန်းငါးရာ ခုနစ်သောင်းလေးထောင်နှစ်ရာကျပ်)အတွက် ဦးဝီရသူက(၅၆၁)သိန်း လှူဒါန်းရာ ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်က လက်ခံလှူဒါန်းပေးမည်ဖြစ်ပါသည်။

အမရပုရမြို့မှ ကိုမိုးကို+မခိုင်မာဦး မိသားစုက(၅)သိန်းကျပ်။ မောင်ကိန်းရွှေဆိုင်မိသားစုက(၁၀)သိန်းကျပ်၊ မြတ်သီတာမူကြိုမိသားစုက(၁)သိန်းခွဲကျပ် စုစုပေါင်း(၁၆)သိန်းခွဲသာ အလှူရှင်ပေါ်ပြီး၊ ကျန်ငွေများမှာ ဦးဝီရသူ၏ ဓမ္မပူဇာငွေများသာ ဖြစ်ပါကြောင်း။











“ထောင်တန် ‘ဘူး’ ကဗျာ” “(သို့မဟုတ်) စိန်ကို ရွှေနှင့် ကွပ်ချင်သူ”

$
0
0


၁။ မူရှာရက်ဖ် ပခုံးပေါ်က
ကြယ်ပွင့်တွေဟာ
ဘနာဇီယာ ဘူတိုရဲ့
သွေးစက်တွေလောက်
မတောက်ပြောင်ခဲ့ပါဘူး။
၂။ ဆက်ဒန်လည်ပင်းမှာ စွပ်လိုကတဲ့
ဇီဝိန်ခြွေ ကြိုးကွင်းဟာ
ဆက်ဒမ်ရုပ်တုကို ဆွဲချရာ
သိက္ခာခြွေ ကြိုးကွင်းလောက်
ရိုက်ချက်မပြင်းခဲ့ပါဘူး။
၃။ ဗိမ္ဗိသာရ အပေါ်မှာ ကျင့်သုံးတဲ့
အဇာတသတ်ရဲ့ နည်းဗျူဟာတွေဟာ
ဗိုလ်ချုပ်အပေါ်မှာ ကျင့်သုံးတဲ့
သမိုင်းသတ် နည်းဗျူဟာတွေလောက်
မကောက်ကျစ်ခဲ့ပါဘူး။
၎။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီဆိုတာ
ဗိုလ်ချုပ်ယူပေးခဲ့တဲ့
လွတ်လပ်ရေးအတုအယောင်ဆိုတာလောက်
မက်မောစရာ မရှိလှပါဘူး။
၅။ ဟီရိုရှီးမားရဲ့
အဏုမြူဗုံးဒဏ်ဟာ
စစ်အာဏာရှင် စနစ်ဆိုးရဲ့
တရားမဲ့ပြုကျင့်မှုလောက်
လူညွန့်မတုံးစေခဲ့ပါဘူး။
၆။ နာဇီတွေရဲ့ လက်အောက်မှာ
အသက်ပျောက်ခဲ့ရတဲ့ ဂျူးတွေဟာ
စစ်တပ်က ပစ်သတ်လို့
အသတ်ထွက်ခဲ့ရတဲ့
ပြည်သူတွေလောက်
နာကျည်းစရာမကောင်းပါဘူး။
၇။ ဂဠုန်စောရဲ့ လုပ်ကြံမှုဟာ
အကြီးအကဲရဲ့ သဘောထားလောက်
ဗိုလ်ချုပ်အပေါ်မှာ
မနာကျင်စေခဲ့ပါဘူး။
၈။ တိုင်းခြားမျိုးခြား
ဘာသာခြားတို့ရဲ့
ကျူးကျော်မှုကိုခံနေရတဲ့
အီရတ်ပြည်သူတွေဟာ
ဗုဒ္ဓဘာသာဝင်
သူတော်စင်ကြီးတွေလက်အောက်က
ရွှေမြန်မာတွေလောက်တော့
သနားစရာမကောင်းခဲ့ပါဘူး။
၉။ အီရတ်ကို ကျူးကျော်တဲ့စစ်ပွဲဟာ
ခန့်အပ်ကိုယ်စားလှယ်
လေးပုံတစ်ပုံပါဝင်မှုလောက်တော့
တရားမဲ့ရာ မရောက်ပါဘူး။
၁၀။ တရုတ်ပြည်ရဲ့
ပန်းပေါင်းတစ်ရာ စီမံကိန်းဟာ
န.အ.ဖ ရဲ့
အမျိုးသားညီလာခံလောက်
သရုပ်ဆောင် မကောင်းခဲ့ပါဘူး။
၁၁။ ကီဘာကီနဲ့ မားကို့စ်တို့ရဲ့
ရွေးကောက်ပွဲရလဒ်တွေဟာ
န.အ.ဖ ရဲ့
အခြေခံဥပဒေအောင်ပွဲလောက်
ဟာသမမြောက်ခဲ့ပါဘူး။
၁၂။ အမာဒီနီဂျက်ရဲ့
ဘလောင်းဘလဲဆန်တဲ့
ကတိစကားတွေဟာ
အကြီးအကဲရဲ့
ပရမ်းပတာနိုင်တဲ့
သစ္စာတရားလောက်
မဖောက်ပြန်ခဲ့ပါဘူး။
၁၃။ ဇင်ဘာဘွေရဲ့
ငွေကြေးဖောင်းပွမှုဟာ
မြန်မာတွေရဲ့
ပြစ်ဒဏ်ဖောင်းပွမှုလောက်
ရယ်စရာမကောင်းခဲ့ပါဘူး။
၁၄။ မုယိုနေတဲ့
ဆင်ရိုင်းတစ်ကောင်ဟာ
အာဏာဓားပြ
စစ်သားတစ်ယောက်လောက်တောင်
မမောက်မာခဲ့ပါဘူး။
၁၅။ ခန္တီဝါဒီရသေ့ကို ရိုက်သတ်ခဲ့တဲ့
ကလာဗုမင်းရဲ့ သတ္တိဟာ
မိန်းမသားတစ်ယောက်ကို
အနိုင်ကျင့်ရဲတဲ့
ဗိုလ်ချုပ်ကြီးတွေရဲ့ မိုက်မဲမှုလောက်
မပြောင်မြောက်ခဲ့ပါဘူး။
၁၆။ ဆူနာမီလှိုင်းလုံးတွေနဲ့
နာဂစ်ရဲ့ ဒီရေတွေဟာ
နေပြည်တော် စီမံကိန်းတွေလောက်
ခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပါဘူး။
၁၇။ ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်နေချိန်မှာ
တယောထိုး မပျက်ခဲ့တဲ့
နီရိုးဘုရင်ရဲ့ ဂီတအရသာဟာ
နာဂစ်ဘေးကို ကုသဖို့အတွက်
စိတ်ကူးယဉ် အိပ်မက်ခဲ့တဲ့
အကြီးအကဲရဲ့ လ္ဘက်ရည်ပွဲလောက်
မချိုမြိန်ခဲ့ပါဘူး။
၁၈။ သန်းပေါင်းများစွာသော
နာဂစ်ပြည်သူတွေအရေးဟာ
အကြီးအကဲအတွက်
အခြေခံဥပဒေအတည်ပြုရေးလောက်
အရေးမရောက်ခဲ့ပါဘူး။
၁၉။ သားတရားစီရင်ခန်းလာ
ဘီလူးမရဲ့ ကြမ်းကြုတ်မှုဟာ
နာဂစ်အရေးလာ
အကြီးအကဲရဲ့ မေတ္တာတရားလောက်
မရက်စက်နိုင်ခဲ့ပါဘူး။
၂၀။ စိဉ္စမာဏရဲ့ အကောက်ကြံမှုဟာ
အကြီးအကဲဆိုတဲ့
ယောက်ျားရင့်မာကြီးတစ်ယောက်ရဲ့
မိန်းမကျင့် မိန်းမကြံ ကြံမှုလောက်တောင်
ဇောက်မနက်ခဲ့ပါဘူး။
၂၁။ မယ်နုမျိုးဆက် သုံးခုရဲ့
ညစ်ပေနေတဲ့ ထမီဟောင်းတွေဟာ
အကြီးအကဲဆိုတဲ့
လက်နက်ကိုင် ယောက်ျားသားကြီးရဲ့
သစ်လွင်တောက်ပတဲ့
စစ်ဘောင်းဘီတစ်ထည်လောက်တောင်
ရွံစရာမကောင်းခဲ့ပါဘူး။
၂၂။ တာလီဘန်တွေရဲ့
ရုပ်ပွားတော်ဖျက်ဆီးမှုဟာ
န.အ.ဖ ရဲ့
ဘုရားကြီး ဗိုက်ဖောက်မှုလောက်တောင်
မရိုင်းစိုင်းခဲ့ပါဘူး။
၂၃။ လေ့ကျင့်သား ပြည့်ဝတဲ့
Army Dog(စစ်ခွေး)တွေဟာ
န.အ.ဖ ရဲ့
လက်ကိုင်တုတ်တပ်သားတွေလောက်
ရိုကျိုးစွာ အမိန့်မနာခံတတ်ပါဘူး။
၂၄။ အမေရိကန်ရဲ့
အမျိုးသားလုံခြုံရေး
စီမံချက်တွေဟာ
န.အ.ဖ ရဲ့
အာဏာလုံခြုံရေး
စီမံချက်တွေလောက်
ဒေါင့်မစေ့လှပါဘူး။
၂၅။ အမေရိကန်ရဲ့
အမျိုးသားလုံခြုံရေးအတွက်
အသက်သွေးချွေးပေါင်းများစွာ
ပေးဆပ်လိုက်ရခြင်းဟာ
န.အ.ဖ အာဏာလုံခြုံရေးအတွက်
အသက် အိုးအိမ်စည်းစိမ်ပေါင်းများစွာ
စတေးခံလိုက်ရတာလောက်
မနစ်နာခဲ့ပါဘူး။
၂၆။ အဘူဂါရစ် ငရဲခန်းတွေဟာ
စစ်ဖိနပ်အောက်က
မြန်မာပြည်လောက်
ကြောက်မက်ဖွယ် မကောင်းပါဘူး။
၂၇။ တိန့်ရှောင်ဖိန်ရဲ့
တီအမ်မင်နှိမ်နှင်းရေးဟာ
န.အ.ဖ ရဲ့
ရွှေဝါရောင်စစ်ဆင်ရေးလောက်
စက်ဆုပ်စရာမကောင်းပါဘူး။
၂၈။ ဆက်ဒမ်ဟူစိန်ရဲ့
ဗိုလ်ချုပ်ရူး ရူးခြင်းဟာ
အကြီးအကဲရဲ့
ဘုရင်ရူး ရူးခြင်းလောက်
အာဏာရူးရာ မရောက်ပါဘူး။
၂၉။ ဘုရားတည် ထီးတင်
ရှင်ပြု ကျောင်းလှူ
ကုသိုလ်မှန်သမျှဟာ
သံဃာစစ်တွေကို
သင်္ကန်းချွတ်ပစ်တဲ့
သာသနာဖျက် အကုသိုလ်လောက်
စွမ်းအားမကြီးခဲ့ပါဘူး။
၃၀။ ဗကပ ရဲ့
ဖြုတ် ထုတ် သတ် ဖြစ်စဉ်ဟာ
န.အ.ဖ ရဲ့
ဇာတ်တူသားစားခြင်းလောက်
မကြီးမားခဲ့ပါဘူး။
၃၁။တိဘက်လားမားတို့ရဲ့
သွေးစက် သွေးကွက်တွေဟာ
ရွှေဝါရောင် သံဃာသွေးလောက်
ခြောက်ခြားဖွယ် မကောင်းပါဘူး။
၃၂။ သောပတ်အက်ဒီဆင်ရဲ့
လျှပ်စစ်မီး စွမ်းအင်တွေဟာ
ရွှေဝါရောင် သံဃာ့သွေးစက်တွေလောက်
မလင်းလက်ခဲ့ပါဘူး။
၃၃။ ငွေဗျိုင်းဖြူနဲ့ ကျီးနက်မှောင်
ဒီကလပ်နဲ့ မင်ဒဲလား
အုပ်စိုးသူနဲ့ ခြားနားသူ
လူဖြူနဲ့ လူမည်း
ဒီအတွဲတောင် စေ့စပ်လို့ရသေးရင်…….။
၃၄။ မူဂါဘီ နဲ့ ရှန်ဂီရိုင်း
ညှိနှိုင်းလို့ မရတဲ့ မာန်အတ္တ
ဇင်ဘာဘွေရဲ့ ဒုက္ခတွေဟာ
ထင်တာတွေထက် ရှုပ်လှတာမို့
သံဝေဂ ကောင်းကောင်းပြွး။
၃၅။ သင်္ခါရ နဲ့ အနတ္တ
အာဏာရှင် နဲ့ ရာဇဝင်
စနစ်ဆိုး နဲ့ အဖြစ်ဆိုး
ကျစ် ရစ် ညစ်တာတွေ
တင်းပြတ် လျော့ပတ်သဘောတွေ
စောကြောလို့ဆင်ခြင်။
၃၆။ ပုခုံးပေါ်က
ငွေစင်ကြယ်တွေကို
ဓူဝံကြယ်လို သဘောထား
“စိန်” ကို
“ရွှေ” နဲ့
ကွပ်ချင်နေသလား
(၁၃၇၀၊ ဝါခေါင်လဆန်း(၁၃)၊ 14.8.2008)
(အိုးဘိုတက္ကသိုလ်တွင် စပ်ဆိုသည်။)
ဝီရသူ(မစိုးရိမ်)
10.9.2014
(စိန်=ဆက်ဒန်ဟူစိန်/ရွှေ=သန်းရွှေ)။

“ဦးဝီရသူလှူဒါန်းသော ငွေများထုတ်ပြီးအပြန် ဆိုင်ကယ်အတိုက်ခံရ”

$
0
0
10.9.2014 ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရွာမှ ဦးပဉ္စင်း ဦးဉာဏက ဦးဝီရသူလှူသော ငွေ(၆၅၁)သိန်းကို သံတွဲမြို့မှ ထုတ်ပြီးအပြန် မြပြင်ရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဦးဉာဏနှင့် ကားဆရာ ဒကာဦးဝင်းမြင့်တို့က ရှေ့တည့်တည့်မှ အပြင်းမောင်းလာသော ဆိုင်ကယ်ကိုတွေ့လို့ အရှိန်လျှော့ချလိုက်ပါတယ်။ ဆိုင်ကယ်က ဘယ်လမ်းကြောအတိုင်း ကားဆီကို ဦးတည်မောင်းလာတာဖြစ်လို့ ဦးဝင်းမြင့်က ကားကို လမ်းဘေးမြေသားပေါ် ချပြီး ရပ်ပေးလိုက်ပါတယ်။ ဆိုင်ကယ်က အရှိန်မထိမ်းနိုင်ဘဲ ကယ်ဘက်ကားဘီးကို ဝင်တိုက်လိုက်ပါတယ်။ ကားဘော်ဒီယိုင်နဲ့သွားပါတယ်။(ကားမောင်းကြည့်မှ သိရတာပါ။) ဘက်မှန်အိမ်ကျိုးပဲ့သွားပါတယ်။
ဆိုင်ကယ်သမားက လွင့်ပြီး လမ်းလယ်ခေါင်ပေါ် ပက်လက်လန်သွားပါတယ်။ ဘယ်ပေါင်-ညာဒူးနှင့် ဦးခေါင်း မှာ ဒဏ်ရာရသွားပါတယ်။
ခဏအကြာ ဆိုင်ကယ်သမားရဲ့အစ်ကို ရောက်လာပါတယ်။ ညီအစ်ကိုနှစ်ယောက်လုံးက ဇီးဖြူကုန်းရွာမှ မူဆလင်တွေဖြစ်ပါတယ်။ ကုလားကို သံတွဲဆေးရုံမှာတင်ထားပါတယ်။
လွန်ခဲ့တဲ့ မတ်လတုန်းကလည်း ဂျိတ္တောရွာဆရာတော်ကားကို ကုလားက သုံးဘီးဆိုင်ကယ်နှင့် အခုလို လမ်းပြောင်းပြန်ပုံစံကြီးနှင့်ပဲ တိုက်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ဦးဝီရသူ ရခိုင်ခရီးစဉ်အတွင်း သံတွဲ ရောက်ခိုက်ဖြစ်ပွားခဲ့တာပါ။ အခုလည်း ဦးဝီရသူ လှူဒါန်းသော ငွေထုတ်ပြီး သံတွဲမှအပြန် ဝင်တိုက်ခံရခြင်း ဖြစ်ပါတယ်။
တိုက်လည်းတိုက်ဆိုင်လွန်းပါတယ်။

တိုက်လည်း တိုင်နိုင်လွန်းပါတယ်ဗျာ။




“အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့ကြေညာချက်”

$
0
0
အမျိုးသား နိုင်ငံရေး စောင့်ကြည့်အဖွဲ့
၁၃၇၆ ခုနှစ်၊တော်သလင်းလပြည့်ကျော် (၂)ရက်
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်
စာအမှတ် ၀၇/မ န စ/၂၀၁၄
သဘောထားကြေညာချက်
၁။ စက်တင်ဘာလ (၃)ရက်နေ့က အယ်ကေးဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Al-Zawahiri က
မြန်မာနိုင်ငံကို ဂျီဟတ် စစ်ပွဲဆင်နွှဲရန် ၅၅ မိနစ်ရှည်ကြာသောဗွီဒီယိုဖိုင်တွင် မိန့်ခွန်းပြောကြေညာခဲ့သည်ကို
ပြည်တွင်းပြည်ပမီဒီယာများတွင်ဖေါ်ပြထားချက်အရ သိရှိရပါသည်။
၂။ အယ်ကေးဒါး အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းကဲ့သို့သော အခြားဘာသာရေးအစွန်းရောက်
အကြမ်းဖက်အဖွဲ့အစည်းတို့၏ အန္တရာယ်သည် ကျွန်ုပ်တို့မြန်မာနိုင်ငံတစ်ခုတည်း၊ဗုဒ္ဓဘာသာတစ်ခုတည်း
အပေါ်ကျရောက်နေခြင်းမဟုတ်ပါ။
ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၊မည်သည့်လူမျိုး၊မည်သည့်ဘာသာဝင်တို့ အပေါ်မဆို ကျရောက်နေသော၊
ကျရောက်လတ္တံ့သော အန္တရာယ်ဖြစ်ပါသည်။
၃။ ထိုအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတို့၏လုပ်ရပ်သည် လူသားတိုင်း၏ မွေးရာပါလူ့အခွင့်အရေး
ဖြစ်သော လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကိုပါ ထိပါးနှောက်ယှက်နေပြီဖြစ်ပါသည်။
ထို့ကြောင့် ထိုအစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတို့၏ အန္တရာယ်သည် လူသားအားလုံးနှင့်ပါ
သက်ဆိုင်လာပြီဖြစ်ပါသောကြောင့် ထိုအန္တရာယ်ကို ကာကွယ် တားဆီး တိုက်ဖျက် ချေမှုန်းရန်
လူသားအားလုံးတွင်ပါ တာဝန်ရှိလာပြီဖြစ်ပါသည်။
၎။ ထို့အပြင် ယခု အယ်ကေးဒါး အကြမ်းဖက်အဖွဲ့ ၏ ကြေညာချက်သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ 
အချုပ်အခြာအာဏာကိုပါ ထိပါးစော်ကားသည့်လုပ်ရပ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်းတွင်
နေထိုင်ကြသော နိုင်ငံသားတိုင်းတွင်လည်း ထိုကြေညာချက်အပေါ် ဆန့်ကျင်ရှုံ့ချကြရန်
တာဝန်ရှိပါသည်။ အထူးသဖြင့် ပြည်တွင်းတွင်နေထိုင်ကြသော မြန်မာမွတ်ဆလင်အဖွဲ့အစည်းများ
အနေနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် မြန်မာဘာသာ၊အင်္ဂလိပ်ဘာသာ၊အာရေဗီ ဘာသာတို့ဖြင့်
ပြည်တွင်း ပြည်ပမီဒီယာများနှင့် Online- Social Network များတွင်ပါ ထိုကြေညာချက်ကို ရှုံ့ချ၊
ဆန့်ကျင်ကြောင်း သဘောထားကြေညာချက်များ ထုတ်ပြန်ပေးသင့်ပါသည်။
၅။ နိုင်ငံတော်အစိုးရအနေနှင့်လည်း စက်တင်ဘာ (၄)ရက်နေ့ကထုတ်ပြန်ခဲ့သည့် သတင်းအတိုင်း
နိုင်ငံ၏အချုပ်အခြာအာဏာအတွက်လည်းကောင်း၊လူမျိုး၊ဘာသာ၊သာသနာ၏ ဂုဏ်သိက္ခာအတွက်
လည်းကောင်း အပြည့်အဝ စောင့်ရှောက်အကာအကွယ်ပေးရန် တာဝန်ရှိသည့်အတွက် 
လုံခြုံရေးဆိုင်ရာကိစ္စများကို သတိကြီးစွာဖြင့်ကြိုတင်ပြင်ဆင်ထားနိုင်စေရန် တိုက်တွန်းအပ်ပါသည်။

အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့

“ဦးဝီရသူ အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့နှင့်တွေ့ဆုံ”

$
0
0
9.9.2014 ည 7:00 နာရီ ဦးဥတ္တမနေ့ အခမ်းအနားမှအပြန် တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့ရုံးသို့ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
ရွှေဝါရောင် ဦးပါကဋ၊ ဦးသဒ္ဓမ္မ၊ နာယကကြီးဦးချိုအောင်သန်း၊ ဦးဝင်းမော်(ရွှေသံစဥ)၊ ဦးဖိုးထုတ်၊ ဒေါ်သစ်သစ် လွင် အပါအဝင် အဖွဲ့သားအားလုံးနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမေးမြန်းဝေဖန်သုံးသပ် ခဲ့ကြတာ ဖြစ်ပါတယ်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့သည် အစိုးရကိုရော ပါတီများကိုပါ စောင့်ကြည့် ဝေဖန်သည့် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းနှင့် အရေးပေါ်ကြေညာချက်များ ထုတ်ပြန်ပေးရှိကြောင်း သိရပါတယ်။




“တတ်လည်းတတ်နိုင်လွန်းပါတယ်”

$
0
0
ယုတ္တိရှိရှိလေးလည်း လုပ်ကြပါ။
မချောစုဝင်းမှာ အိမ်ထောင်ရှိပါတယ်။ ကလေးတစ်ယောက်လည်းရှိပါတယ်။
ဦးပဉ္စင်းနဲ့လည်း မနေ့က(10.9.2014) မှ စကားပြောဖူးတာပါ။
သူအကူအညီလာတောင်းတုန်းက တပည့် ဦးဇင်းလေးကပဲ အမှုကိုလက်ခံပေးထားတာပါ။
တပည့်လေးက အမှုတွဲကို စာစီတင်ပြမှ စာရေးသူက လိုအပ်သလို ဌာနဆိုင်ရာအသီးအသီးအတွက် ညွှန်ကြားပေးရတာပါ။
(16.8.2014) ရက်စွဲပါ  ဖေးဘုတ်မှ “မဟုတ်တရုတ် မလုပ်နဲ့” ပို့စ်ထဲမှ မချောစုဝင်းပုံကို တွေ့ရှိပြီး လုပ်ကြံလိုက်တာပဲ ဖြစ်ပါတယ်။
လူထွက်စေချင် မိန်းမယူစေချင်တယ်ဆိုရင်လည်း လင်ရှိမယား တစ်ခုလပ် မုဆိုးမ စတဲ့ မလွတ်မလပ်တွေနဲ့ မပေးစားဘဲ အပျိုစင်ကုလားမ လှလှလေးတွေ၊ ဖွေးဖွေးဥဥ နုနုလေးတွေနဲ့ လုပ်ကြံရေးသားမယ်ဆိုရင် သဘောတူပါတယ်။
အခုလိုပဲ ဖုန်းနံပါတ်လေးတွေ ဓာတ်ပုံလေးတွေတွဲပြီးတော့ ထည့်ပေးလိုက်ပါနော်။
ဝီရသူ(မစိုးရိမ်)
11.9.2014
PM 9:19
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“သီတဂူဆရာတော်ကြီးက ဦးဝီရသူကို လူဝတ်လဲခိုင်းသည့်သတင်း မဟုတ်ဟုဆို”
မန္တလေး စက်တင်ဘာ ၁၀
လူမှုကွန်ရက်စာမျက်နှာတစ်ခု၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖော်ပြထားသည့် မန္တလေးမြို့တော် မစိုးရိမ်ကျောင်းတိုက်ဆရာတော် အရှင်ဝီရသူကို သီတဂူဆရာတော်ကြီးက လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားခဲ့သည်ဟု ဖော်ပြမှုမှာ လွဲမှားစွာ ဖော်ပြထားခြင်းသာဖြစ်ကြောင်း အရှင်ဝီရသူက The Voice သို့ မိန့်ကြားသည်။
“လတ်တလောမှာ သီတဂူဆရာတော်ကြီးက ဘုန်းဘုန်းကို ဘာမှ မမိန့်ထားပါဘူး။ ဖေ့ဘုတ်မှာ ဖော်ပြတာ လုံးဝမှားပါတယ်။ ဘုန်းကြီးအနေနဲ့ ကိုယ့်လမ်းကြောင်းကို ကိုယ်သွားနေတာပါ။ ခရီးမတွင်မှာစိုးတဲ့အတွက် ဖော်ပြတဲ့မီဒီယာကိုလည်း ဘာမှမတုံ့ပြန်ပါဘူး။ ဘက်ပေါင်းစုံကနေ ဘုန်းကြီးကို ထိုးနှက်နေကြတာပါ။ ဘုန်းကြီးမှာ ဘာအားနည်းချက်မှ မရှိပါဘူး” ဟု ၄င်းက ဆက်လက်မိန့်ဆိုသည်။
လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် Myanmar News Update တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်အရှင်ဉာဏိဿရက မန္တလေးမြို့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူအား လူဝတ်လဲ၍ အိမ်ထောင်ပြု ရန် မိန့်ကြားလိုက်ကြောင်း ဖော်ပြထားသည်။
မစိုးရိမ်တိုက်သစ်တွင် ကိုရင်ယောင်ဆောင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရှိပြီးနောက် သီတဂူ ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းဖော်ပြချက်တွင် ပါရှိသည်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



“ဥူးဝီရသူအားလူဝတ်လဲ၍ အိမ်ထောင်ပြုရန် သီတဂူဆရာတော်မိန့် ကြား”

၈၊ စက်တင်ဘာ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထေရ်ကြီးဝါကြီးဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ( Ph.D,D.Litt ) က မုဒိမ်းကိုယ်တော်ဟု Facebook တွင် နာမည်ကြီးနေသည့် မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဥူးဝီရသူအား လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့် ကြားလိုက်ကြောင်း သတင်းရရှိသည်။

မစိုးရိမ်တိုက်သစ်တွင် ကိုရင်ယောင်ဆောင်ထားသော အမျိုးသမီးတစ်ဦးအားတွေ့ ရှိပြီးသည့်နောက် သီတဂူဆရာတော်က ထိုကဲ့သို့ မိန့် ကြားခဲ့ခြင်းဖြစ်ကြောင်း မစိုးရိမ်တိုက်သစ်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းကပြောကြားသည်။

ဥူးဝီရသူသည် ဗုဒ္ဓဘာသာအား သိက္ခာချသူတစ်ယောက်အဖြစ် ကမ္ဘာ့ အသိုင်းအ၀ိုင်းနှင့် ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်သူများအသိုင်းအ၀ိုင်းတွင် နာမည်ပျက်ထားသူတစ်ဦးလည်းဖြစ်သည်။ ဥူးဝီရသူအား ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာရဲ့ အကြမ်းဖက်မျက်နှာဟု ဖော်ပြခဲ့သည့်အပြင် The Independen သတင်းစာကြီးကလည်း ကြမ်းတမ်းရိုင်းစိုင်းသော ဗုဒ္ဓဘာသာတစ်ဦးအဖြစ် တင်စားရေးသားခဲ့သည်။

ဥူးဝီရသူအနေဖြင့် လူထွက်လျှင် မည်သည့်အမျိုးသမီးနှင့် အိမ်ထောင်ပြုမည်ကို မသိရသေးသော်လည်း ၄င်းထံသို့ မုဒိမ်းမှုလာအပ်ရာမှ ရင်းနှီးကျွမ်းဝင်သွားခဲ့သူ မချောစုဝင်း၊ (၃၀)နှစ်၊ (ဘ) ဦးတင်မောင်ဆွေ၊ ဖုန်း- 09.402616054 နှင့် မေတ္တာမျှလျှက်ရှိကြောင်း မစိုးရိမ်တိုက်သစ်စာသင်သား ခေမာစာရိက သတင်းပေးသည်။

အောင်ဇေယျတုဂျာနယ်

မောင်ဥသြ


“သမ္မတကြီးဦးသိန်းစိန် တောင့်ထား”

$
0
0
အချုပ်အခြာအာဏာ အင်မတန် အရေးကြီးပါတယ်။
ဘယ်ဖိအားကိုမှ ကြောက်စရာမလိုပါဘူး။
ပြည်သူတွေရဲ့ ရန်သူတွေကို ပြည်သူနှင့်တန်းတူ အခွင့်အရေးပေးရမယ်ဆိုရင် ဗိုလ်ချုပ်ပြောခဲ့တဲ့ နိုင်ငံကြီးဖြစ်သွားမှာပေါ့။
အမေရိကန်ကိုလည်း ကြောက်စရာမလိုပါဘူး။
ကုလသမဂ္ဂကိုလည်း မှုစရာမလိုပါဘူး။
ဘယ်နိုင်ငံရဲ့ ဖိအားကိုမှ ဂရုမစိုက်ဘဲ ပြည်သူတွေကို အခုလိုပဲ အမြဲတမ်း ကာကွယ်ပေးသွားရမှာပါ။
သမ္မတကြီးရဲ့နောက်မှာ ပြည်သူတွေရှိနေတယ်။
အမျိုးသားရေးအတွက် သမ္မတကြီးကိုပဲ အားကိုးနေကြတာပါ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
11.9.2014 Pm 9:42
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


“ဥပဒေနှင့်ညီပါက ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးနိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ဟု သမ္မတဦးသိန်းစိန်ပြော”
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားက ပြဿနာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခအဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။
စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ် ရိုဟင်ဂျာဒုက္ခသည်များကူညီ စောင့်ရှောက်မှုနှင့် နိုင်ငံမဲ့ရိုဟင် ဂျာများအရေးဟု ခေါင်းစဉ်တပ်၍ မေးမြန်းခဲ့သော နယ်သာလန် ပါလီမန်အမတ်တစ်ဦးအား ဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီများကို နိုင်ငံမဲ့ (stateless)ဟုပြော၍မရဘဲ အင်္ဂ လိပ်လက်ထက်က လယ်လုပ်ရန် ရခိုင်ပြည်နယ်အတွင်းသို့ အတား အဆီးမဲ့ဝင်ခွင့်ပြုခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးမူဝါဒကြောင့်ဖြစ်၍ ၎င်းတို့တွင် မူရင်းဒေသရှိပြီးဖြစ် ကြောင်း ဦးသိန်းစိန်က ပြောကြား သည်။
‘‘ဒီဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေနဲ့ညီရင် နိုင်ငံသားပြုပေး နိုင်တယ်။ လက်ရှိလည်းပေးထား တယ်။ ဆက်လည်းစိစစ်နေတယ်။ ဒါပေမဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်မြန်မာတိုင်းရင်းသားကမှ လက်မခံနိုင်ဘူး။ ပြီးတော့ သူတို့ ကို ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး’’ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်အမတ် ကို ပြန်လည်တုံ့ပြန်ခဲ့သည်။
နယ်သာလန်ပါလီမန် အမတ်မှာ ၎င်းထံသို့ နယ်သာလန် အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ ပေးပို့ထားသော ဘင်္ဂါလီအရေး နှင့်ပတ်သက်သည့်စာကို သမ္မတ နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ရည် ညွှန်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့်အတူ   လိုက်ပါသွား သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေ ကြားသည်။
ထို့အပြင် နယ်သာလန် သတင်းဌာနအချို့ကလည်း သမ္မတဦးသိန်းစိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာတို့ အရေးနှင့် ပတ်သက်၍ မေးမြန်းရန် နယ်သာလန် အစိုးရကို နယ်သာလန်အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က တောင်းဆိုခဲ့ကြောင်း ဖော်ပြကြ သည်။
‘‘အခုအစိုးရက ရခိုင်မှာ ပဋိ ပက္ခထပ်မဖြစ်အောင်ထိန်းတယ်။ လူမျိုးစုနှစ်ခု သဟဇာတဖြစ် အောင် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံချက်ဆွဲပြီး နိုင်ငံ တကာနဲ့ ပူးပေါင်းလုပ်ဆောင် မယ်။ လက်တွေ့သိချင်ရင် လာ လေ့လာပါလို့ သမ္မတကြီးက ဖြေ ကြားခဲ့ပါတယ်’’ဟု ဦးရဲထွဋ်က ဖြေကြားသည်။
နယ်သာလန် နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်က မြန်မာ့အရေး လှုပ်ရှားသူများကို အခြေစိုက်နေထိုင်ခွင့်ပေးခဲ့သည့် နိုင်ငံဖြစ်ပြီး ယခုအခါ မြန်မာအစိုး ရနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသည့် နိုင်ငံလည်းဖြစ် သည်။ နယ်သာလန်လွှတ်တော် အသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဆွေးနွေးခဲ့ပြီး ခရီးစဉ်တိုင်း အမြဲလို ဖိအားပေးခံခဲ့ရသည့် ရခိုင်ပြဿနာနှင့်ပတ်သက်၍ နယ်သာလန်လွှတ်တော်အမတ် တစ်ဦးကသာ မေးမြန်းခဲ့ခြင်းဖြစ်သည်။



“ရခိုင်ပြည်နယ် ပဋိပက္ခ အဆုံးသတ်ဖြေရှင်းရေး အကောင်းဆုံးနည်းလမ်း အကြံပြုတင်ပြခြင်း”

$
0
0
ရက်စွဲ၊ ၂၀၁၄ခုနှစ်၊ မတ်လ(၂၅)ရက်
၁။ မဖွံ့ဖြိုး မတိုးတက်သည့် ရခိုင်ပြည်နယ် အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် ဘင်္ဂါလီ လူမျိုးများမှာ ဘာသာချင်းမတူ၊ လူမျိုးချင်းမတူ၊ အသွင်လက္ခဏာချင်းမတူ၊ ယဉ်ကျေးမှုခြင်းမတူ ကွဲပြားသည့် အပြင် ဖြစ်ခဲ့ပြီးသော ပဋိပက္ခများကြောင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပျက်သုဉ်းသွားပြီဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင် ရာသက်ပန် အတူယှဉ်တွဲ ဆက်လက်နေထိုင်လိုစိတ် လုံးဝ(လုံးဝ)မရှိပါ။
၂။ အရာခပ်သိမ်းမတူကွဲပြားခြားနားနေသည့် လူမျိုးစုနွယ်/ဝင် (၂)စုအား အတူယှဉ်တွဲ ဆက်လက် နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းသည် မည်သို့မျှဆုံစည်းလို့မရသည့် မျဉ်းပြိုင်ကဲ့သို့ ပြိုင်နေသည့် မီးရထားသံလမ်း(၂)ချောင်းကို ဆုံစည်းလို့ရအောင် ကြိုးပမ်းနေသကဲ့သို့ အကျိုးမရှိ အချည်းနှီးသာ ဖြစ်သည်။
ခေတ်သစ်နယ်ချဲ့ဝါဒီများ၏ လူဦးရေပေါက်ဖွား၊ တိုးပွားနှုန်း၊ အဆမတန်မြင့်တက်လာသည့် နည်းလမ်းဖြင့် နယ်မြေချဲ့ထွင်ခြင်း လုပ်ဆောင်ချက်များကို အားဖြည့်ကူညီပံ့ပိုး နေသည့် ပြည်ပမှ အဖွဲ့အစည်းများကလည်း အတွင်းကျကျ သိရှိနားလည်ရန်လိုသည်။
၃။ နှစ်ဖက်ပဋိပက္ခ၏ အဖြစ်မှန်ပေါ်ပေါက်ရေးကို အဖြေရှာသည့် အခါမှာ မည်သူမည်ဝါတွေက အိမ်ရှင်တွေ ဖြစ်ပြီး၊ မည်သူမည်ဝါတွေက ဧည့်သည်တွေဖြစ်နေကြသည်ဆိုသည့် အချက်ကို အလေးထားစဉ်းစားဖို့ လိုသည်။
၎။ ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသည့် ဘင်္ဂါလီ ဒုက္ခသည်များ၏ ဘဝရှေ့ရေး ခိုင်မာရေးကို စာနာထောက်ထားပြီး စေတနာအရင်းခံဖြင့် အမှန်တကယ် စစ်မှန်သည့် အကူအညီပေးလိုသည် ဆိုပါက ဘဝအာမခံချက် မရှိသည့် ထောက်ပံ့ကြေးပေးနေမည့်အစား ခိုင်မာသည့် ပံ့ပိုးကူညီမှုမျိုးကိုသာ ဆောင်ရွက် ပေးသင့်ပါသည်။
၅။ ရခိုင်ပြည်နယ်ပဋိပက္ခဖြေရှင်းရေးကို စိတ်ပါဝင်စားပြီးချမ်းသာကြွယ်ဝသည့် O.I.C(၅၇)နိုင်ငံနှင့် ဘာသာချင်းတူ၊ လူမျိုးချင်းတူ၊ ယဉ်ကျေးမှုခြင်းတူပြီး အသွင်လက္ခဏာချင်းတူကြသည့် O.I.C (၅၇)နိုင်ငံမှ ဆန္ဒအလျောက်မျှဝေလက်ခံ ခေါ်ယူပေးခြင်းဖြင့် ဘဝအာမခံချက် ရှိသည့် “သုခဘုံ” တစ်ခုသို့ ပို့ဆောင် ကယ်တင်ပေးရာ ရောက်သည့်အပြင် O.I.C နိုင်ငံများတွင် အရေးတကြီး လိုအပ်နေသည့် အလုပ်သမား ရှားပါးမှု ပြဿနာများကိုပါ တပြိုင်တည်း ဖြေရှင်းပေးရာ ရောက်ပါသည်။
၆။ သို့ဖြစ်ပါ၍ ယခုအကြံပြု တင်ပြသည့် နည်းလမ်းသည် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းကောင်းဖြစ်သည့်အတွက် အမြန်ဆုံး အလေးထားအကောင်အထည်ဖေါ် ဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ လုံးဝ(လုံးဝ) ချုပ်ငြိမ်းသွားမည်ဖြစ်ပါသည်။
Rakha Wati

ရက္ခဝတီ

“မယားတရား စီရင်ခန်း”

$
0
0
8.9.2014 ည အမရပုရမြို့၊ ဆုတောင်းပြည့်တရားပွဲမှ ကျောင်းကိုပြန်ရောက်တော့ ကျောင်းရှေ့မှာ ဆိုင်ကယ်တွေ ကားတွေ ရပ်ထားသည်ကို တွေ့ရ၏။ တပည့်တွေ မတ္တရာမှ ပြန်လာမှန်း သိလိုက်ရ၏။
ရွတ်လက်စ ပဋ္ဌာန်းတရားအပြီးမသတ်သေး၍ ကျောင်းပေါ် မတက်ဖြစ်သေး။
ကျောင်းပေါ်ရောက်တော့ ကုလားရယ်၊ မယားရယ်၊ ကုလားယောက္ခမအတော်မခံချင်သူရယ်၊ လူတွေရယ်၊ ဦးဇင်းတွေရယ် စုံလင်နေပြီဖြစ်၏။
ကုလားက မတ္တရာမှာနေသည်။ နွားမှောင်ခိုကူးသည်။ အမဲလိုင်စင်ဆွဲသည်။ ကားမောင်းသည်။ လုပ်ငန်းစုံ လုပ်၏။
မတ္တရာမှာ မယားကြီးနှင့်အတူနေသည်။ မယားကြီးက ဗမာ/ဗုဒ္ဓ။ ကုလားနှင့်ညားမှ ဗမာ/အစ္စလာမ် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
မယားလတ်ကို မန္တလေးအောင်ပင်လယ်မှာ အိမ်ငှားနှင့်ထားသည်။ တစ်ပတ်တစ်ခါမှ ကုလားက မယားလတ်ထံ ပြန်လာသည်။ မယားလတ်က ဗမာ/ဗုဒ္ဓ။ မယားလတ်ကိုတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့်ပေးထားသည်။
နောက်ဆုံးမယားက နောင်ချိုသူ။ ရှမ်း ဗမာ-ကပြား။ ပထမအကြိမ် ခိုးပြေးပြီး ပေါင်းသင်းတာ ခြောက်လကြာမှ ရှာတွေ့သွား၍ ကုလားနှင့်သွေးသားမတော်စပ်လိုသော မိဘများက ပြန်ခေါ်သွားခဲ့သောကြောင့် ကောင်မလေး နောင်ချိုပြန်လိုက်သွားခဲ့ရ။
နောင်ချိုသူလေးကိုလည်း ကုလားက မန္တလေးမှာ တိုက်ခန်းငှားပေးထား၏။ ကောင်မလေးကို မိဘတွေက ပြန်ခေါ်သွားသည့်အခါ ရေခဲသေတ္တာအပါအဝင် ပရိဘောဂများကို မယားလတ်အိမ်မှာ ယူထားရ။ မယားလတ်သိအောင် သူငယ်ချင်းပစ္စည်းတွေဟု လိမ်ညာထားခဲ့ခြင်းဖြစ်သည်။
နောင်ချိုသူလေးကလည်း တစ်လင်ကွာ တစ်ခုလပ် ကလေးတစ်ယောက်မိခင်။ နောင်ချိုမှာ ဗြူတီပါလာလုပ်သည်။ တစ်လဝင်ငွေ သိန်း(၂၀)ကျပ် ရှိသည်ဆို၏။
ကုလားနှင့် FB မှာ စတင်တွေ့ရှိသည်ဟု ကောင်မလေးက ဆို၏။ သူမမိခင်ကမူ နောင်ချိုသို့ နွားမှောင်ခို လာကူးရာမှ တွေ့ကြသည်ဟုဆို၏။
ဤသို့ဖြင့် နောင်ချိုသူလေးက အဖမ်းကြမ်းကြမ်း၊ အနမ်းစုတ်စုတ် ကုလားယုတ်ကို မခွဲနိုင်သောကြောင့် ဒုတိယ အကြိမ်ထွက်ပြေးပြန်၏။
ကုလားက ပြင်ဦးလွင်သို့ သွားကြိုသည်။ အောင်ပင်လယ်မှာ အိမ်ငှားပေးထားသည်။ ကောင်မလေးနှင့် တစ်ညသာအတူနေပြီး မတ္တရာမှာ မူဟန်မပျက် ပြန်နေပြသည်။
မိဘများလိုက်လာ၍ မေးသော်လည်း မဖြေ။ မသိ၊ မရှိ၊ မဟုတ်၊ မလုပ်ဟုသာ ငြင်းဆန်တင်းခံနေတော့၏။ ကုလားက ဘူးခါနေသော်လည်း ကောင်မလေးမှတ်ပုံတင် ကုလားဆီမှာရှိမှန်း မိဘတွေက သတင်းရသွား၏။ ထုံးစံအတိုင်း အိပ်စိုက်လူမိုက်အဖွဲ့ထံရောက်လာသည်။
နယ်မြေခံ အာဏာပိုင်များ၊ သံဃာတော်များနှင့် ပူးပေါင်းလုပ်ဖို့ မှာကြားလိုက်သည်။ ကုလားက တစ်နေကုန် ဘူးခါနေသည်။ မတ္တရာ-တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူးရုံးမှာ လူတွေက ရုန်းရုန်း။ ကုလားက ဗုဒ္ဓဘာသာ ယောင်ဆောင်ထား၍ အချဉ်ဖြစ်နေသော ဆရာတော်တစ်ပါးက ကုလားဘက်က။ အခြေအတင်း ဖြစ်ကြသော် အဖြေမှန်မထွက်၍ ဘုန်းကြီးရော ကုလားပါ ကျောင်းခေါ်လာခြင်းဖြစ်၏။
ကျောင်းရောက်မှ ကုလားက အမှန်အတိုင်း ဖွင့်ပြောသဖြင့် မယားလတ်ရှိမှန်းသိကြရ။ မယားလတ်ရောက် လာတော့ ငိုပါလေရော။ လေးနှစ်သမီးလေးကို ရင်ခွင်ပိုက်လျက် ကလေးတစ်ယောက်လို ရှိုက်ဖိုငိုကြွေး နေသည်မှာ သနားစရာ။(သြော်……ကုလားမယားဘဝ)
နောင်ချိုသူလေးကို အိမ်ငှားထားသော်လည်း နေရပ်လိပ်စာပြောမပြတတ်၍ ရှာရခက်နေ။ ရဲတပ်ဖွဲ့က ရှာမတွေ့၍ ကုလားကို ဖုန်းဖြင့် လှမ်းဆူနေ၏။ ၁၂း၀၀ နာရီထိုးမှ ရှာတွေ့သည်။
နောင်ချိုသူလေးရောက်လာသည်။ ဆဲပင်နီနီနှင့် နီနီခင်ဇော်မှ တကယ့် နီနီခင်ဇော်အတိုင်းပင်။ မယားလတ်ကလည်း နောင်ချိုသူလေးကို တွေ့ချင်သည်ဆို၍ စောင့်နေရာ မိန်းမသားချင်း စကားပြော ကြသည်။ ၄င်းနောက် နီနီခင်ဇော်က ကုလားနှင့် နှစ်ယောက်တည်း ပြောပါရစေ ခွင့်တောင်းပြီး နှစ်ကိုယ်ကြား အပိုစကားဆိုကြသည်။
ထိုစဉ် မိခင်ကြီး သတိလစ်မေ့မျောသွားသည်။ လူတွေ သံဃာတွေက ဝိုင်းဝန်း နှူးနှပ်လေခတ်ပေးကြသော် လည်း နီနီခင်ဇော်က ကုလားနှင့် စကားပြောမပြတ်။
နောက်ဆုံးတော့ ကုလားကိုယ်တိုင်က လုံးဝလက်မခံတော့ကြောင်း လုံးဝမဖြစ်နိုင်တော့ကြောင်း ပြောလိုက်မှ သတိလစ်နေသော မိခင်ကို ရပ်ကြည့်ဖော်ရသွားတော့၏။ သို့သော် ကူးခြင်း၊ ထူခြင်း၊ ပြုစုခြင်း လုံးဝမရှိပေ။
နီနီခင်ဇော်တို့မိသားစုကို နောင်ချိုပြန်လွှတ်လိုက်သည်။ ကုလားနှင့် ကုလားဆရာ ဘုန်းကြီးကို မတ္တရာ ပြန်လွှတ်လိုက်သည်။ မယားလတ်နှင့် သမီးငယ်လေးကို အောင်ပင်လယ်လိုက်ပို့ခိုင်းလိုက်သည်။
ည ၁၂း၃၀ နာရီမှ အိပ်ရာဝင်ရ၏။ မနက် ၅း၀၀ နာရီ လေဆိပ်သွားရမည်ဖြစ်သောကြောင့် အမြန်လူစုခွဲလိုက် ရခြင်းဖြစ်၏။ ဆရာတော် ဦးဥတ္တမအခမ်းအနားအတွက် ဘာတစ်ခုမျှ မပြင်ဆင်ရသေးပေ။
နီနီခင်ဇော်ကလည်း သံဃာတွေကို ရှိခိုးတောင်းပန်၏။ ကုလားကလည်း ရှိခိုးတောင်းပန်၏။
ကုလားက ဘုန်းကြီးနှင့်ပေါင်းသင်းတတ်ပုံရ၏။ ဗုဒ္ဓဘာသာ စိတ်ဝင်စားကြောင်း မက်လုံးပေးထား၍ အခွင့်အရေးတော်တော်ရနေ၏။ သိမ်တောင်ဘုန်းကြီးက ဖုန်းတစ်လုံး ဝယ်ပေးထားသည်။ အကာအကွယ် လည်း ပေးထားသည်။
ပြီးခဲ့သည် ၂၀၁၃ ခုနှစ်က တံငါရွာမှာ ကုလားတစ်ယောက်က ကောင်မလေးတစ်ယောက်ကို မုဒိမ်းကျင့်ရာမှ လူစိမ်းကုလားတွေအားလုံး နှင်ထုတ်ခံရ၏။ သို့သော် ကုလားကျော်ဇောမပါ။ ဗုဒ္ဓဘာသာယောင်ဆောင်ထား သောကြောင့်ဖြစ်၏။ အခုတော့ ကုလားမှန်း ဘူးပေါ်သလို ပေါ်သွားသဖြင့် ရွာသူ/ရွာသားတွေ ဘယ်လို ဆုံးဖြတ်ကြမည်မသိပေ။
ကုလားကျော်ဇောပြောသည့် စကားက စိတ်ဝင်စားစရာကောင်းသည်။
ဒုတိယမယားကို KTV မှာ တွေ့တာပါတဲ့။ သနားလို့ ယူလိုက်တာပါတဲ့။
နောင်ချိုသူလေးကျတော့ကောမေးတော့။ နောင်ချိုသူလေးကို မိဘတွေက အမြဲနှိပ်စက်တယ်။ ဒါကြောင့် သနားလို့ ယူလိုက်တာပါတဲ့။ ဒီလိုနဲ့ သနားလို့ သနားလို့ ဆိုပြီး ယူလိုက်တာနဲ့ မိန်းမ သုံးယောက် ဖြစ်သွားတာ ပါတဲ့။
ကောင်မလေးပြောသလို မိဘကနှိပ်စပ်သည် မနှိပ်စက်သည်တော့ မပြောတတ်။ မိခင်က သမီးဇောနှင့် မအိပ်နိုင် မစားနိုင်ဖြစ်ကာ သတိလစ်မေ့မျောသွားသည်မှာတော့ လက်တွေ့ပင်ဖြစ်၏။
နိုင်ဂရု(ပ်)မှ ကုလားကျော်နိုင်ဦး ပြောသည့် စကားတစ်ခွန်းရှိသည်။
“အမျိုးဖျက်ချင်ရင် ငွေနှင့်ဖျက်ရတယ်ကွ။ အဲဒါကို -ီး စစ်ဆင်ရေးလို့ခေါ်တယ်။”  
ကုလားတွေက မိန်းမကြောသိသည်။ အညှာကိုင်တတ်သည်။ အထာပိုင်တတ်သည်။ ကုလားဦးရေ တိုးပွားရေး အတွက် မိန်းကလေးတွေက ကုလားတွေရဲ့ ပစ်မှတ်ဖြစ်နေတာဟာ အမျိုးဘာသာ သာသနာအတွက်တော့ အန္တရာယ်အချက်ပါပဲ။
ဝီရသူ(မစိုးရိမ်)

12.9.2014 PM 1:55
















“၄၃၆၊ ၇၈၆ နှင့် ၉၆၉ (၁/စ)”

$
0
0
ဒေါ်ဝါဝါလွင်က ပြည်မြို့ကို ပြန်သွားပါတယ်။ သားကြီး ချစ်မင်းပိုင်နှင့် တွေ့ချင်လို့ပါ။ ဘော်ဒါဆောင်ရောက် တော့ အာဏာပိုင်တွေက တွေ့ခွင်မပေးပါဘူး။
ဒေါ်ဝါဝါလွင်ဘဝ သားအရင်းကိုတောင် တွေ့ခွင့်မရတဲ့ဘဝပါ။ ၂၀၀၉ ခုနှစ်ကတည်းက ခွဲခွါခဲ့ရတဲ့ သားကြီး နှင့်တောင် တွေ့ခွင့်မပေးတာပါ။ ကလေးခိုးတဲ့ ဒေါင်းမင်းလက္ဘက်ရည်ဆိုင်မှ ကုလားအောင်လွင်ကို အရေးယူမပေးတဲ့အပြင် သားကို အမေရင်းနှင့်တောင် တွေ့ခွင့်မပေးကြဘူးဆိုတော့ ပြည်မြို့ကို ဒေါင်းမင်း ကုလားက အာဏာသိမ်းထားတာသေချာနေပါပြီ။
ရဲရော၊ တရားသူကြီးရော အုပ်ချုပ်ရေးမှူးတွေရော၊ ဝန်ထမ်းတွေရော ဒေါင်းမင်းကုလားဘက်တော်သားတွေ ဖြစ်နေပါပြီ။
သားငယ်ကိုရင်လေးရှိရာ မန္တလေးကိုပဲ ပြန်ပါတော့မယ်တဲ့။ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရပါတယ်တဲ့။ မိခင်တစ်ယောက်ကို ဘယ်သူမှ ကိုယ်ချင်းမစာပါဘူးတဲ့။ အားလုံးက ဖိနှိပ်ထားကြပါတယ်တဲ့။ အမှန်တရား ပျောက်ဆုံးနေပါပြီတဲ့။
ပြည်အာဏာပိုင်တွေ ဒီလိုပဲ ဖိနှိပ်နေရင် ပေါက်ကွဲကုန်လိမ့်မယ်နော်။
ပေါက်ကွဲတဲ့အခါမှ ဟိုလူ လွှဲချ ဒီလူ့လွှဲချမလုပ်ကြနဲ့။
ခင်္ဗျားတို့ မတရားလို့သာ မှတ်လိုက်ပါ။
(အသံဖိုင်လ်တွေကို ပူးတွဲတင်ပြလိုက်ပါတယ်။)

“ရွှေကြည့်မြင် တရားပွဲ”

$
0
0
12.9.2014 ည 7:00 အမရပုရမြို့နယ်၊ ကြည့်မြင်တိုင်ရွာ၊ ရွှေကြည့်မြင်ဘုရား၊ ရွှေကြည့်မြင်ကျောင်းတိုက်၊ သစ္စဝေဒဂူမိုးကုတ်ဝိပဿနာ(၇)ရက် တရားစခန်းဖွင့်ပွဲ အခမ်းအနားမှာ ဟောကြားသည်။
အမရပုရမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆင်ဖြူမယ်ကျောင်းဆရာတော်ကြီးနှင့် ဆရာတော်လေး ဦးအဂ္ဂတို့လည်း ချီးမြှောက်ကြသည်။
“ထေရဝါဒ သာနသာ တရားတော်”
ထေရဝါဒဆိုသည်မှာ မထေရ်မြတ်တို့သာသနာ။
သာသနာဆိုတာ အဆုံးအမ မြတ်ဘုရားသြဝါဒ။
အကုသိုလ်များ ရှောင်ရှားပယ်လေ
ကုသိုလ်တရား ဖြစ်ပွားစုံစေ
မိမိစိတ်ဓာတ် ဆွတ်ဆွတ်ဖြူစေ

ဤသုံးပါး ဘုရားဆုံးမပေ။







“ALKEIDA-ဘင်လာဒင် နိဂုံး”

$
0
0
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမံကွန်ယက်
စာအမှတ် (၄၃)
7.9.2014
လာပြန်ပြီလား အာကိုင်ဒါ IS အိုင်အက်(စ်)က ခြိမ်းခြောက်တာ ခရစ်ယာန်တွေကိုသတ်တာကြောင့် အင်ဒိုနီးရှား သမ္မတကိုယ်တိုင် ဖွင့်ပြောသွားပြီးပြီ၊ ဒီလို အစ္စလာမ်အစွန်းရောက်တွေကြောင့် ကမ္ဘာ့အစ္စလာမ်ထုကြီးရဲ့ ဂုဏ်သိက္ခာကျစေတယ်တဲ့၊ အကြမ်းဖက်ခေါင်းဆောင်ကြီး ဘင်လာဒင်ရဲ့ နိဂုံးချုပ်မလှတာကို သံဝေဂ ယူပြီး ဘင်လာဒင်အုပ်စုတွေထဲက တချို့ရသမျှ ရံပုငွေတွေ ဘုန်း ပြီး ကာဗူးလ် လာဟို ကရာချီတွေမှာ သွားငြိမ့်နေ လို့ အင်အားချိနေပြီလို့ ARY သတင်းနဲ့ အိန္ဒိယ SAHARA ARCAMI သတင်းတွေက ပြောပါတယ်။ အခု ALZA WARI မှ အိန္ဒိယ ဘင်္ဂါလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို ပစ်မှတ်ထားပြီး အကြမ်းဖက်မယ်တဲ့၊ မြန်မာနိုင်ငံ အစိုးရအသိအမှတ် ပြုထားတဲ့ အဖွဲ့ကြီးတွေဟာဂ်ျ ခွဲတမ်းအတွက် ကြိုးပမ်းနေတဲ့ ပုဂ္ဂိုလ်တွေကမ္ဘာ့ မွတ်စလင်နိုင်ငံတွေက အလှူငွေလက်ခံစီမံခန့်ခွဲ နေကြတဲ့ ပုဂ္ဂိုလ်တွေ မြန်မာပြည်က မွတ်စလင်တွေ အနေကြပ် အောင်အနေခက်အောင် အခုလို အာကိုင်ဒါ ရဲ့ ခြိမ်းခြောက်မှုကို ကန့်ကွက်ပေးပါ ဆန့်ကျင်ကြောင်း ပြောကြပါ။ ပြည်တွင်း ပဋိပက္ခတွေမှာ အားကိုးလို့ မရဘူးလို့ အခြေခံ လူတန်းစားတွေက ဝေဖန်တာကို ငြိမ်နေလို့ ရပေမယ့် အခုဟာက ကမ္ဘာကျော်အစွန်းရောက်အဖွဲ့ကြီးက ခြိမ်းခြောက်လာတာကိုတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းက အစ္စလာမ်ဘာသာဝင်တွေကို ဖသွဟ် ထုတ်ခွင့်ရရှိထားတဲ့ အဖွဲ့များ အခုချိန်မှာ ကန့်ကွက်စာကို ထုတ်ပြန်သင့်တယ်လို့ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ရက်က မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်ခင်ဗျာ။ မြန်မာမွတ်စလင်များအတွက် အားကိုးအားထားရန် တာဝန်ရှိနေ သော အဖွဲ့များ နိုင်ငံတော်အစိုးရမှအသိအမှတ်ပြုထားသော ပုဂ္ဂိုလ်များ၏ သဘောထား အချို့အား မီဒီယာ များမှ တဆင့်ထုတ်ပြန်ပေးပါရန် တာဝန်ရှိပါသည်။
ဒိုင်းမွန်းရွှောကည်

ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်

“ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး ဇာတိရွာအလှူပွဲ”

$
0
0
မစိုးရိမ်တိုက်သစ်တည် မဟာနာယကဆရာတော်ဘုရားကြီး သုံးပါးထဲမှာ အကြီးဆုံး မဟာနာယကဆရာတော် ဘုရားကြီး၏ ဇာတိ-ဘုတလင်မြို့နယ် ထနောင်ကုန်းရွာမှာ ဒီကနေ့ 13.9.2014 ရက်နေ့မှာ ထီးတော်တင် အလှူပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြပါတယ်။
လက်ရှိ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသ ကြီးမှူးကျင်းပခဲ့တာပါ။
မစိုးရိမ်တိုက်သစ် နာယကများ၊ ရွာခံဆရာတော်များ၊ တပည့်ကြီးငယ်များ၊ ဝန်ကြီးချုပ်သာအေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။
အသောကမဟာဝိဇယစေတီတော် ထီးတော်တင်ပွဲ၊ လျှပ်စစ်မီးဖွင့်ပွဲ၊ စက်ရေတွင်းဖွင့်ပွဲ၊ အထက်တန်းကျောင်း ခွဲတိုးချဲ့ဖွင့်လှစ်ပွဲတို့ကို တစ်ရက်တည်း ကျင်းပခဲ့တာပါ။
ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ဘုရားကြီးက ၂၀၀၃ ခုနှစ် သက်တော်ရှစ်ဆယ် အရွယ်မှာ ပျံလွန်ခဲ့တာဖြစ်လို့ အခုဆိုရင် (၁၁)နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

“ကင်းကင်းရှင်းရှင်း နေကြပါဗျာ (၆)”

$
0
0
ကုမ္ပဏီအမည်က-ကျော်ကျော်နိုင်-ပါ။
မန်နေဂျင်းဒါရိုက်တာ အမည်က ဦးကျော်ကျော်နိုင်ပါ။
လိုင်စင်အမှတ် ၅၈/၂၀၁၃နှင့် ၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။
အခု ၂၀၁၄ ခုနှစ်မှာတော့ အလုပ်သမားတွေရဲ့ ငွေပေါင်း သိန်းထောင်ကျော် လိမ်ယူသွားပါပြီ။
သိန်းပေါင်း(၁၁၀)စီ အလိမ်ခံရတာက (၁၈)ယောက် (၉၀)က (၁)ယောက်။
(၆၀)က တစ်ယောက်
၁၉၈၀+၉၀+၆၀=၂၁၃၀
သိန်းပေါင်း(၂၁၃၀) ဖြစ်ပါတယ်။
ဒါဟာ အလုပ်သမား (၂၀)ဦးအတွက်သာ ဖြစ်ပါတယ်။
ကျန် ၅ သိန်းစီ စရံပေးထားသူတွေကလည်း မြောက်များစွာ ရှိပါသေးတယ်။
ကုလားကျော်နိုင် အခု ထွက်ပြေးသွားပါပြီ။ အလုပ်သမားတွေခမျာ အလုပ်မရဘဲ အကြွေးပဲ အဖတ်တင်ပြီး ကျန်ရစ်ခဲ့တာပါ။
ဒိုင်းမွန်းရွှောကည်လည်း သူတတ်နိုင်သည့်ဘက်ကနေ အကူအညီပေးနေပါတယ်။
သူ့ဆီစာတင်ပြီး အကူအညီတောင်းသူ။ ဖုန်းဆက်ပြီး အကူအညီတောင်းသေူတွက ဦးဝီရသူ တပည့်တွေ ထင်ပြီး ဦးဝီရသူ ခိုင်းလို့ တာဝန်ပေးလို့ လုပ်ရတာပါဆိုပြီး ရှင်းလင်းပွဲလုပ်လိုက်မှ ပိုရှုတ်သွားတာပါ။
ကုလားကျော်နိုင်ကုမ္ပဏီကို လိုင်စင်ပိတ်သိမ်းအရေးယူတာက အလုပ်သမားတွေနဲ့ မဆိုင်သေးပါဘူး။ နစ်နာခဲ့တဲ့ အလုပ်သမာတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးတွေ ရအောင် ဥပဒေဘောင်အတွင်းမှ ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
အလိမ်ခံရသူတွေကို ကြည့်လိုက်ရင် မန္တလေးမှ တစ်ယောက်၊ ရန်ကုန်မှနှစ်ယောက်သာရှိပြီး ကျန်ပုဂ္ဂိုလ်များမှာ နယ်မြို့များမှ ဖြစ်နေတာကို တွေ့ရပါတယ်။
ကုလားဆိုတာက အမြဲတန်း အကောက်အကြံနေကြသူတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ရိုးသား-ရိုးအတဲ့ ရွှေမြန်မာတွေအားလုံး ကုလားတွေရဲ့ အချဉ်ဖမ်းတာ ခံရတော့တာပေါ့။
စီးပွားရေးနှင့် ပတ်သက်မိရင် စီးပွားရေးကလိမ်ကျမှုကို ခံရတော့တာပါပဲ။
ဒါကြောင့် ကင်းကင်းရှင်းရှင်း နေကြပါဗျာ။
(ဒိုင်းမွန်းရွှောကည် ပေးပို့လာသည်များကို ပူးတွဲ တင်ပြလိုက်ပါတယ်။)
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
14.9.2014 AM 10:25
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
သို့
ဆရာတော်ဘုရားကြီး ဦးဝီရသူ
အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
မစိုးရိမ်ကျောင်းတိုက်
မန္တလေးမြို့။
ရက်စွဲ-၂၀၁၄ခုနှစ် စက်တင်ဘာလ(၉)ရက်
အကြောင်းအရာ။         ။ အစ္စလာမ်ဘာသာဝင်ကုလားလူမျိုးပိုင် ကျော်ကျော်နိုင်မိသားစုနည်းပညာ ဝန်ဆောင်မှု(အောင်ချမ်းမြေ့ဆေးဝါးကျွမ်ကျင်သင်တန်း)ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီအမှတ် (၅၈/၂၀၁၃) သည် တပည့်တော်တို့ထံမှ ဂျပန်နိုင်ငံတွင် Work Visa ဖြင့် အလုပ်ရမည်ဟုဆိုကာ လိမ်လည် ယူသွားသော ငွေများပြန်လည်ရရှိရေးကို ကူညီဖြေရှင်းပေးပါရန် ရိုသေလေးစားစွာဖြင့် ရှိခိုးဦးခိုက် လျှောက် ထားအပ်ပါသည်အရှင်ဘုရား။       ။
၁။ တပည့်တော်တို့(၁၈)ဦးအဖွဲ့သည် အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ၄င်းအစ္စလာမ်ဘာသာဝင် ကုလားလူမျိုးက္ပုဏီအား (၂၁.၇.၂၀၁၄) ရက်နေ့တွင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန(နေပြည်တော်)၊ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (ရန်ကုန်)သို့ သွားရောက်တိုင်ကြားခဲ့ပါသည် အရှင်ဘုရား။ အဖွဲ့ချုပ်မှ ၄င်းအစ္စလာမ်ဘာသာဝင် ကုလားလူမျိုး ကျော်ကျော်နိုင်(၁၂/စခန(နိုင်)၀၅၆၀၇၅)အား နိုင်ငံပိုင်သတင်းစာ (ကြေးမုံ/မြန်မာ့အလင်း)တို့တွင် ဇူလိုင်လ (၂၇၊၂၉၊၃၁)ရက်များနှင့် သြဂုတ်လ(၇)ရက်တို့တွင် အဖွဲ့ချုပ်သို့ လာရောက်တွေ့ဆုံညှိနှိုင်းပါရန် အသိပေးကြော်ငြာများ ထည့်သွင်းခဲ့ပြီးဖြစ်ပါသည် အရှင်ဘုရား။ ၄င်းအစ္စလာမ်ဘာသာဝင်ကုလားလူမျိုး ကျော်ကျော်နိုင်မှာ အဖွဲ့ချုပ်သို့ လာရောက်တွေ့ဆုံခြင်း မရှိခဲ့ပါ အရှင်ဘုရား။ သို့ဖြစ်ပါ၍ (၄.၈.၂၀၁၄) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး(နေပြည်တော်)ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန(နေပြည်တော်)၊ ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့(ရန်ကုန်)နှင့် ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(နေပြည်တော်)များသို့ အသီးသီးတိုင်ကြားထားပြီးဖြစ်ပါသည်အရှင်ဘုရား။
သြဂုတ်လ(၈)ရက်နေ့တွင် မြန်မာနိုင်ငံပြည်ပအလုပ်အပိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (ရန်ကုန်) ၏ ညွှန်ကြားချက်ဖြင့် ၄င်းအစ္စလာမ်ဘာသာဝင် ကုလားလူမျိုးကျော်ကျော်နိုင်အား စမ်းချောင်းမြို့နယ်၊ အမှတ်(၁) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပါသည် အရှင်ဘုရား။ (၁၈.၈.၂၀၁၄) ရက်နေ့တွင်လည်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန(နေပြည်တော်)နှင့် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင် မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(ရန်ကုန်)သို့ ဒုတိယအကြိမ်ထပ်မံသွားရောက် တိုင်ကြားခဲ့ပါသည်အရှင်ဘုရား။ သို့ပါသော်လည်း ၄င်းတိုင်ကြားမှုများနှင့် ပတ်သက်၍ အကြောင်းထူးတစ်စုံတစ်ရာမရရှိသေးပါ အရှင်ဘုရား။
၂။ အစ္စလာမ်ဘာသာဝင် ကုလားလူမျိုးကျော်ကျော်နိုင် မိသားစု နည်းပညာဝန်ဆောင်မှုကုမ္ပဏီ ပြည်ပအလုပ် အကိုင် အကျိုးဆောင်အေဂျင်စီ လိုင်စင်အမှတ်(၅၈/၂၀၁၃)သည် နိုင်ငံတော် အစိုးရ အလုပ်သမားအလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ချပေးထားသော အေဂျင်စီဖြစ်ပါသည် အရှင်ဘုရား။ ၄င်းအေဂျင်စီမှ ဂျပန်နိုင်ငံသို့ Work Visa ဖြင့် တစ်ဦးလျှင်ကျပ်သိန်း(၁၁၀)ဖြင့် (၄၅)ရက်အတွင်း သွားရောက် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာ တပည့်တော်တို့သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ဆီသို့ လှမ်းတက်နေသည့်အချိန် ပြည်ပရင်းနှီးမြှုပ်နှံမှု အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာသည့် အလျောက် ယုံကြည်စွာနှင့် ၄င်းငွေကျပ်သိန်း(၁၁၀)ကို ပေးသွင်းခဲ့ပါသည် အရှင်ဘုရား။ ၄င်းငွေကြေး အများစုမှာ (၁၀၀)ကျပ်လျှင် (၅)ကျပ်တိုးနှုန်းထားဖြင့် ချေးငှားပေးသွင်းခဲ့ခြင်းဖြစ်ပါသည် အရှင်ဘုရား။ ၄င်းအစ္စလာမ်ဘာသာဝင်ကုလားလူမျိုးပိုင် အေဂျင်စီမှ ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးခြင်းမရှိခဲ့ပါ အရှင်ဘုရား။ တပည့်တော်တို့ထံမှ ရယူထားသော ငွေကြေးများအား (၁၁.၇.၂၀၁၄) နှင့် (၂၅.၇.၂၀၁၄)ရက်နေ့များတွင် ပြန်လည်ပေးချပါမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်ဦး(စဉ်-၇၇၆၅)နှင့်အတူ ကတိပြုချိန်းဆိုခဲ့ပါသော် လည်း ယခုအခါ ထွက်ပြေးတိမ်းရှောင်နေပါသည်အရှင်ဘုရား။ ၄င်းအစ္စလာမ်ဘာသာဝင် ကုလားလူမျိုး ကျော်ကျော်နိုင်၏ ယုတ်မာစွာဖြင့် လူမဆန်သော လုပ်ရပ်ကြောင် တပည့်တော်တို့ မိသားစုဝင်များမှာ ချေးယူထားသော ငွေကြေးအတိုးနှုန်းများဖြင့် ဒုက္ခရောက်နေရပါသည်အရှင်ဘုရား။
၃။ သို့ဖြစ်ပါ၍ ဆရာတော်ဘုရားကြီး ဦးဝီရသူ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အနေဖြင့် တပည့်တော်တို့ ပေးသွင်းထားသော ငွေကြေးများအား ပြန်လည်ရရှိရေး၊ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှု၊ ပဋိပက္ခမဖြစ်ပွားစေရေးတို့အတွက် လိုအပ်သလို ကူညီဖြေရှင်းပေးပါရန် ရိုသေလေးစားစွာဖြင့် ရှိခိုးဦးခိုက် လျှောက်ထားအပ်ပါသည်အရှင်ဘုရား။
ရိုသေလေးစားစွာဖြင့်
ကိုကိုအောင်
၉/ရမသ(နိုင်)၀၈၅၁၁၂
ဖုန်း-09.43044205
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
သို့
ဦးရွှေကြည်
ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေး သံတမန်အရာရှိ
ရန်ကုန်မြို့။
ရက်စွဲ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်။
အကြောင်းအရာ။ ။ ကျော်ကျော်နိုင်မိသားစု နည်းပညာဝန်ဆောင်မှုကုမ္ပဏီ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီလိုင်စင်အမှတ်(၅၈/၂၀၁၃၀မှ ဂျပန်နိုင်ငံတွင် Work Visa ဖြင့် အလုပ်ရမည်ဆိုကာ လိမ်လည်ယူ သွားသော ငွေများအား ပြန်လည်ရရှိရေးကို လိုအပ်သလို ကူညီဆောင်ရွက်ပေးပါရန် တင်ပြခြင်း။
၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ကျွန်တော်တို့(၁၈)ဦးမှ ငွေများအား ပြန်လည် ရရှိရေး ကိစ္စအား တင်ပြအပ်ပါသည်။ ကျော်ကျော်နိုင်မိသားစု နည်းပညာဝန်ဆောင်မှု ကုမ္ပဏီ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီလိုင်စင်အမှတ်(၅၈/၂၀၁၃) ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကျော်ကျော်နိုင် (၁၂/စခန(နိုင်)၀၅၆၀၇၅) အား နိုင်ငံပိုင် သတင်းစာ (ကြေးမုံ/မြန်မာ့အလင်း)တို့တွင် ဇူလိုင်လ (၂၇/၂၉/၃၁) ရက်များနှင့် သြဂုတ်လ(၇)ရက်တို့တွင် လာရောက် တွေ့ဆုံညှိနှိုင်းပါရန် အသိပေးကြော်ငြာများ ထည့်သွင်းခဲ့ပြီးဖြစ်ပါသည်။ (၄.၈.၂၀၁၄) ရက်နေ့တွင်လည်း နိုင်ငံတော် သမ္မတရုံး(နေပြည်တော်)၊ ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန(နေပြည်တော်)၊ ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့(ရန်ကုန်)နှင့် ညွှန်ကြားရေးမှူးချုပ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (နေပြည်တော်) များသို့ အသီးသီးတိုင်ကြားထားပြီး ဖြစ်ပါသည်။
၂။ သြဂုတ်လ(၈)ရက်နေ့တွင် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (ရန်ကုန်) ၏ ညွှန်ကြားချက်ဖြင့် ကျော်ကျော်နိုင်အား စမ်းချောင်းမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ ပါသည်။
၃။ ကျော်ကျော်နိုင်မိသားစု နည်းပညာဝန်ဆောင်မှု ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီ လိုင်စင်အမှတ်(၅၈/၂၀၁၃) သည် နိုင်ငံတော်အစိုးရ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန တရားဝင်လိုင်စင် ချပေးထားသော အေဂျင်စီဖြစ်ပါသည်။
၎။ Work Visa ဖြင့် အလုပ်ရမယ် ဝန်ဆောင်ခ ကျပ်သိန်း(၁၁၀)ကြမယ်၊ လစာလည်း သိန်း(၂၀) ကျော်ရမည်။ စာချုပ်ချုပ်ဆိုသည့်ရက်မှစ၍ (၄၅)ရက်အတွင်း သွားရောက်ရမည်ဟု ပြောခဲ့ပါတယ်။ နိုင်ငံတော်မှ ထုတ်ပေးသော ပြည်ပအလုပ်အကိုင် လိုင်စင်၊ ပြည်ပရင်းနှီးမြှုပ်နှံမှု အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာသည့်အလျောက် ယုံကြည်စွာနှင့် ၄င်းငွေကျပ် သိန်း(၁၁၀)ကို ပေးသွင်းခဲ့ပါသည်။ (၄၅)ရက် အတွင်းမှ မသွားရလျှင် သိန်း(၁၃၀)ပြန်လျော်မည်ဟု နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါသည်။ (၂၁.၂.၂၀၁၄) ရက်နေ့တွင် ပထမအရစ်ကို၎င်း၊ ဒုတိယအရစ်ကို(၈.၄.၂၀၁၄) ရက်နေ့တွင်၎င်း ဦးကျော်ကျော်နိုင်၏ လက်ဝယ်သို့ ပေးအပ်ခဲ့ပါသည်။ ၄င်းငွေများစုမှာ (၁၀၀)ကျပ်လျှင် (၅)ကျပ်အတိုးနှုန်းထားဖြင့် ချေးငှားပေးသွင်း ခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ ၄င်းအေဂျင်စီမှ ဂျပန်နိုင်ငံသို့ ပို့ဆောင်နိုင်ခြင်းမရှိသည့်အပြင် အေဂျင်စီများ လိုက်နာရမည့် စည်းကမ်းဥပဒေများကို ချိုးဖောက်ခါ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ကျွန်ုပ်တို့မှာ အလုပ်ကလည်းမရ ချေးယူထားသော ငွေောကးအတိုးနှုန်းပြန်မပေးနိုင်။ ပြန်မရွေးနိုင် ဒုက္ခရောက်နေရပါသည်။
၅။ ၄င်းတို့၏ လုပ်ရပ်သည် ကျွန်တော်တို့ မိသားစုဝင်တွေအားလုံး၏ ဘဝများနှင့် သက်ဆိုင်နေသည့် အတွက် ကျွန်တော်တို့ပေးသွင်းထားသည့် ငွေများပြန်လည်ရရှိရေး၊ ဘာသာရေးဆိုင်ရာအကြမ်းဖက်မှု ပဋိပက္ခ မဖြစ်ပွားစေရေးတို့အတွက် လိုအပ်သလို ကူညီဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
ကိုကိုအောင်
(၉/ရမသ(နိုင်)၀၈၅၁၁၂)
ဖုန်း-09.43044205












“မန်း မ.ဘ.သ စနေနေ့ ပုံမှန် အစည်းဝေးလေးပါ”

$
0
0
13.9.2014 ညနေ 5:00 မစိုးရိမ်တိုက်ကြီး၊ နိရုတ္တိနယူပဒေသကျောင်းမှာ ကျင်းပမြဲ မန်း မ.ဘ.သ ရဲ့ စနေနေ့ ပုံမှန်အစည်းအဝေးဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဦးကုသလ(ပါဠိပါရဂူ)နှင့် အမရပုရ၊ ကျောက်ဆည်-စတဲ့ နယ်မြို့များမှ သံဃာတော်များ၊ အမျိုးသား/အမျိုးသမီးများ တက်ရောက်ကြပါတယ်။

အမရပုရမြို့မှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို မူဆလင်အမျိုးသား/အမျိုးသမီးများက ဝိုင်းရိုက်မှု အပါအဝင် မ.ဘ.သ သို့ အကူအညီလာတောင်းထားသူများ အရေးကိစ္စကို ဆွေးနွေးတိုင်ပင်ခဲ့ကြ ပါတယ်။







“မြန်မာလုပ်သား ကူညီရေးကော်မတီသို့ သတင်းပေးပို့နိုင်ပါပြီ”

$
0
0
လူမျိုးခြား၊ ဘာသာခြား အိမ်တွေ ဆိုင်တွေမှာ ဆန္ဒမရှိဘဲ အလုပ်လုပ်နေရသော၊ အခက်အခဲရှိ၍ နှုတ်ထွက်ချင်နေသော အိမ်ဖော်မိန်းကလေးများ၊ စားပွဲထိုးကလေးလုပ်သားများကို တွေ့လျှင် သတင်းပေးပို့နိုင်ပါပြီ။
ဦးညိုတင်(နာယက)09.91009680
ဘကြီးအောင်(နာယက)09.402763927

ဒေါ်မိုး(ဒုဥက္ကဋ္ဌ)09.402777393

“ခိုးဝင်ဘင်္ဂါလီများကို ရဲတပ်ဖွဲ့ လိုက်ဖမ်းစဉ် ပင်လယ်အတွင်း ခုန်ချထွက်ပြေးရာ သုံးဦးသေဆုံး”

$
0
0
အောင်သစ်လွင်
ရန်ကုန်-စစ်တွေမြို့၊ ဒါးပိုင်နှင့် အုန်းတောကြီးကျေးရွာကြား၇ှိ မန်စီချောင်းဝမှတစ်ဆင့် ခိုးဝင်လာသော ဘင်္ဂါလီများကို လုံခြုံရေးရဲလိုက်ဖမ်းစဉ် ပင်လယ်တွင်း ခုန်ချ ထွက်ပြေးသောကြောင့် သုံးဦးသေဆုံးကာ ရှစ်ဦးဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၁ ရက်ညက ရခိုင်ကမ်းရိုးတန်းနှင့် ဆက်စပ်နေသည့် မန်စီချောင်းဝမှ ငါးဖမ်းလှေတစ်စီး မောင်းဝင် လာသောကြောင့် လုံခြုံရေးရပ်ဖွဲ့ဝင်များ တားဆီးစစ်ဆေးစဉ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း အမှတ်(၄) နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
“ဒီဘက်ကနေ ငါးဖမ်းထွက်တဲ့လှေတွေလည်း ရှိပါတယ်။ ဒီလှေကတော့ ခိုးဝင်လာတဲ့လှေဗျ။ အထွက်ဆိုရင် ပိုင်ရှင်ရှိရမယ်လေ။ ကျွန်တော်တို့လည်း လုံခြုံရေးကို စနစ်တကျ နေ့ရောညပါ လုပ်နေတာပါ။ ဒီကြားထဲကနေ အခုလို ဝင် ဝင်လာတော့ လိုအပ်သလို အရေးယူသွားမှာပါ” ဟု အဆိုပါရဲအရာရှိက ပြောသည်။
လုံခြုံရေးရဲများ လိုက်ဖမ်းစဉ် ပင်လယ်တွင်း ခုန်းဆင်းပြေးသွားသော ဘင်္ဂါလီသုံးဦး သေဆုံးသွားပြီး ရှစ်ဦးကို စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
ပင်လယ်ရေကြောင်းမှ တစ်ဆင့် ယခုကဲ့သို့ ခိုးဝင်လာသော ဘင်္ဂါလီများကို ဖမ်းဆီးအရေးယူမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။


“အတုမရှိဂျာနယ် နမူနာ(၄)ထွက်ပြီ”

$
0
0
ဒီတစ်ပတ် အတုမရှိဂျာနယ်မှာ အကြမ်းဖက်ဝါဒ အထူးကဏ္ဍအဖြစ် ပြည်တွင်းပြည်ပ သတင်းရော၊ ဆောင်းပါးပါ စီစဉ်ထားပါတယ်။
ဗဟို မ.ဘ.သ မန်း မ.ဘ.သ ရဲ့ ကြေညာချက်တွေလည်း ပါပါတယ်။
ဖြစ်ရပ်မှန် ဝတ္ထုတို၊ မဃဒေဝ၊ မုဒိတာရပ်ဝန်း၊ မန်း မဘသ ဆောင်ရွက်ချက်များ စုံလင်စွာဖြင့် ထွက်ရှိလာပါပြီ။
အထက်မြန်မာပြည်ကိုယ်စားလှယ်
ကိုအောင်ကျော်မိုး-09.33035527
အောက်မြန်မာပြည် ကိုယ်စားလှယ် ကိုမြင့်ဇော်-09.421071774
ကြော်ငြာတာဝန်ခံ

မဂျူးဂျူး-09.4025135113






“လားရှိုး မ.ဘ.သ ကြေညာချက်”

$
0
0
“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ပြည်နယ်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်”
“သဘောထားကြေငြာချက်(၉/၂၀၁၄”
ရက်စွဲ-၂၀၁၄ခုနှစ်၊ စက်တင်ဘာလ(၇)ရက်
၁၃၇၆ ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်(စက်တင်ဘာလ-၆ရက်၊၂၀၁၄)ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာ အပ်သော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ကြေငြာချက်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်)ရှမ်း/မြောက်၊ လားရှိုးက အပြည့်အဝထောက်ခံလိုက်သည်။ အဆိုပါ အယ်ကိုင်ဒါ အဖွဲ့၏ ကြေငြာချက်နှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်) ရှမ်း/မြောက်၊ လားရှိုး၏ သဘောထားမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ မြန်မာနိုင်ငံ၏ အနောက်တံခါး(ရခိုင်ပြည်နယ်)သာမက မြန်မာနိုင်ငံ၏ အရှေ့ဘက်တံခါး (တရုတ်ပြည်-ရွှေလီ) ဘက်မှလည်း အကြမ်းဖက်အန္တရာယ် ဝင်ရောက်လာနိုင်သည့်အတွက် ထိုဒေသရှိ မြန်မာတိုင်းရင်းသူ/ သား၊ ရဟန်း၊ ရှင်၊ လူ အပေါင်းတို့က သတိကြီးစွာဖြင့် စောင့်ကြည့်ကာ မိမိဒေသရှိ မ.ဘ.သ အဖွဲ့များနှင့် ချိတ်ဆက်ပြီး သက်ဆိုင်ရာများနှင့် ပူးပေါင်းကာကွယ်ကြရန် တိုက်တွန်းသည်။
၂။ နိုင်ငံတော်အတွက် ပြည်သူ့အတွက်ဆိုသော ပါတီအသီးသီးတို့က ယခုလို နိုင်ငံတော်လုံခြုံရေး၊ အမျိုးသား လုံခြုံရေးအတွက် ခြိမ်းခြောက်လာနေချိန်တွင် နှုတ်ဆိတ်နေကြခြင်းကို ပြင်းထန်စွာ ရှုတ်ချသည်။
၃။ ယခုလို အယ်ကိုင်ဒါ အဖွဲ့က မြန်မာနိုင်ငံကို အကြမ်းဖက်ရန် အတိအလင်း ထုတ်ဖော် ပြောဆို ခြိမ်းခြောက် လာချိန်တွင် အတိအလင်း ဝိုင်းဝန်း ကန့်ကွက် ရှုတ်ချကြသော မည်သည့်အဖွဲ့အစည်းများနှင့်မဆို တူညီသော ဆန္ဒရှိကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
အရွင္အဂုၤရ
အထွေထွေအတွင်းရေးမှူး
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
(ပြည်နယ်)လားရှိုး၊ ရှမ်း/မြောက်


သို့

$
0
0
၁။ နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှတဆင့်။
၂။ ပြည်နယ်ဝန်ကြီးချုပ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး
စစ်တွေမြို့။
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၃)ရက်
အကြောင်းအရာ။ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီများအား အမြဲတမ်းနေရာချထားရေးကိစ္စ။
လေးစားစွာဖြင့် တင်ပြတောင်းဆိုအပ်ပါသည်။
၁။ ၂၀၁၂ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် ဘင်္ဂလီများက-
(က) မောင်တောမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာ(၁၀)ရွာကို တစ်ညတည်းတွင် မီးရှို့ဖျက်ဆီးခဲ့ခြင်း၊
(ခ) မိမိတို့အား စာပေသင်ကြားပေးနေသော ကျေးဇူးရှင် ဆရာကြီးဦးချမ်းသာကို ၄င်းမှ ကျွေးမွေးစောင့်ရှောက် ထားသည့် ဘင်္ဂလီတပည့်အရင်းအချာများက ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်း။
(ဂ) မိမိတို့ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးနေသော ဆရာဝန်ဒေါက်တာခင်မောင်လတ်အား ဓါးနှင့် ထိုးသတ်ခဲ့သော်လည်း ကံကောင်းထောက်မ၍ အသက်မသေခဲ့ခြင်း။
(ဃ) မောင်တောမြို့ရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်တစ်ချို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း။
(င) အထက်ပါအကြမ်းဖက်မှုများသည် နှစ်ဦးနှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ ပေါ်ပေါက်လာရခြင်း မဟုတ်ဘဲ တစ်ဘက်သတ်စနစ်တကျ ကြိုတင်ကြံစည်၍ ကျူးလွန်မှုများသာဖြစ်ခြင်း တို့ကြောင့် ကုလား၊ ရခိုင်ပဋိပက္ခပြင်း ထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သမ္မတကြီးအနေဖြင့် သိရှိပြီးဖြစ်ပါသည်။
၂။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် သမ္မတအိမ်တော်သံတမန်ဧည့်ခန်းမ၌ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr Antonio Guterres သို့ အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
“………..သမိုင်းကြောင်းအရ ဘင်္ဂလီများဝင်ရောက်လာသည်မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး မရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ် အလုပ်အကိုင် ကောင်းမွန် သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊ မိမိတို့ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးကမွေးဖွားသူ တတိယမျိုးဆက်(Tird Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကိုလေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ်မတိုင် မီ ဘင်္ဂလများက ပေါက်ဖွားလာသူများ “နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ” စသည်ဖြင့် ရှုပ်ထွေးလာကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထားစဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ်ကြောင်း၊ “တိုင်းရင်း သားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို မည်သို့မျှ မဖြစ်နိုင်ကြောင်း” နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ်ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း…….”
၃။ အထက်ပါ သမ္မတကြီး၏ တိကျပြတ်သားသောပြောကြားချက်ကို ရခိုင်ပြည်နယ်တစ်ဝှမ်းလုံးမှ နိုင်ငံတော် အလံများလွှင့်ထူလျက် တစ်ခဲနက်ထောက်ခံကြိုဆိုခဲ့ကြပါသည်။ သို့သော်(၂)နှစ်ကျော်ကြာမြင့်လာခဲ့ပြီး ဖြစ်သော်လည်း တစ်စုံတစ်ရာ အကောင်အထည်ပေါ်လာခြင်းမရှိသေးသည့်အပြင်၊ အပြည်ပြည်ဆိုင်ရာမှ မြန်မာနိုင်ငံရှိ ဘင်္ဂလီအားလုံးကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုရန် ဖိအားပေးနေကြကြောင်း၊ ဘင်္ဂလီများက လည်း (ရိုဟင်ဂျာအမည်လိမ်ကိုအသုံးပြုပြီး)နိုင်ငံတော်၏ အာဏာကို ဖိဆန်လျက် စိန်ခေါ်အံတုနေကြကြောင်း ကြားသိနေရပါသည်။
၎။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဘင်္ဂလီ(၁.၃၃)သန်းရှိသည့်အနက် ရခိုင်ပြည်နယ်တစ်ခုတည်း၌ (၁.၀၅)သန်း ရှိနေကြောင်း၊ ပြီးခဲ့သည့် သန်းခေါင်စာရင်းကာလတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂလီ(ခြောက်ထောင်)သာ စရင်း အကောက်ခံကြကြောင်း၊ ကျန်သူများမှာ တရားမဝင်(ရိုဟင်ဂျာ)အမည်ခံလျက် စာရင်း အကောက်မခံ ဖီဆန်နေကြကြောင်း၊ ပဋိပက္ခ(၂)ကျော်ကာလအတွင်း ဒုက္ခသည်စခန်းများတွင် ဘင်္ဂလီဦးရေ(လေးသောင်းခန့်) တိုးပွားလာနေကြောင်း “လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန” ၏ စာရင်းအရသိရပါသည်။
၅။ ယခုအခါ နိုင်ငံတော်မှ Rakhine Action Plan အရ ဒုက္ခသည်စခန်းအသီးသီးရှိ ဘင်္ဂလီများကို လက်ရှိတည်ရှိနေသော ရွာများသို့ ခွဲဝေဖြန့်ချထားပြီး ကိုယ်တိုင်လုပ်ကိုင်စားသောက်ရန် အခွင့်အလမ်းများ ဖန်တီးပေးမည်။ တစ်ပြိုင်နက်တည်းတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စီစစ်ခြင်းလုပ်ငန်းကို ဆောင်ရွက် မည်ဟု ပြောဆိုမှုများရှိလာပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီလူဦးရေ ဆယ်သိန်းငါးသောင်းကို နိုင်ငံသား စီစစ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ နှစ်ပေါင်းများစွာကြာမြင့်မည့် အခြေအနေရှိကြောင်း တွေ့မြင်နေရ ပါသည်။ ထိုသို့ စီစစ်နေစဉ် ကာလအတွင်း လက်ရှိ ဘင်္ဂလီများ၏ လူဦးရေအရ ဝါးမျိုမှုကို မလွဲမသွေ ခံရတော့မည့် အန္တရာယ်ရှိနေပါသည်။ ထို့ပြင် ရိုဟင်ဂျာအမည်ခံခိုးဝင်လာသူများကို တစ်စုံတစ်ရာ စစ်ဆေး သတ်မှတ်ခြင်းမပြုဘဲ လက်ရှိ ဘင်္ဂလီကျေးရွာများသို့ ခွဲဝေဖြန့်ချထားမည်ဆိုသည့် အစီအစဉ်သည် သမ္မတကြီး ဦးစွာမိန့်ကြားခဲ့သည့်မူနှင့်လည်း (လုံးဝ) ဆန့်ကျင်နေကြောင်းတွေ့ရှိရပါသည်။ ဤအစီအစဉ်အတိုင်းသာ ဆောင်ရွက်မည်ဆိုပါက ကျွန်တော်တို့၏ ရခိုင်ဒေသတွင် များမကြာမီကာလအတွင်း ပိုမိုဆိုးရွားပြင်းထန်သည့် ပဋိပက္ခများ ထပ်မံပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင့်ကြဖြစ်နေကြရပါသည်။
ထို့ကြောင့် ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားများအနေဖြင့် ရိုဟင်ဂျာအမည်ခံ ခိုးဝင်လာသူများကို တစ်စုံတစ်ရာ စစ်ဆေးသတ်မှတ်ခြင်းမပြုဘဲ လက်ရှိ ဘင်္ဂလီကျေးရွာများသို့ ခွဲဖြန့်ချထားမည်၊ နေအိမ်ဆောက်လုပ်ပေးမည်၊ လုပ်ကိုင်စားသောက်ရန် အခွင့်အလမ်းများ ဖန်တီးပေးမည်ဆိုသည့်အချက်ကို လုံးဝသဘောမတူ ကန့်ကွက် ပါကြောင်း အလေးအနက် တင်ပြအပ်ပါသည်။ ထို့ပြင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီများကို ရောနှော၍ နေရာချထားပေးမည်ဆိုလျှင်လည်း ချက်ချင်းမီးထတောက်နိုင်သော အခြေအနေတွင်ရှိကြောင်း တင်ပြလို ပါသည်။
၆။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားများအနေဖြင့် ဘင်္ဂလီများကို နေရာချထားရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါရန် တောင်းဆိုတင်ပြအပ်ပါသည်။ ထိုသို့နေရာချထားရာတွင် ဒုက္ခသည်စခန်းများအတွက် မျှသာ မဟုတ်ဘဲ ရခိုင်ပြည်နယ်တစ်ခုလုံးရှိ ဘင်္ဂလီများနှင့် သက်ဆိုင်ပါသည်။
(က) ၁။ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီများ(ဒုက္ခသည်စခန်းများနှင့် မြို့ပြကျေးရွာများအပါအဝင်)ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ စီစစ်လျက်နိုင်ငံသား ရခွင့်ရှိသူများကိုသာ ရွာများတည်ထောင်ပေးပြီး၊ ဥပဒေနှင့် ညီညွတ်သော နိုင်ငံသားအခွင့်အရေးများကိုပေးပါရန်၊ ဘင်္ဂလီများကို ရွာများတည်ထောင်ပေးရာ၌ မိမိဌာနေ တိုင်းရင်းသားများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားပေးပါရန်။
နိုင်ငံသား ရခွင့်မရှိသူများ၊ ရိုဟင်ဂျာအမည်ခံ ခိုးဝင်လာသူများကို နိုင်ငံတော်တည်ငြိမ်ရေးကို မထိခိုက်စေရေး အတွက် လုံခြုံရေးအစောင့်အကြပ်များဖြင့် သင့်တော်သည့်နေရာများ၌ ထိန်းသိမ်းရေးစခန်းများ Detention Centers တည်ထောင်ထိန်းသိမ်းထားပါရန်။ ထိုထိန်းသိမ်းခံများကို UNHCR ကကျွေးမွေးရန်၊ တတိယနိုင်ငံမှ လက်ခံပါက ပို့ပေးရန်။
(သို့မဟုတ်)
၂။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေအရ စီစစ်မည့်အချိန်ကြာမြင့်မည်ဆိုပါက လောလောဆယ် စာရွက်စာတမ်း အမှတ်အသားတစ်စုံတစ်ရာ(နိုင်ငံသားစီစစ်ရေးကတ်၊ အမျိုးသားမှတ်ပုံတင်ကတ်၊ အဖြူကတ်၊ အိမ်ထောင်စုစာ ရင်း စသည့်) ပြသနိုင်သူများကို လက်ရှိနေရာများ(ကျေးရွာများ၊ စခန်းများ)၌ ယာယီထားရှိပြီး၊ စာရွက်စာတမ်း အမှတ်အသားတစ်စုံတစ်ရာမရှိသူများ၊ ရိုဟင်ဂျာအမည်ခံ ခိုးဝင်လာသူများကို ထိန်းသိမ်းရေးစခန်းများ ဖွင့်လှစ်ထားရှိရန်၊ စာရွက်စာတမ်းအမှတ်အသား တစ်စုံတစ်ရာရှိသူများကို ၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေအရ ဆက်လက်စိစစ်ပြီး နိုင်ငံသားမရထိုက်သူများကို နိုင်ငံတော်တည်ငြိမ်ရေးကို မထိခိုက်စေရေးအတွက် ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ရန်။
(ခ) အထက်အပိုဒ်ငယ်(က)(၁)နှင့်(၂)ပါ ထိန်းသိမ်းရေးစခန်းများကို ပြည်ထောင်စုနယ်မြေအတွင်း ရှိသင့်သော နေရာများ၌ တည်ထောင်ဖွင့်လှစ်ပေးပါရန်။
(၃၁-၈-၂၀၁၄ နေ့ ပြုလုပ်သော စစ်တွေမြို့ရှိ ရခိုင်လူမှုအဖွဲ့အစည်းများ၏ တွေ့ဆုံဆွေးနွေးဆုံးဖြတ်ချက် အရ ဤတောင်းဆိုချက်ကို ပေးပို့ခြင်းဖြစ်ပါသည်။)
(က) စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များ၊ စစ်တွေမြို့။
(ခ) အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့။
(ဂ) မြို့မိမြို့ဖများအဖွဲ့၊ စစ်တွေမြို့။
(ဃ) လူမှုရေးအသင်းအဖွဲ့များ၊ စစ်တွေမြို့။
မိတ္တူကို
(၁)ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ(၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နေပြည်တော်။
(၂) ဦးဉာဏ်ထွန်း၊ ဒုတိယသမ္မတ(၂)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နေပြည်တော်။
(၃) နာယက၊ ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။
(၄) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်။
(၅) ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်၊ နေပြည်တော်။
(၆) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နေပြည်တော်။
(၇) ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်။
(၈) ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်။
(၉) ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်။
(၁၀) ပြည်ထောင်စုဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်။
ဖြန့်ဝေခြင်း
-အမျိုးသားနိုင်ငံရေးပါတီများ
-ရခိုင်လူမှုအဖွဲ့အစည်းများ(အခြားမြို့နယ်များ)

Viewing all 2129 articles
Browse latest View live